<div style='background-color: none transparent;'></div>

Home » » စိုင်းစိုင်းခမ်းလှိုင်ရဲ့ အချစ်ရေး

စိုင်းစိုင်းခမ်းလှိုင်ရဲ့ အချစ်ရေး

စိုင်းစိုင်းခမ်းလှိုင်က Laurael Art Academy မှ ဒါရိုက်တာ သီတာလင်းရိုက်ကူးတဲ့ “မျှော်လင့်ခဲ့မိပါသည် …သို့သော်” ဇာတ်ကားမှာ ချစ်သုဝေနဲ့ သရုပ်ဆောင် ထားပြီး ဒီဇာတ်ကားမှာ ဝိညာဉ်တစ်ကောင် အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး စိုင်းစိုင်းခမ်းလှိုင်က..”ကျွန်တော်က ဝိညာဉ်တစ်ကောင် အဖြစ် သရုပ်   ဆောင်ထားပါတယ်။ ဝိညာဉ်ဆိုတာက စိတ်ကူးယဉ် ဇာတ်ကောင် တစ်aကာင်ပေါ့။ ဝိညာဉ်ဆိုတာ ဘယ်လိုပုံသဏ္ဌာန်၊ ဘယ်လို အရောင် အဆင်း၊ ဘယ်လို အရသာရှိ လဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ စိတ်ကူးယဉ် ဇာတ်လမ်း တစ်ပုဒ်ဖြစ်တဲ့အတွက် ကျွန်တော်တို့ စိတ်ကူးထဲက ဝိညာဉ်ကောင်လေးကတော့ ဒီဇာတ်ကား ထဲမှာ  ကော် ဖီသောက်လို့ ရတယ်။ ဒီဇာတ်ကားက ရိုမန့်တစ်ဟာသ အမျိုးအစားပါ။ အရင်တုန်းက ဝိညာဉ်အနေနဲ့ လိပ်ပြာဝှက်တမ်း ဇာတ်ကားတော့ ရိုက်ဖူးပါတယ်” လို့ ပြောပါတယ်။
ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးပြီး စိုင်းစိုင်းခမ်းလှိုင်နဲ့ သင်ဇာဝင့်ကျော်တို့ သရုပ်ဆောင်ထားတဲ့ “မန္တလေးသား” ဇာတ်ကားကို ပရိသတ်တွေ ကြိုက်နှစ်သက်ကြပါ တယ်။ ဒီရက်ပိုင်းအတွင်း မှာတော့ “မန္တလေးသား” ဇာတ်ကားနဲ့ ပတ်သက်ပြီး ချီးကျူး ခံနေရတဲ့အတွက် ပျော်နေကြောင်း စိုင်းစိုင်းခမ်းလှိုင် ကပြောပါတယ်။ မန္တလေး သားဇာတ်ကားနဲ့ ပတ်သက်ပြီးစိုင်း စိုင်းခမ်းလှိုင်က “ကျွန်တော် ဇာတ်ကားရိုက်တုန်းက အဓိက ခံစားမှုကတော့ တအားပူတယ်။ နွေခေါင်ခေါင်ကြီးမှာ မန္တလေးမြို့ ရဲ့ တကယ့် နေပူကျဲကျဲကြီးထဲမှာ ကျွန်တော်တို့ ရိုက်ခဲ့ကြတာပါ။ ဒါပေမဲ့ အခု ဒီလိုချီးကျူး ပြောဆိုမှုတွေ ခံစားရတဲ့ အတွက်တော့ အဲဒီတုန်းက အမောတွေ ပြေသွားခဲ့ပါ တယ်” လို့ပြောပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ “ထိပ်ထိပ်ကြဲ” တေးစီးရီးကိုတော့ ဒီဇင်ဘာလ နောက်ဆုံးထားပြီး ထွက်ဖို့ စီစဉ်နေကြောင်း ပြောပါတယ်။ စိုင်းစိုင်း ခမ်းလှိုင်ကို သူ့ရဲ့ အချစ်ရေး ငြိမ်သက်နေရခြင်းအကြောင်း မေးမြန်းတဲ့အခါ..”ကျွန်တော့်ကို ကြိုက်မယ့် လူမှမရှိသေးတာ” လို့ပြောပါတယ်။
ခိုင်ဝေလွင်
popularmyanmar
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map