<div style='background-color: none transparent;'></div>

Home » » ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဆရာ၊ ဆရာမများ အသက်အန္တရာယ် စိုးရိမ်နေရ

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဆရာ၊ ဆရာမများ အသက်အန္တရာယ် စိုးရိမ်နေရ

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ မူလတန်း ကျောင်းများတွင် တာဝန် ထမ်းဆောင် နေကြသည့် ဆရာ ဆရာမ များကို မွတ်ဆလင် သောင်းကျန်းသူများ တိုက်ခိုက် နေခြင်း အား အစိုးရမှ အသက် လုံခြုံမှု အာမခံ မပေးနိုင်သရွေ့ ဤဒေသရှိ မူလတန်း ကျောင်းများအား ပိတ်ပစ် တော့မည်ဖြစ် ကြောင်း ထိုင်းနိုင်ငံ တောင်ပိုင်းရှိ မွတ်ဆ လင်များ၏ အကြမ်းဖက် တိုက်ခိုက် ခံနေ ရသော ဆရာ၊ ဆရာမများက တနင်္လာနေ့ တွင်ပြောကြား ခဲ့သည်။
ထိုင်းနိုင်ငံတောင် ပိုင်းပတ်တနီပြည်နယ်မှ ဆရာ၊ ဆရာများ ၏ အသက်အန္တရာယ်အား ထိုင်းအရာရှိ များမှ အကာအကွယ်မပေးနိုင်ပါက ဤဒေသရှိ မူလတန်းကျောင်း ၃၃၂ ကျောင်းအား ပိတ်ပစ်ရမည်ဖြစ် ကြောင်းပတ်တနီပြည်နယ် ဆရာများအသင်း၏ အကြီးအကဲ ဘွန်ဆွန်တွန်ဆရီပလာက ပြောကြားခဲ့သည်။

ဆန္ဒပြသူများသည် ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးသို့ ချီ တက်ကာ ဆန္ဒပြခဲ့ကြပြီး မွတ်ဆလင် ဘရားသားဟုဒ်ရုံးများအား မီးရှို့ခဲ့ကြ သည်။ လွန်ခဲ့သော ကြာသပတေးနေ့တွင် ပတ်တနီပြည်နယ် နောင်ချစ်ခရိုင်တွင် ကျောင်းအုပ်ဆရာမကြီးတစ်ဦး မွတ်ဆလင် သောင်းကျန်းသူများ၏ လက်ချက်ကြောင့် သေဆုံးခဲ့ရသည်။
နာဝါသီဝက်၊ ယာလာ နှင့် ပတ်တနီပြည်နယ်များသည် ဗုဒ္ဓဘာ သာဝင်အများစုနေထိုင်ကြပြီး ထိုင်းနိုင်ငံ ရှိ မွတ်ဆလင်တို့ အဓိကနေထိုင်ရာပြည် နယ်လည်းဖြစ်သည်။ ၂၀ဝ၄ ခုနှစ်မှစ၍ယနေ့အထိ ၄င်းတောင်ဘက်အကျဆုံး ပြည်နယ်သုံးခုတွင် မွတ်ဆလင်သောင်း ကျန်းသူများ အုံကြွခဲ့ချိန်မှစ၍ လူပေါင်း၅၀ဝ၀ ခန့် သေဆုံးခဲ့ပြီးဖြစ်သည်။
yoyarlay
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map