<div style='background-color: none transparent;'></div>

Home » » မြားနတ်မောင်က ကျွန်မအတွက်မြားတွေ ပျောက်နေတယ် ဆိုတဲ့မိုးဟေကို

မြားနတ်မောင်က ကျွန်မအတွက်မြားတွေ ပျောက်နေတယ် ဆိုတဲ့မိုးဟေကို


လူတိုင်း လူတိုင်းမှာ ဆယ်ကျော်သက် ဘဝက ဖြစ်ချင် ခဲ့တဲ့စိတ် ကူးတွေ၊ မျှော်လင့်ချက် တွေရှိခဲ့ ကြမယ်ထင်ပါတယ်။ တချို့လည်း ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူးအတိုင်း ဖြစ်ခဲ့တာရှိသလို၊ တချို့လည်း စိတ် ကူးနဲ့ထပ်တူမကျတဲ့ လက်တွေ့ ဘဝကို ရောက်နေကြရတာ တွေရှိ ပါတယ်။ ဆယ်ကျော်သက် အရွယ် တုန်းက ဖြစ်ချင်ခဲ့တာဘယ် လို.. ဆိုပြီး ပရိသတ်စိတ်ဝင်စားမယ့် အနုပညာရှင်များရဲ့ဆယ်ကျော် သက်ဘဝကစိတ်ကူးတွေအကြောင်း ကို တင်ဆက်ပေးလိုက်ပါတယ်။
မိုး ဆယ်ကျော်သက်အ ရွယ်က ဖြစ်ချင်ခဲ့တဲ့စိတ်ကူးယဉ် အိပ်မက်က ဘာလဲ။
ကလေးစိတ်ဆိုတော့ သူ များဖြစ်ချင်တာဖြစ်ချင်တယ်။ လေ ယာဉ်မယ်လည်းဖြစ်ချင်တယ်။ TV မှာ အစီအစဉ်ကြေညာသူလည်းဖြစ် ချင်တယ်။ ကလေးတွေကိုစာသင် တဲ့ဆရာမလည်းဖြစ်ချင်ခဲ့တာပဲ။

အနုပညာအလုပ်လုပ်ဖြစ် ခဲ့တာကရော..
မိုး ဝါသနာပါတဲ့အလုပ် ဆိုတော့ တကယ်ဖြစ်ချင်တဲ့စိတ်နဲ့ လုပ်ဖြစ်ခဲ့တယ်။
အနုပညာအလုပ်သာမ လုပ်ဖြစ်ခဲ့ရင်ရော..
စီးပွားရေးလုပ်ငန်းတစ်ခု ဒါမှမဟုတ် ကျောင်းတွေပဲ တစ်ခုပြီးတစ်ခုတက်ဖြစ်နေမယ်ထင်ပါ တယ်။ လူ့ပတ်ဝန်းကျင်မှာ မိန်းက လေးဖြစ်တဲ့အတွက် တစ်ဖက်ကစီး ပွားရေးလုပ်ရင်း ကျောင်းလည်း တက်ဖြစ်မယ်ထင်တယ်။
ဆယ်ကျော်သက်အရွယ် က မိဘတွေထိန်းချုပ်တာခံခဲ့ရ လား။
မိုးက ဝိုင်းကျူရှင်ကိုအ ပြင်မှာတောင်မတက်ဖူးဘူး။ အိမ် မှာပဲခေါ်သင်တယ်။ ဆယ်တန်းကို အပြင်မှာတောင် ကျူရှင်မတက်ဖူး တဲ့ဘဝပါ။
အနုပညာအလုပ်ကို ဖြစ် ချင်လို့ ဒါမှမဟုတ် ဖြစ်သင့်လို့လုပ် ခဲ့တာလား။
လူဆိုတာ ဖြစ်ချင်တာ လည်းရှိသလို ဖြစ်သင့်တာလည်းရှိ တယ်။ နှစ်ခုစလုံးမှာဖြစ်ချင်တာ လည်းလုပ်မယ်၊ ဖြစ်သင့်တာလေး တွေလည်းရွေးပြီးလုပ်မယ်။ ဖြစ်ချင် တာကိုပဲရွေးပြီး ဘယ်တော့မှဦး ဆောင်ပြီးမလုပ်ဘူး။
ဆယ်ကျော်သက်တွေက မိဘတွေကို နားလည်ပေးဖို့အကြံ ပေးစကား.
မိဘတွေက ကိုယ့်ကို ကောင်းစေချင်လို့ပြောတာဆိုတော့ ကိုယ့်မိဘစကားကို တစ်သဝေမ တိမ်းလိုက်နာရင်အကောင်းဆုံး ပေါ့။ လူတိုင်းက အမှားနဲ့မကင်းတော့ မှားခဲ့တာလည်းရှိမှာပေါ့။ မိဘကိုအပြစ်မမြင်ဘဲ မိဘတွေက ဆယ်ကျော်သက်အရွယ်မှမဟုတ် ဘဲ အိမ်ထောင်သားမွေးပြုတဲ့အချိန် ထိက လေးလို့ပဲမြင်တော့ ဘယ်အ ချိန် ဘယ်အရွယ်ပဲရောက်ရောက် မိုးကတော့ မိဘစကားကိုပဲနား ထောင်မယ်။ ကောင်းတာကိုဖြစ်စေ ချင်လို့ လမ်းညွှန်တာပါ။
ဆယ်ကျော်သက်တွေဖြစ် ချင်တာကိုဖြစ်အောင်လုပ်ဖို့ အကြံ ပေးစကား..
လူဆိုတာ ဖြစ်ချင်တဲ့အရာ ဆိုရင် ဖြစ်ချင်တာကကောင်းတယ် ဆိုရင်လုပ်၊ ကိုယ့်ဘာသာကိုယ်စဉ်း စား၊ လူတိုင်းက စဉ်းစားတတ်ပါ တယ်။ ခေတ်ကြီးကတိုးတက်နေပြီ။ လူမှုဘဝတွေကလည်းတိုးတက်နေ ပြီ၊ အသိဥာဏ်တွေလည်း ဖွံ့ဖြိုးတိုး တက်နေပြီဆိုတော့ ထွေထွေထူးထူး ပြောစရာမရှိပါဘူး။
အရမ်းမထိန်းချုပ်ဖို့ မိဘ တွေကိုအကြံပေးစကား..
မတင်းလွန်းမလျော့လွန်း ပေါ့။ တင်းလွန်းရင်လည်းထွက် ပေါက်ရှာတတ်တယ်။ လျော့လွန်း ရင်လည်း လွတ်လပ်မှုဆိုတဲ့အရသာ ကိုသိသွားတယ်။ မိဘနဲ့သားသမီး ကြားမှာ မတင်းလွန်းမလျော့လွန်း ဘဲ ရိုသေမှု၊ စိုးရိမ်ပူပန်မှုတော့ရှိ သင့်တယ်လို့ထင်တယ်။
ရိုးရာလေး
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map