Pages

အောင်မြင်မှုရေရှည် တည်တံ့ဖို့ အရည်အချင်းက အဓိကပဲလို့ဆိုသူ အိန္ဒြာကျော်ဇင်

၂ဝ၁၂ ခုနှစ်မှာ သမီးလေး မွေးပြီးကတည်းက အနုပညာ အလုပ်နဲ့ မိသားစုအလုပ်ကို အချိန်မျှပြီး လုပ်ဖြစ်ကြောင်း ပြောတဲ့ အိန္ဒြာကျော်ဇင်က "အစ်မက ၂ဝ၁၃ မှာ ဘယ်နှကား ရိုက်မယ် ဆိုပြီး ကြိုလုပ်ထား တာ မရှိဘူး။ ၂ဝ၁၂မှာ တစ်လကို နှစ်ကားနှုန်းနဲ့ ရိုက်ခဲ့ တယ်။ အခု ၂ဝ၁၃ မှာလည်း အစည်းအရုံး ကလည်း တစ်လသုံးကား ရိုက်ရမယ်ဆိုပြီး သတ်မှတ်ထားတယ်။ ၂ဝ၁၃ ခုနှစ်မှာ အစ်မကို လာအပ်ထားတဲ့ ကားတွေကို ပုံမှန်လေးတော့ ရိုက်သွားမှာပါ”လို့ ပြော ပါတယ်။သမီးလေးရပြီး နောက်ပိုင်း မှာလည်း အောင် မြင်မှုကို ဆက်လက်ပိုင်ဆိုင် ထားနိုင်တဲ့ အိန္ဒြာကျော်ဇင်က” ....

ကိုယ်လုပ်လိုက်တဲ့ အလုပ်မှန်သမျှ၊ အရာမှန်သမျှကို ပရိသတ်တွေဆီကို ကောင်းကောင်းလေး ပဲပေးချင် တယ်။ စေတနာ ထားပြီးတော့ ပရိသတ်တွေ အတွက် ပေးဆပ်ချင်တယ်။ အဲဒီလိုမျိုးစိတ်နဲ့ပဲ ကိုယ်လုပ်တဲ့ အလုပ်တွေကို အကောင်းဆုံး ကြိုးစားတယ်။ အဲဒီ အပေါ်မှာ အဲဒီလိုမျိုး စိတ်ထားတဲ့ အတွက် ဒီလိုမျိုး Effect ပြန်ရတယ်။ အရည်အချင်းက အဓိကပါပဲ။ အရည်အချင်း ဆိုတာလည်း Automatic ဖြစ်လာတာ မဟုတ်ဘူးလေ။ ကြိုးစားရမယ်၊လေ့လာရမယ်။ ကိုယ်လုပ်တဲ့ အရာမှန်သမျှကို အကောင်းဆုံး ပေးဆပ်ရမယ်။ အစ်မကတော့ အနုပညာ အလုပ်စလုပ် ကတည်းက အနုပညာကို ချစ်တယ်။ ဒီအလုပ် အပေါ်မှာ တန်ဖိုးထားတယ်။ အလုပ်နဲ့ ပတ်သက်ပြီးတော့ အမြဲတမ်း အကောင်းဆုံး ကြိုးစားပြီး လုပ်တယ်” လို့ ပြောပါတယ်။ ၂ဝ၁၃ ခုနှစ်မှာ ရုပ်ရှင် ကားကြီးတွေလည်း ရိုက်ကူးဖို့ ရှိကြောင်း အိန္ဒြာကျော်ဇင်က ပြောပါတယ်။
Popular News

No comments:

Post a Comment