Pages

Facebook ပေါ်က မှုခင်းအား ရဲတပ်ဖွဲ့မှ အရေးယူ


အိမ်ပေါ်တက်၍ ထိုးကြိတ်ရိုက်နှက်သူများအား ရဲတပ်ဖွဲ့မှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်
===============================================
၁၈-၅-၂ဝ၁၃ ရက်နေ့ ၁၉၃၂ အချိန် ‘‘ရေကြည်ဦးရဲကင်းစခန်းအပိုင် အမှတ်(၁၂)ရပ်ကွက်၊ ရေကြည် ဦး(၁၃)လမ်းတွင်နေထိုင်သော ဒေါ်မြင့်မြင့်စန်း (ဘ)ဦးအောင်မောင်း နေအိမ်ပေါ်သို့ တစ်လမ်း တည်းနေ ကျော်ကြီး(ခ)ကျော်စိုးမိုး၊ ၎င်း၏မိခင် ဒေါ်သင်းသင်း၊ အဒေါ်ဖြစ်သူ ဒေါ်ကာနယ်နှင့် ဇနီး မခိုင်မာဝင်းတို့မှ တက်ရောက် ၍ အကြိမ် ပေါင်းများစွာရိုက်နှက်သဖြင့် မမာမာဦးမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာဖြင့် သတိ လစ်၍ ဆေးရုံတင်ပို့ခဲ့ရကြောင်း၊ ၎င်းတရားခံများမှာ အကြိမ်ပေါင်းများစွာရိုက်နှက် သော်လည်း တရား ဥပဒေ အရ ထိရောက်စွာအရေးယူမှုမရှိကြောင်း၊ ကျော်ကြီးမှာ ရိုက်မှုအပါအဝင် အခြားအ မှုပေါင်း (၁၅) မှုလောက် ကျူးလွန်ထားသူဖြစ်ကြောင်း’’ဖြင့် Facebook စာမျက်နှာပေါ်တွင် ဖော်ပြ ထားပါသည်။
အဆိုပါဖော်ပြချက်နှင့်ပတ်သက်၍စိစစ်ခဲ့ရာ ဖြစ်စဉ်မှာ ၁၇-၅-၂ဝ၁၃ ရက်နေ့ ၁၇၃ဝ အချိန် ဒေါ်မြင့်မြင့်စန်း၏ သားမက်ဖြစ်သူ ဟန်ဇော်နှင့် ကျော်ကြီး(ခ)ကျော်စိုးမိုးတို့ ၂ ဦးမှာ ရေကြည်ဦး(၁၁) လမ်းရှိ လိုင်စင်ရအရက်ဆိုင်၌ အရက်သောက်စားပြီး နေအိမ်သို့ပြန်လာစဉ် လမ်းတွင် ဟန်ဇော်၏ဇနီး မယုယုခိုင်နှင့်တွေ့ ရှိပြီး မယုယုခိုင်မှ ဟန်ဇော်နှင့် ကျော်ကြီး(ခ)ကျော်စိုးမိုးတို့အားဆဲဆိုရာ ကျော်ကြီးမှ ပြန်လည် ဆဲဆိုသဖြင့် ဟန်ဇော်နှင့်ကျော်ကြီးတို့ စကားများရန်ဖြစ်ကြကြောင်း၊ ကျော်ကြီးမှ ဟန်ဇော်အား လက်သီးနှင့် ထိုးသဖြင့် ဟန်ဇော်မှ အနီးရှိ ယောက္ခမဖြစ်သူ ဒေါ်မြင့်မြင့်စန်း၏နေအိမ်ပေါ်သို့တက်ပြေးစဉ် ကျော်ကြီးမှာ အိမ်ပေါ်သို့တက်လိုက်သွားခဲ့ကြောင်း၊ အိမ်ပေါ်ရှိ မိသားစုများမှ ဝိုင်းဝန်းဖြန်ဖြေပေးသဖြင့် ကျော်ကြီး မှာ နေအိမ်ပေါ်မှပြန်ဆင်းသွားခဲ့ကြောင်း၊ နေအိမ်ခြံဝင်းအတွင်းရောက်ရှိစဉ် ကျော်ကြီး၏ မိခင်ဖြစ် သူ ဒေါ်သင်းသင်းနှင့် ဇနီးဖြစ်သူ မခိုင်မာဝင်းတို့ရောက်ရှိလာပြီး ဒေါ်မြင့်မြင့်စန်းတို့မိသားစု များနှင့် ဆက်လက်စကားများရန်ဖြစ်ကြကြောင်း၊ ထိုစဉ် ကျော်ကြီးမှ ဒေါ်မြင့်မြင့်စန်းအား သစ်သားတုတ်နှင့် ရိုက် သဖြင့် ဒေါ်မြင့်မြင့်စန်း၏ဦးခေါင်း၊ ဝဲလက်ကောက်ဝတ်နှင့် ယာဒူးခေါင်းတို့တွင် ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဒေါ်သင်းသင်းနှင့် မခိုင်မာဝင်းတို့မှ မမာမာဦးအား ဆံပင်ဆွဲ၍ အုတ်ခဲနှင့်ထုရိုက်သဖြင့် မမာမာ ဦး တွင် နဖူးပေါက်ပြဲဒဏ်ရာနှင့် ဖူးယောင်နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဒေါ်မြင့်မြင့်စန်းမှ အရေး ယူပေးရန်တိုင်တန်းသဖြင့် အသည်ကြီးရဲစခန်း(ပ)၉ဝ/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၄၅၁/၃၅၄/၃၂၅ ဖြင့် အမှု ဖွင့် အရေးယူထားရှိကြောင်းနှင့် ပြစ်မှုကျူးလွန်သူများမှာ နာကျင်စေမှု၊ လက်ရောက်မှု၊ မတရား တားဆီးမှု ကိုကျူး လွန်ရန်ပြင်ဆင်၍ အိမ်ကျော်နင်းမှုကျော်နင်းကြောင်း စိစစ်တွေ့ရှိချက်အရ ပြစ်မှုပုဒ်မ ၄၅၂/၃၅၄/ ၃၂၅ သို့ ပြောင်းလဲပြီး ကျော်ကြီး(ခ)ကျော်စိုးမိုး ပါ ၃ ဦးအား ချုပ်ရီမန်ရယူ၍ ပုသိမ် အကျဉ်းထောင် အချုပ် သို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ 
ထို့ပြင် ကျော်ကြီး(ခ)ကျော်စိုးမိုးမှာ ရပ်ကွက်အတွင်း မကြာခဏ အရက်သေစာ သောက်စား မူးယစ် ရမ်း ကားသဖြင့် ပုသိမ်မြို့၊ အမှတ်(၁၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် (၃)ကြိမ်တိုင်တိုင် ခံဝန်ချုပ် ချုပ်ဆို ထား သူဖြစ်ပြီး ယခင်ကလည်း အသည်ကြီး ရဲစခန်း (ပ)၂၄၉/၂ဝ၁၂၊ ပြစ်မှုပုဒ်မ ၂၉၃/၃၂၃ ဖြင့် အမှုဖွင့်အရေး ယူခြင်းခံရကာ ယခုတစ်ကြိမ်တွင်လည်း ထပ်မံအရေးယူခဲ့ရခြင်းတို့ကြောင့် ၎င်းအား ပြင်ပတွင်လွတ်လပ်စွာ ထားရှိ က ရပ်ရွာအေးချမ်းသာယာ ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်သဖြင့် မြို့နယ်အုပ် ချုပ်ရေး မှူး၏ တရားစွဲဆိုခွင့်ပြုမိန့်ဖြင့် အသည်ကြီးရဲစခန်း(ပ)၉၂/၂ဝ၁၃၊ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)ဖြင့် ထပ်မံအမှုဖွင့်အရေးယူ ထားကြောင်း အမှုဖြစ်စဉ်မှန်အား ဖော်ပြအပ်ပါသည်။
http://myanmarpoliceforce.org/index.php?option=com_content&view=article&id=517%3A2013-05-22-11-54-05&catid=109%3A2012-10-19-08-26-08&Itemid=762 တွင်ဖော်ပြထားရှိပါသည်။
 
oppositeyes

No comments:

Post a Comment