<div style='background-color: none transparent;'></div>

Home » » လူသတ်မှုနဲ့ ရင်ဆိုင်နေရတဲ့ ဘရာဇီး ဂိုးသမား

လူသတ်မှုနဲ့ ရင်ဆိုင်နေရတဲ့ ဘရာဇီး ဂိုးသမား

Bruno နှင့် အသတ်ခံရသူ ဘရာဇီးမော်ဒယ် Eliza၊ ဓာတ်ပုံ- mail online
ဘရာဇီး ဘောလုံးအသင်း ဂိုးသမား Bruno Fernandes de Souza ဟာ မော်ဒယ် သရုပ်ဆောင် Eliza Samudio ကို သတ်မှုနဲ့ စွပ်စွဲ ရုံးတင်ခံ နေရပါတယ်။




အသတ်ခံရသူ ဘရာဇီးမော်ဒယ် Eliza

အသက် ၂၅ နှစ်အရွယ် မော်ဒယ် Eliza ဟာ Bruno နဲ့ ကလေးရခဲ့တယ်လို့ ပြောဆိုပြီးနောက်မှာ အစီအစဉ် ရှိရှိ သတ် ဖြတ်ခဲ့တာလို့ တရားစွဲဆိုသူတွေက ဆိုပါတယ်။

ကိုယ်ဝန်ရှိကြောင်း ဓာတ်ပုံမှတ်တမ်း လုပ်ခဲ့သူ Eliza

Eliza ကို နှိပ်စက်နေစဉ်မှာ အော်သံမကြားရအောင်လို့ ဂီတသံကို ကျယ်ကျယ်လောင် လောင်ဖွင့် ထားတာတွေ လုပ်ခဲ့တယ်လို့ စက်တင်ဘာလ ၉ ရက်နေ့ ဒေးလီးမေးလ် ယူကေ သတင်း တခုမှာ ဖော်ပြထားပါတယ်



နောက် Bruno က ဘရာဇီး မော်ဒယ် Eliza နဲ့ ရခဲ့တဲ့ ကလေးကို အစီအစဉ်တကျနဲ့ မွေးစားခဲ့ပါတယ် တဲ့။ မွေးစားခဲ့တာလည်း သူ့ ဇနီးနဲ့ ပတ်သက်ပြီး ဆင်းရဲတဲ့ ဆွေမျိုးတယောက်ရဲ့ သားလေးဖြစ်တာကြောင့် မွေးစားဟန်ဆောင် ထား ခဲ့တာလို့ လည်း ဆိုပါတယ်။ ကလေးအမေ ဖြစ်သူ သေဆုံးချိန်မှာတော့ ကလေးက ၄ လသား ရှိနေခဲ့ပါတယ်။

စွပ်စွဲမှုတွေထဲမှာ အဆိုးဆုံးအချက်ကတော့ Bruno ဟာ မော်ဒယ် Eliza ကိုသတ်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို သူ့အိမ် က ခွေးတွေကို ကျွေးပစ်လိုက်တယ် ဆိုတာပါဘဲ။

Eliza သေဆုံးခဲ့ပြီး ၂၀၁၀ မှာ ဂိုးသမား Burno အဖမ်းခံခဲ့ရတာပါ။ သူဟာ ထောင်ဒဏ် လောလောဆယ် ၄ နှစ်ခွဲ ကျခံ နေရတာလည်းဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး Bruno ရဲ့ ဇနီးဖြစ်သူကိုလည်း အလိုတူ အလိုပါ အားပေးကူညီမှု၊ ပူးပေါင်းကြံစဉ်မှုတွေနဲ့ တရားစွဲ ထား တယ် လို့ ဆိုပါတယ်။ ဒီအပြင် တခြားလူတွေလည်း ပါဝင်သေးတယ်လို့ ဆိုပါတယ်။


Bruno ဟာ Eliza ကို ဟိုတယ်ကနေ ပြန်ပေးဆွဲသွားခဲ့တယ်ဆိုတဲ့ ရဲထုတ်ပြန်ချက်တွေလည်း ပါဝင်နေပါသေး တယ်။ ဒီအကြောင်းတွေကို ဘရာဇီး သတင်းစာတွေကလည်း တော်တော် ရေးသားနေကြ တာပါ။ အမှုကတော့ အတော်ကို ရှုပ်ထွေးနေပါတယ်။

From-ဧရာဝတီ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map