<div style='background-color: none transparent;'></div>

Home » » သမီးလေးယောက် ကိုမီးရှို့သတ်သေသွားသည့်မိခင်

သမီးလေးယောက် ကိုမီးရှို့သတ်သေသွားသည့်မိခင်

အိုကလားဟိုးမားမြို့တွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က မီးလောင်မှုတစ်
ခုဖြစ်ပွားခဲ့ရာ မိခင်တစ်ဦးသည်သူမနှင့်အတူ သမီး လေးယောက်

ကိုမီးရှို့သတ်သေသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

ဗုဒ္ဓဟူးနေ့နံနက်စောစောအချိန်တွင် မီးလောင်မှုကို အိမ်နီးချင်းတစ်ဦးက စတင်တွေ့ရှိခဲ့ပြီး၊ မီးသည်တစ်အိမ်လုံး ကို လောင်ကျွမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုတွင် အမေနှင့် သမီး လေးယောက် ကွယ်လွန်သွားခဲ့ကြောင်း၊ သမီး များမှာ အသက် ၃ နှစ်မှ ၈ နှစ်အတွင်းဖြစ်ကြောင်း၊


အိမ်တွင် မီးခိုးအချက်ပေးကိရိယာလည်း တပ်ဆင်မထား သည့်အပြင်၊ ယခုနှစ်အတွင်း ဂက်စ်ပိုက်လိုင်းများအတွက်လည်း ပြုပြင်စစ်ဆေးမှုများ လုပ်ဆောင်မှုမရှိသေး ကြောင်း၊

အိမ်အတွင်း အပူဓာတ်ရရန် အပူပေးစက်များကိုလည်း နေရာအနှံ့ဖွင့်ထားကြောင်း မီးသတ်ဌာနမှ ထုတ်ဖော်ပြောကြားခဲ့သည်။

မီးလောင်ရာတွင် သေဆုံးသွားသူ မိခင်မှာ ဂျင်နီ ဘောနက် (၂၈ နှစ်) ဖြစ်ပြီး၊ သမီးများမှာ နက်တဲလီ လီယွန် (၈ နှစ်)၊ စမန်သာ လီယွန် (၇ နှစ်)၊ ဇက်ကရီ မက်သယူး လီယွန် (၅ နှစ်) နှင့် ကာရာ လီယွန် (၃ နှစ်) တို့ဖြစ်ကြ သည်။

ဘောနက်၏ ရည်းစားဖြစ်သူ အသက် ၃၉ နှစ်အရွယ် ဘရိန်း ပိုလက်တိုသည် မီးလောင်ရာတွင် ၀င်ရောက် ငြိမ်းသတ်ခဲ့ပြီး သူ့ကိုယ်တွင်လည်း မီးစွဲလောင်ခဲ့သဖြင့် ဆေးရုံတွင် အရေးပေါ်ကုသနေရကြောင်း သိရသည်။


ဘရိန်း၏ လက်နှင့် ခြေထောက်များတွင် မီးလောင်ဒဏ်ရာ အပြင်းအထန်ရှိထားသည်ဟုဆိုသည်။ အဘယ်ကြောင့် တစ်မိသားစုလုံး မီးရှို့သတ်သေခဲ့ခြင်းဖြစ်ကြောင်းကိုမူ စုံစမ်းဆဲဖြစ်သည်။

(မောက္ခသတင်း)
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map