<div style='background-color: none transparent;'></div>

Home » » မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ်လက်ရွေးစင်ဟောင်းများစာရင်း ထုတ်ပြန်

မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ်လက်ရွေးစင်ဟောင်းများစာရင်း ထုတ်ပြန်


မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ် လက်ရွေးစင်ဟောင်း များစာရင်း ကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်လိုက်ကြောင်းသိရသည်။

၎င်းကစားသမားများသည် ဇန်န၀ါရီလ ၂၃ ရက် ညနေ ၄ နာရီတွင် မြန်မာ့လက်ရွေးစင်ဟောင်းများနှင့် သုဝဏ္ဏအားကစားကွင်း၌ ခြေစမ်းကစားကြမည်ဖြစ်ကြောင်းသိရသည် ။

ခြေစမ်းပွဲမတိုင်မီ ဇန်န၀ါရီလ ၂၂ ရက်တွင် Football Clinic အစီအစဉ်ဖြင့် သုဝဏ္ဏကွင်း၌ မြန်မာ လူငယ် ကစားသမားများကို အခြေခံ ဘောလုံးပညာ သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်



မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ် လက်ရွေးစင်ဟောင်း ဂန္တ၀င်ကစားသမားများမှာ ဘီဘက်တို၊ အဲလ်ဒဲယား၊ အက်ဒီဆင်၊ မာဇင်ဟို၊ ပေါ်လိုဆာဂျီယို၊ မာဆီယို ဆန်းတိုစ် ပါဝင်မည်ဖြစ်ပြီး နည်းပြအဖြစ် ၁၉၇၀ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ အသင်း၏ ခေါင်းဆောင် ကားလိုစ်အဲလ်ဘာတို က တာဝန်ယူမည်ဖြစ်ကြောင်း ၊ အထူးဧည့်သည်အဖြစ် ဂျာမနီအသင်းခေါင်းဆောင်ဟောင်း လိုသာမာသီးယပ်စ် ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ် ကစားသမားစာရင်းအပြည့်အစုံမှာ ဂိုး- ဂီလ်မာ၊ ဇက်တီ။
နောက်တန်း- အဲလ်ဒဲယား၊ဂွန်ကဲလ်ဗက်စ်၊မာစီယိုဆန်းတိုစ်၊
ပီမန်တဲလ်၊ ရိုနယ်လ်ဒါအို။
အလယ်တန်း- ဒွန်ဂါ၊မာဇင်ဟို၊ပက်ဒရင်ဟို၊
ရီကာဒို ရိုချာ၊
ဆာဗီအို၊ ဗဲလ်ဘာ၊ ၀ီလီယံ။ ရှေ့တန်း- ဘီဘတ်တို၊
ဒီဂျာမင်ဟာ၊ ဒိုနီဇက်တီ၊ အက်ဒီလ်ဆင်၊ ပေါ်လိုဆာဂျီယို၊ဗီအိုလာ
တို့ဖြစ်ကြောင်းသိရသည်။

myanmartharkaung
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map