<div style='background-color: none transparent;'></div>

Home » » မန္တလေးမြို့မဟာစန္ဒာ မုနိမြတ်စွာ ဘုရားကြီးဝင်းတွင် ရှေးဟောင်း ခေါင်းလောင်းကြီးတူးဖော်ရရှိ

မန္တလေးမြို့မဟာစန္ဒာ မုနိမြတ်စွာ ဘုရားကြီးဝင်းတွင် ရှေးဟောင်း ခေါင်းလောင်းကြီးတူးဖော်ရရှိ

မန္တလေးမြို့ တမ္မဝတီ ဝလုံး တံတား ရပ်ကွက် အကွက် ၄၆၆ မန္တလေး – စစ်ကိုင်း လမ်းပေါ်မှာရှိတဲ့ မဟာစန္ဒာ မုနိမြတ်စွာ ဘုရားကြီးဝင်း အတွင်းမှာ အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၉ နာရီခန့်က
သစ်ပင်စိုက်ဖို့ မြေကျင်းတူးရာက ရှေးဟောင်း ခေါင်းလောင်း တလုံး တွေ့ရှိခဲ့ပါတယ်။

ရှေးဟောင်း ခေါင်းလောင်းဟာ အထက်အောက် အမြင့် ၃ ပေ ၂ လက်မ၊ ခေါင်းလောင်းဝ အကျယ် ၂ ပေ၊ လုံးပတ်က ၆ ပေ ၄ လက်မ၊ ခေါင်းလောင်း သက်တမ်းက နှစ် ၁၅၀ နဲ့ ၂၀၀ ကြား ရှိတယ်လို့ သတ်မှတ်ထားပါတယ်။


ဘုရားသက်တမ်းက နှစ် ၂၀၀ ကျော်ပြီလို့လည်း သိရပါတယ်။ ဒီဘုရားဟာ အမရပူရ မြို့တည်မင်း ဗဒုံမင်း ခေါ် ဘိုးတော် ဦးဝိုင်း တည်ထားခဲ့တဲ့ ဘုရားလို့လည်း သိရပါတယ်။

မဟာစန္ဒာမုနိမြတ်စွာဘုရားကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးနန္ဒိယက “သစ်ပင်စိုက်ဖို့ တူးတာလေ။ နည်းနည်းထူးခြားလို့ ဆက်တူးရင်းနဲ့ တွေ့တာပါ” လို့ မိန့်ပါတယ်။

By DVB
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map