<div style='background-color: none transparent;'></div>

Home » » ကိုမိုးသီးဇွန်Facebook မှ တစ် ဆင့် လူထုကို ဘာတွေပြောလဲ

ကိုမိုးသီးဇွန်Facebook မှ တစ် ဆင့် လူထုကို ဘာတွေပြောလဲ

အခုတလော Facebook တွေမှာရော
သတင်းဌာနတွေမှာပါ ကိုမိုးဇွန်းအကြောင်း
ကောင်း တာရော မကောင်းတာရော
 တော်တော် များများပြန့် နေတာတွေ့ 
ရပါတယ်။ 


သူကမနာ လို သူများ ၏ သွေး ထိုး မှု နားမယောင် ရန် ကိုမိုးသီး 
Facebook မှ တစ် ဆင့် ပြောလူထူကိုအခု ပြောပြထားပါတယ်။



 ချစ် စွာ သော ညီအကိုမောင်နှမ အပေါင်းတို့ ခင်ဗျား ကျနော် မိုးသီးဇွန် နှုတ်ခွန်းဆက်ပါတယ်။ 
ကျနော်တို့ ကို လုပ်ဖေါ်ကိုင်ဖက်ရဲဘော်တွေ၊ ပြည်သူလူထု ရဲ့ အားပေးကူညီမှု တွေ ကတော့ ကိုကျေးဇူးတင်ပါတယ်။ ၈၈ ကာလများကို အထူးသတိတရဖြစ်စေပါတယ်။

သတိအရဆုံးကတော့ အဝေးရောက်ညီအကိုများဖြစ်ပါတယ်။


ပြည်သူလူထုက ခင်ဗျားတို့ ကို သတိရနေတယ်။ ပြည်သူအများစုကြီးက
ကျနော်တို့  ပြည်ပရောက် ၈၈ မျိုးဆက်များ အားလုံး အပေါ်မှာ အလွန်အမြင်ရှင်းတယ်။ 
အားပေးမှု နဲ့  မျော်လင့်မှု ပိုမိုကြီးမား နေဆဲ ဆိုတာ
ကိုတွေ့ ရတယ်။

အများတက အများ စုကြီး က အပြောင်းအလဲကို အမြန်ဆုံး ဖြစ်စေချင်နေကြတယ် ဆိုတဲ့ သတင်းကောင်းကိုပါးချင်ပါတယ်။

အပြောင်းအလဲကို ဦးသိန်းစိန် အစိုးရရော၊ တပ်မတော်ရော၊ ဒီမိုကရေစီအင်အားစုတွေရော အလျင်အမြန်လိုလား နေတာကို တွေ့ ရတယ်။
ကျနော်တို့ ကိုယ်စားလှယ်အဖွဲ့ ကို လိုလေးသေးမရှိ ပံပိုးကူညီကြပါတယ်။

ကျနော် စိတ်အချမ်းသာဆုံးကတော့ စရဖ က ရဲ ဘော်လေးတွေ
က အစ ကျနော်တို့  ပြန်လာတာ ကို ၀မ်းပါးတသာ ကူညီ ကြမှုဖြစ်ပါတယ်။

ကျနော်တို့  တမျိုးသားလုံး လိုလားနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်မှု
လုပ်ငန်းစဉ်ကို မလိုသူတချို့ က သာ လူနည်းနည်းလေးက သာ မနာလိုဝန်တိုမှု တွေ ဖြစ်နေတာသာဖြစ်ပါတယ်။

စိတ်မပူကြပါနဲ့  ဆက်လက် အားပေးကြပါ။ ကြိုးပန်းဆောင်ရွက်ကြပါလို့ 
တိုက်တွန်းလိုပါတယ်။

ကျနော်တို့  မကြာခင်မှာ

ရန်ကုန် နဲ့ မန်း က သံဃာတွေကို ကျဆုံးရဲဘော်တွေအားလုံးကိုရည်စူးပြီး ဆွမ်းကပ်မယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ ဆုံ ကန် တော့ဖို့  ကျနော်တို့  အကြောင်းကြားထားပါတယ်။

အဘ ဦးတင်ဦး နဲ့ အဘ ဦးဝင်းတင်ကို သွားရောက်ကန် တော့ပါမယ်။
အဘ ဦးညွန့် သိန်း ၊ ဦးသာဘန်း နဲ့  လူကြီးတွေကို ကန် တော့မယ်။

အလုပ်တွေပြီးတာနဲ့ ရေဘေးဒုက္ခသည်တွေ အတွက် လျူဒန်းပါမယ်။

မိုးသီး

(အင်တာနက်တွေနှေးနေလို့  သတင်းတွေမတင်နိင်တာ ခွင့်လွှတ်ပါ။ )



https://www.facebook.com/moethee.zun/posts/4161256582749
ရွှေမြန်မာမီဒီယာ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map