<div style='background-color: none transparent;'></div>

Home » » "ဦးကျာ်သူ ရုပ်ရှင်ပြန်ရိုက်တော့မည်"

"ဦးကျာ်သူ ရုပ်ရှင်ပြန်ရိုက်တော့မည်"

၎.၁.၂၀၁၃ လွတ်လပ်ရေးနေ့ နေ့လည် (၂း၃၀) နာရီအချိန်၌ ရွှေစင်စင်္ကြာမော်တော်ယာဉ်အဖွဲ့မှ ပိုင်ရှင် ဦးမိုးနိုင်နှင့် မန်နေဂျာ ကိုကျော်မိုး အပါအဝင် ဝန်ထမ်းများသည် နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ ရောက်ရှိလာကြပြီး အလှူငွေကျပ်သိန်း (၁၅ဝ) ကျပ်အား ပေးအပ်လှူဒါန်းပွဲတစ်ရပ် ကျင်းပပြုလုပ် ခဲ့သည်။ ရွှေစင်စင်္ကြာအဖွဲ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ငွေရေတွက်စက်၊ မျက်စိခွဲစိတ်ခန်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လိုအပ်သည့်နေရာ အသီးသီးတို့အတွက် အလှူရေစက် လက်နှင့်မကွာ လှူဒါန်းပေးနေသည့် မြင့်မြတ်လှသော အလှူရှင်တစ်ဦးလည်းဖြစ်သည်။

ထို့အပြင် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမှုရေးခရီးစဉ်များအဖြစ် မြန်မာပြည်အနှံ့ လိုက်လံသွားရောက်မှု ခရီးစဉ်များအတွက် ပို့ဆောင်မှုများ ပြုလုပ်ပေးနေသော အလှူရှင်များလည်းဖြစ်သည်။



သို့ရာတွင် ယခုလာရောက်လှူဒါန်းသော လှူဒါန်းရခြင်း ရည်ရွယ်ချက်မှာ ထူးခြားမှုတစ်ခုဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ရုပ်ရှင်၊ ဗီဒီယို၊ ဒီဗီဒီ ဇာတ်ကားရိုက်ကူးပြီး ရရှိလာသော အကျိုးအမြတ်များအား အများအကျိုးအတွက် အသုံးပြုရန်အတွက်ဖြစ်သည်။

ထို့ကြောင့် ရွှေစင်စင်္ကြာ မော်တော်ယာဉ် မိသားစု၏ ဆန္ဒအား ဖြည့်ဆည်းပေးရန်အတွက် ဥက္ကဌ ဦးကျော်သူသည် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ရုပ်ရှင်အနုပညာနယ်ပယ်မှ ထွက်ခွာခဲ့ရသည်မှာ (၅) နှစ်ကျော် ကြာခဲ့ပြီ ဖြစ်သော် လည်း ယခုကဲ့သို့ အများအကျိုးအတွက် အကျိုးရှိမည့် အကျိုးပြုဇာတ်လမ်းအား ရိုက်ကူးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တော့သည်။

ယင်းဇာတ်ကားသည် အတ္တ အနုပညာအတွက်မဟုတ် ပရဟိတအနုပညာလုပ်ငန်း သက်သက်သာ ဖြစ်စေရမည်။ ပရဟိတလုပ်ငန်းများအား ၀ါသနာပါသော၊ စွန်လွှတ် ပေးဆပ်နိုင်သော အနုပညာရှင်များဖြင့် လက်တွဲ၍ ရိုက်ကူးသွားမည်ဟု ဆုံးဖြတ်ထားသည်။

ယင်းအခမ်းအနား မစမှီ၌ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် စဉ်ဆက်မပြတ် လာရောက်ပေးဆပ်နေသော နန်းခင်ဇေယျာ အား တယ်လီဖုန်းဖြင့် တီးခေါက်ကြည့်မိသောအခါ အားတက်သရော ပါဝင်သရုပ်ဆောင် ပေးမည်ဟု ပြောကြား ခဲ့၍ ဦးကျော်သူသည် ဒါရိုက်တာအဖြစ် ရိုက်ကူးပေးမည်ဟု ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်တော့သည်။

ယင်းဇာတ်ကားအား လူမှုရေး စိတ်ဓါတ်ပြင်းထန်သော၊ စွန့်လွှတ်ပေးဆပ်ရဲသော သရုပ်ဆောင် အနုပညာရှင်များ၊ လူမှုရေးဂီတသူရဲကောင်းများ၏ သီချင်းသံစဉ်များ၊ ပြည်သူ့အတွက် ရုပ်ရှင်စက်မှု လုပ်သားများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေးသမားများ ဝန်ထမ်းများအပြင် အနယ်နယ် အရပ်ရပ်ရှိ လူမှုရေးအသင်းအဖွဲ့ အသင်းသား/သူများနှင့် တစ်ကြိမ်တစ်ခါမျှ မရိုက်ကူး မတင်ပြဖူးသော လူ့လောကအတွင်းရှိ ဖြစ်ရပ်မှန်များကို အများပြည်သူတို့အတွက် (၅) နှစ်ကျော် အနုပညာလောကနှင့် ဝေးကွာခဲ့ရသော ရုပ်ရှင်သရုပ်ဆောင်/ဒါရိုက်တာဟောင်း ဦးကျော်သူ၏ ပထမဦးဆုံး အနုပညာ ထွက်ပေါက်အဖြစ် ဆန်းသစ်စွာ ရိုက်ကူးတင်ပြ ထုတ်လုပ်သွားမည် ဖြစ်ပါတော့သည်။

(ကျော်သူ facebook မှ)
popular myanmar news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map