<div style='background-color: none transparent;'></div>

Home » » ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ကိုရီးယားရုပ်ရှင် မင်းသားဂျူမုံဧပြီ၂၃မှာလာမည်

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ကိုရီးယားရုပ်ရှင် မင်းသားဂျူမုံဧပြီ၂၃မှာလာမည်



ဧပြီလ၆ရက်၊ နေ့ခင် ၁နာရီကဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ ရုံးခန်း၌ပြုလုပ်သည့်အစည်းအဝေးမှ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားဖြစ်မြောက်ရေးအဖွဲ့နှင့်ကိုရီးယားရုပ်ရှင် မင်းသားဂျူမုံတို့ မှဧပြီ၂၃မှာ တွေ့ဆုံရန်ရှိကြောင်းကို ထုတ်ပြန်ပါသည်။
ယင်းအစည်းအဝေး၏ထုတ်ပြန်ချက်များတွင် ဒေါ်အောင်ဆန်းစုကြည်၏
ဖိတ်ကြားချက်အရ ကိုရီးယားမှလာ ရောက် မည့်မင်းသားဂျူမုံနှင့်

ဒါရိုက်တာတို့ထံမှဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးအကြံဉာဏ်များရယူနိုင်ရန်တွေ့ဆုံဖို့ရှိကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင်ဇာတ်ကားအတွက်ဇာတ်ညွှန်းလုံးဝပြီးစီးသွားပြီ
ဖြစ်ကြောင်း၊ ဇာတ်ညွှန်းကို နောက်ဆုံးအဆင့် ပြင်ဆင်တည်းဖြတ်ပြီး ပါက လုပ်ဆောင်ရမည့် အခန်းကဏ္ဍကို တစ်ခုပြီးတစ်ခုစတင်တော့မှာ ဖြစ်ကြောင်း၊ဗိုလ်ချုပ်နှင့်ဒေါ်ခင်ကြည်နေရာ
အတွက်သရုပ်ဆောင်များကို မေလဆန်းမှာစကားပြောနှင့်အမူအရာကို
သင်ပေးမည်ဖြစ် ကြောင်းကိုဇော်သက်ထွေးက
ထုတ်ပြန်ပြောကြားပေးပါသည်။
ထူးထူး
 popularmyanmarjournal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map