Pages

လူငယ်တွေ ဘာသာရေးက ငါတို့နဲ့မဆိုင်သေးဘူးဆိုတဲ့ အတွေးကိုဖျောက်ပါဆိုတဲ့ အကယ်ဒမီထွန်းအိန္ဒြာဗို

ဘာသာရေးလုပ်တဲ့အတွက် ပြောင်းလဲသွားတာတွေ အများကြီးရှိတယ်။ ငယ်ငယ်တုန်းက ငယ်တဲ့အလျောက် သည်းခံနိုင်စွမ်းတွေ နည်းတာလည်းပါတယ်။ ဘာသာရေးကို သေသေချာချာ ထဲထဲဝင်ဝင် မလုပ်ဖြစ်သေးတော့ ငါ့မှဖြစ်ရလေခြင်း၊ ငါ့မှလုပ်ရက်လေခြင်းဆိုတဲ့ စိတ်ကဖြစ်မိတယ်။ အသက်အရွယ်ရလာတာကတစ်ပိုင်း၊ ဘာသာရေးကိုလည်း လုပ်ပါများလာတော့ အရာရာဟာ ကံနဲ့ ကံရဲ့အကြောင်းအကျိုး ဆက်စပ်နေတယ်ဆိုတာကို လက်ခံနိုင်စွမ်း ရှိသွားတယ်။
အဲဒီအခါကျတော့ အရာရာဟာ အကြောင်းမရှိဘဲ အကျိုးမဖြစ်ဘူး။ အခုဖြစ်နေတဲ့အကျိုးဟာ သက်ဆိုင်ရာ အကြောင်းရှိတယ်ဆိုတာကို သေသေချာချာလက်ခံနိုင်ပြီး ငါ့မှဖြစ်ရလေခြင်း မဟုတ်တော့ဘဲနဲ့ ငါဖြစ်သင့်လို့ဖြစ်တယ်ဆိုတာကို လက်ခံနိုင်သွားတယ်။ လက်ခံနိုင်စွမ်းက သိပ်အရေးကြီးတယ်။ ဖြစ်သမျှအားလုံးကို လက်ခံနိုင်စွမ်းရှိတာက စိတ်ကို အရမ်းအေးချမ်းစေတယ်။ ဘာသာရေးလုပ်ပါများလာတော့ ဘယ်အရာမှမမြဲဘူး ဆိုတာကို သေသေချာချာ နားလည်သဘောပေါက်သွားတော့ အရာရာကို စိတ်အလိုလိုက်ပြီး ခံစားမနေတော့ဘူး။
Eternal Light Magazine

No comments:

Post a Comment