Pages

Justin Bieber နှင့် သူ၏မိခင် Pattie Mallette ရုပ်သံတွေ့ဆုံခန်းတွင် ဂရမ်မီဆုရွေးချယ်ရေးအဖွဲ့ကို ဝေဖန်

               ဂရမ်မီဂီတထူးချွန်ဆုပေးပွဲတင်ဆက်သည့် Recording Academy သည် သားဖြစ်သူ Justin Bieber ကို ယခုနှစ် ဆင်ကာတင်စာရင်းတွင် ချန်လှပ်ထားခဲ့ခြင်းဖြင့် ပစ်ပယ်လိုက်ခဲ့ခြင်းဖြစ်သည်ဟု  Justin Bieber  ၏ မိခင်ဖြစ်သူ Pattie Mallette က Fuse ရုပ်သံတွေ့ဆုံခန်းတွင်  ထုတ်ဖေါ်ပြောကြားလိုက်သည်။Pattie Mallette က "ကိုယ့်သားဖက်နည်းနည်းတော့လိုက်ပြောရမှာပေါ့ ။ သားက မကြာခင်ကဘဲ ရောင်းအားအကောင်းဆုံး နံပါတ် တစ် စွဲတဲ့ငါးခုမြောက်အယ်လ်ဘမ်ရတယ်လို့ သိရပါတယ်။ အဲဒါကြောင့်သူ့ဂီတတွေက စကားပြောလာတာလို့ပဲယူဆပါတယ်" ဟု ဆိုသည်။
      ဂရမ်မီဆန်ခါတင်စာရင်းတွင် မပါဝင်နိုင်ခြင်းမှာ စိတ်ပျက်ဖွယ်ဖြစ်သည်ဟု ဆိုသော်လည်း ထိုသော မပါဝင်ခြင်းကပင် နောက်ထပ် မျှော်မှန်းချက်တစ်ရပ်ကို ထပ်မံကြိုးပမ်းဆောင်ရွက်ရန်
တွန်းအားတရပ်ပေးသည့်နှယ်ဖြစ်ရာ တစ်နည်းအားဖြင့်ဆိုသော် ကောင်းသည်ဟု ပင်ယူဆနိုင်ကြောင်း Pattie Mallette က ပြောကြားခဲ့သည်။ Bieber ၏ Believe Acoustic  အမည်ရ အယ်လ်ဘမ်သစ်သည် Billboard ထိပ်တန်းတွင် နံပါတ်တစ်စွဲခဲ့သည့် အယ်လ်ဘမ်ဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် Justin Bieber ၏ ပဉ္စမမြောက် နံပါတ် တစ် ရ အယ်လ်ဘမ်လည်းဖြစ်သည်။ ထို့အပြင် Bieber သည် အယ်လ်ဘမ်ပါ သီချင်းတိုင်းကို ကိုယ်တိုင်ရေးသားထုတ်လုပ်ခဲ့သူလည်းဖြစ်သည်။ ဂရမ်မီဆန်ခါတင်စာရင်းတွင် မပါဝင်နိုင်ခဲ့ခြင်းအတွက် Justin Bieber ကိုယ်တိုင်ကလည်း စိတ်ပျက်လက်ပျက်ဖြင့် ပြောကြားခဲ့သည်။ NBC ရုပ်သံ က ဖေဖေါ်ဝါရီ ၉ ရက်တွင် ထုတ်လုပ်မည့် Saturday Night Live အစီအစဉ်တွင် Bieber  နှင့် သူ၏မိခင် Pattie Mallette တို့ပါဝင်တင်ဆက်ပေးမည်ဖြစ်ရာ ဂရမ်မီအကြိုညတွင် ရိုက်ကူးမည့်အဆိုပါ အစီအစဉ်အတွက် နှစ်ယောက်စလုံး စိတ်လှုပ်ရှားနေမိကြောင်း Pattie Mallette ကပြောကြားခဲ့သည်။

Myanmar Daily News

No comments:

Post a Comment