<div style='background-color: none transparent;'></div>

Home » » အမေ့ မှာတမ်း ========

အမေ့ မှာတမ်း ========




"သားရေ....ဆင်းရဲသည်ဖြစ်စေ၊
ချမ်းသာသည်ဖြစ်စေ မိဘတိုင်း သားသမီးများကို အမွေပေးခဲ့ကြသူများချည်း
ဖြစ်သည်။ အဖေ၊ အမေထံမှ ပစ္စည်းဥစ္စာ၊ ဓနကြေးငွေ၊ ပညာ စသည်တို့ကို ရရှိမှသာအမွေရသည်ဟု သားသမီးများက ထင်တတ်ကြပါသည်။ တကယ်တော့
.
၎င်းပစ္စည်းများတန်ဖိုးနှင့် တုနှိုင်းယှဉ်လို့ မရနိုင်အောင်ပင်
... အဖိုးအနဂ္ဃထာဝရ မြင့်နေသော အမွေကို ကမ္ဘာပေါ်ရှိ သားသမီးတိုင်း ၎င်းတို့၏ မိဘအသီးသီးထံမှ ရရှိကြသည်သာ။ ထိုအမွေကား အသက် ဟူသော အမွေတည်းဆိုတာ..ငါ့သားသိဖို့ လိုမယ်။
"၀မ်းနဲ့လွယ်မွေးခဲ့ရတဲ့ မိခင်တိုင်းရဲ့ ကာယီကဒုက္ခနဲ့ စေတသိက ဒုက္ခတွေကို မျက်လုံးအစား နှလုံးသားနဲ့
ခံစားကြည့်၊ မိခင်တိုင်းရဲ့ စေတနာ၊ မေတ္တာ၊ ဂရုဏာစွမ်းအင်ကြီးမားပုံကိုလဲ
မြင်အောင် လေးလေးနက်နက်တွေး၊ ဒါမှ အမေရဲ့ တန်ဖိုးကို သိလိမ့်မယ်၊
တန်ဖိုးသိမှ ကျေးဇူးကို နားလည်မယ် ငါ့သား"

'ငါ့သား လုပ်ငန်းတစ်ခုကိုဆောင်ရွက်တဲ့အခါ ထားရှိတဲ့ စေတနာဟာ သိပ်အရေးကြီးတယ်၊ စေတနာ သန့်ရင် သန့်သလို၊ မဲ့ရင် မဲ့သလို၊ ယုတ်ရင် ယုတ်သလိုအကျိုးပေးတယ်၊ ငါ့သား
ကိုယ်လုပ်တဲ့ လုပ်ငန်းအပေါ်မှာ စေတနာသန့်ဖို့ကို အဓိကထား၊ ချမ်းသာချင်ရင်...စေတနာမမဲ့ရဘူး"



ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်
 
 
 
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map