<div style='background-color: none transparent;'></div>

Home » » MRTV 4 သရုပ်ဆောင် မေဇွန်(ခ) မျိုးဇာနည်ဇွန် ကို လူသတ်မှုသို့ပြောင်းလဲ အမှုဖွင့်လိုက်ပြီ။

MRTV 4 သရုပ်ဆောင် မေဇွန်(ခ) မျိုးဇာနည်ဇွန် ကို လူသတ်မှုသို့ပြောင်းလဲ အမှုဖွင့်လိုက်ပြီ။

ရန်ကုန်တိုင်း ဒေသကြီး၊ ကမာရွတ်မြို့နယ် အမှတ် (၁) ရပ်ကွက်၊ ဗဟိုလမ်းပေါ်ရှိ 
တိုက်အမှတ် (၁၉၅) တတိယထပ်၊ ညာဘက် တိုက်ခန်းတွင် အသက် ၁၈
နှစ်ခန့်အရွယ် အိမ်ဖော်မိန်းကလေး တစ်ဦး၏ ပုပ်ပွနေသော ရုပ်အလောင်းတစ်ခု တွေ့ရှိရမှု
 ဖြစ်စဉ် စက်တင်ဘာလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဉ်ကို စစ်ဆေးမှုများ
 ပြုလုပ်ခဲ့ပြီးနောကရဲစစ်ချက်များအရ သဆုံးခဲ့သူ အိမ်ဖော်အမျိုးသမီးမှာ မနုနုလွင် (အသက် ၁၈ နှစ်) ဖြစ်ပြီး နေအိမ် အိပ်ခန်းအတွင်း နှားခေါင်းသွေး အနည်းငယ်ထွက်ပြီး ယာလက်ဖျံ၊
ယာပုခုံးသွားကိုက် ဒဏ်ရာ၊ ယာနဖူး ဖူးယောင် ဒဏ်ရာ၊ ၀ဲနို့အုံအောက် နံကြား ညိုမဲဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည်ကို စက်တင်ဘာလ ၁၀ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။




ထို့နောက် အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် စစ်ဆေးခဲ့ပြီးနောက် အိမ်ရှင်ဖြစ်သူ အမျိုးသမီးအား ကမာရွတ်ရဲစခန်းမှ (ပ)၃၆၄/၁၂၊ ပုဒ်မ ၃၀၂/၃၂၅ ဖြင့် ပြောင်းလဲ အမှုဖွင့် စစ်ဆေးလိုက်ခြင်း ဖြစ်သည်။

အိမ်ရှင်ဖြစ်သူ အမျိုးသမီးမှာ MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ရန် လျာထားခံထားရသူ မမေဇွန်(ခ) မျိုးဇာနည်ဇွန် (၂၁)နှစ် ဖြစ်ပြီး စစ်ဆေး မေးမြန်းချက်များအရ စက်တင်ဘာလ ၈ ရက်နေ့တွင် ပုသိမ်သို့ စာတန်းဖတ်ရန် သွားစဉ် သေဆုံးသူ မနုနုလွင်အား သော့ခတ်ပြီး ချန်ထားခဲ့ကြောင်း၊ 
 
စက်တင်ဘာလ ၁၀ ရက် နေအိမ်သို့ ပြန်လည်ရောက်ရှိ၍ တိုက်ခန်း သော့ဖွင့်ပြီး ၀င်ရောက်ကြည့် 
ရှုချိန်တွင် အခန်းတွင်း သေဆုံးနေသည်ကို တွေ့ရခြင်း ဖြစ်ကြောင်း ရဲစစ်ချက်မှတ်တမ်းများအရ 
သိရှိရပါသည်။
 
Eleven Media Group
Share this article :

1 comments:

3rdthameetaw said...

သော့ခတ်ပြီးထားခဲ့တယ်
အံ့ရော

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map