Home »
သတင်း
» ဆန်ဖရန်စစ္စကိုမြို့ရှိ ရတနာကုန်တိုက်တွင် ပစ်ခတ်မှု ဖြစ်ပွားသောကြောင့် မြန်မာတစ်ဦး အပါအ၀င် နှစ်ဦးသေဆုံး
ဆန်ဖရန်စစ္စကိုမြို့ရှိ ရတနာကုန်တိုက်တွင် ပစ်ခတ်မှု ဖြစ်ပွားသောကြောင့် မြန်မာတစ်ဦး အပါအ၀င် နှစ်ဦးသေဆုံး

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ရှိ ရတနာကုန်တိုက် တစ်ခုတွင်
သေနတ်သမားတစ်ဦးက လက်နက်ကိုင် အကြမ်းဖက်ခဲ့မှုကြောင့် အမျိုးသမီးနှစ်ဦး
သေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာ ရရှိသည်။ ယင်းဖြစ်ရပ်မှာ
ဆန်ဖရန်စစ္စကိုမြို့ ရတနာဆိုင် တွင် ဇူလိုင် ၁၂ ရက်နေ့က ဖြစ်ပွားခဲ့ခြင်း
ဖြစ်ပြီး အသက် ၂၃နှစ်အရွယ် ဘယ်ရီဝိုက်ဆိုသူ၏ လက်ချက်ဖြင့် ဆိုင်ဝန်ထမ်း
အမျိုးသမီး နှစ်ဦး ဖြစ်သော မြန်မာနိုင်ငံသား မခင်မင်း (၃၅ နှစ်) နှင့်
လီနာလင်း (၅၁ နှစ်) တို့ သေဆုံးခဲ့ရသည်။ ထို့ပြင် ဆိုင်ပိုင်ရှင်
အမျိုးသားမှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံတွင် အရေးပေါ်လူနာ အဖြစ်
ဆေးကုသမှု ခံယူလျှက် ရှိသည်။ အ၀တ်အစားပေါ်တွင် သွေးများပေလျက် ထွက်လာသူကို
အစပိုင်းတွင် ရဲများက လူသတ်သမားမှန်း မသိခဲ့ကြဘဲ ၄င်းက သေနတ်ဖြင့်
ပစ်ခတ်မှသာလျှင် သိရှိခဲ့ကြခြင်းဖြစ်သည်။ ယင်းသေနတ်သမားသည် ရဲများကို
အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပြီး ကျည်ကုန်မှသာ သေနတ်ကို လွှင့်ပစ်၍
အဖမ်းခံခဲ့ခြင်း ဖြစ်သည်။ သို့သော် ရဲများကမူ ဘေးပတ်ဝန်းကျင်တွင် လူသွားလူလာ ထူထပ်နေမှုကြောင့် ပြန်လည် ပစ်ခတ်ခဲ့ခြင်း မရှိဟု သိရသည်။
သေဆုံးသူ အမျိုးသမီးနှစ်ဦးထဲမှ တစ်ဦးမှာ သေနတ်ဖြင့် ပစ်သတ်ခံရခြင်း
ဖြစ်ပြီး တစ်ဦးမှာ ဓားထိုးခံခဲ့ရခြင်း ဖြစ်သည်။ ၄င်းသေနတ်သမားကို
လူသတ်မှုနှစ်မှု၊ လူသတ်ရန် ကြိုးပမ်းမှု ခုနှစ်မှုတို့ တရားစွဲဆိုမည်
ဖြစ်ကြောင်း ဇူလိုင်လ ၁၄ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ ပြောဆိုခဲ့သည်။
အခင်းဖြစ်ပွားရာနေရာတွင် ရဲများက ရိုင်ဖယ်တစ်လက်နှင့် ဓားတစ်ချောင်း
သိမ်းဆည်းရမိခဲ့ပြီး ၄င်းသည် တစ်ဦးတည်း ကြံစည်ခဲ့ခြင်း ဖြစ်သည်ဟု
ယုံကြည်နိုင်ဖွယ်ရာ ရှိသည်။ ၄င်းသေနတ်သမားသည် တိုက်ခိုက်မှု မဖြစ်ပွားမီ
ယင်းရတနာဆိုင်တွင် လာရောက် ၀ယ်ယူဖူးကြောင်းလည်း ရဲများက ပြောဆိုခဲ့ကြသည်။
ထို့ပြင် ၄င်းရတနာကုန်တိုက်သည် လူအများ လွတ်လပ်စွာ ၀င်ထွက်ဝယ်ယူနိုင်သော
ကုန်တိုက်တစ်ခုမဟုတ်ဘဲ နိုင်ငံသားကတ်ဖြင့် ကြိုတင် စာရင်းပေးသွင်းပြီးမှသာ
ဝယ်ယူခွင့်ရှိသော ကုန်တိုက်ဖြစ်သည်။
အေးချမ်းမွန်
0 comments:
Post a Comment