မြန်မာ့ရုပ်ရှင် အကယ်ဒမီပေးပွဲကြီးက တဖြည်းဖြည်း
နီးကပ်လာပြီ ဖြစ် ပါတယ်။ ပရိသတ်တွေကလည်း အကယ်ဒမီပေးပွဲ နီးလာတာနဲ့အမျှ
အကယ်ဒမီ အကြောင်းတွေကို စိတ်ဝင်စားနေကြတာ
တွေ့ရပါတယ်။ ဗန်းကိုင် ပျိုမေတို့ အတွက် မော်ဒယ် မိခင်ကြီး တင်မိုးလွင်
နဲ့တွေ့ဆုံခိုက် သူတို့အတွက် စကားလေး တစ်ခွန်းလောက် ပြောပေးပါလားလို့
ပြောတော့..
"အကယ်ဒမီ ဗန်းကိုင်ဆိုတာ မြန်မာနိုင်ငံ တစ်နိုင်ငံမှာပဲရှိတာပါ။ သီးသန့် ရှိတာပါ။ ဒီအခွင့်အရေး ရဖို့ ဆိုတာလည်း မလွယ်ဘူး။ ရွေးချယ် ခဲ့တဲ့ သူတွေကလည်း တကယ် စိစစ်ပြီး တကယ်တော်တဲ့ လူကို ရွေးချယ် ခဲ့ကြ တာပါ။ ရွေးချယ်ခံရတဲ့ သမီးလှပျိုဖြူတွေလည်း ဂုဏ်ရှိတာပေါ့။ ဂုဏ်ယူ ကြပါ။ ဒီအကယ်ဒမီ ဗန်းကိုင်မှာ ရွေးချယ်ခံရတဲ့ လှပျိုဖြူလေးတွေ အားလုံး ကြိုးစားကြပါ"လို့ ပြောပြပါတယ်။ မမိုး အနေနဲ့ကော ဒီလို အရွေးချယ်ခံရတဲ့ လှပျိုဖြူ တစ်ယောက်ဟာ အနုပညာ တက်လမ်းမှာ အကယ်ဒမီ ဗန်းကိုင် ဆိုတဲ့ဂုဏ်က ဘယ်လောက်ထိ သက်ရောက်မှုရှိမယ်လို့ ထင်မိပါသလဲ လို့ မေးကြည့်တော့ "ရှိတာပေါ့။ သက်ရောက်မှု အများကြီးကို ရှိတယ်။ ဒီဗန်းကိုင် ကနေတစ်ဆင့်
အနုပညာလောကမှာ အောင်မြင် လာတဲ့လူ လည်းရှိတယ်။ တချို့ကျတော့လည်း အကြောင်း အမျိုးမျိုးကြောင့် ဖြစ်မလာ တာလည်း ရှိတယ်။ ဘာပဲပြောပြော ကြိုးစားမှုက အဓိကပါ။ ပြီးတော့ ကိုယ်ကျင့်တရားပေါ့။ ဒီလို ပြည်သူလူထုက စံထားရတဲ့၊ ပြည်သူလူထုက ဝိုင်းပြီး စောင့်ကြည့် မယ့်နေရာမျိုးမှာ လုပ်မယ်ဆိုရင် အဲဒီလို ရည်ရွယ်ချက် အစကတည်းက ရှိတယ် ဆိုရင် မိဘတွေရော၊ မော်ဒယ်မိန်း ကလေးတွေရော မဖွယ်မရာတွေ မလုပ် မိအောင်၊ မပြောမိအောင် သတိ ထားပြီး လုပ်စေချင်ပါတယ်။ ကိုယ်က လူတွေရှေ့မှာ ထွက်ပြီးမှ အဲဒီအရိပ် မည်းက လိုက်လာမယ် ဆိုရင်၊ ကိုယ့် ကိုယ်ကိုယ်ပြန်ပြီး ဆွဲချသလိုဖြစ် သွားမယ်။ တိတ်တိတ်လေးနေရင် ဘာပြဿနာမှ မဖြစ်ဘူး။ ကိုယ်က လူရှေ့မှာ မျက်နှာရပြီး နာမည်လေး ရလာပြီ ဆိုရင် အဲဒီလိုအရိပ်မည်း မဖွယ်မရာတွေက လိုက်လာရင် မကောင်း ဘူး"လို့ပြောပြခဲ့ပါတယ်။
ထူးထူး
popular journal

0 comments:
Post a Comment