<div style='background-color: none transparent;'></div>

Home » » မြန်မာမိန်းကလေး များ အရှက်တရားနဲ့  အသိတရားရှိဖို့  ပိုမိုလိုအပ်နေပြီ"" မြန်မာ့ဝတ်စားဆင်ယင်မူ ပျက်ပျယ် နေပြီလား ""

မြန်မာမိန်းကလေး များ အရှက်တရားနဲ့  အသိတရားရှိဖို့  ပိုမိုလိုအပ်နေပြီ"" မြန်မာ့ဝတ်စားဆင်ယင်မူ ပျက်ပျယ် နေပြီလား ""


မြန်မာမိန်းကလေး များ အရှက်တရားနဲ့ 
အသိတရားရှိဖို့  ပိုမိုလိုအပ်နေပြီ
~~~~~~~~ ဒါဟာ ခေတ်နဲ့ အညီလုပ်
တယ်ဆောင်ကြတယ်ဆိုပေမဲ့  ဒီနိုင်ငံဟာ
  မြန်မာနိုင်ငံပါ။


ယဉ်ကျေးမှူအစဉ်အလာကြီးမာတဲ့ နိုင်ငံပါ အရှက်နဲ့  အသက်ကိုလဲ ကြတဲ့  မြန်မာမိန်း


ကလေးတွေ အဖို့ အခု လိုပုံသဏ္ဍာန် တွေ ဟာ မြန်မာ့ယဉ်ကျေးမှူကို လွန်ဆန်

ဖီကန်ကာ အနောက်နိုင်ငံက ယဉ်ကျေးမှူကို ပုံတူကူးချ နေကြတာကို ၀ိုင်းဝန်း
အားပေးအားမြှောက် လုပ်နေကြမယ်ဆိုရင် မြန် မာ့ယဉ်ကျေးမှူဟာ ၀မ်းနည်း
ကြေကွဲစာ နဲ့ ပျောက်ကွယ် သွားပါလိမ့်မယ်ဗျာ။

ခတ်ဆန်တာလား .. ?? ခေတ်မီတာလား .. ??



ခေတ်ဆန်တယ်ဆိုတာ တကယ်တော့ ခေတ်ရဲ့ လည့်စားတာကို ခံလိုက်ရတာမျိုးပါပဲ ။ သဘောက ခေတ်အလျောက်အမျိုးမျိုးလုပ်ပြ ထုတ်ပြတာတွေကို မက်မက်မောမော
လိုက်လုပ်ကြတာပါ ။

ကိုယ်ယဉ်ကျေးမှုနဲ့ သင့်တော်၏ မတော်၏ မစဉ်းစားနေတော့ပဲ သူများတွေဝတ်တာစား

တာတွေကို အတုခိုးပြီး လိုက်လုပ် လိုက်ဝတ်ကြတာကိုပြောချင်တာပါ ။

အဲ့တာကို တစ်ချို့တလေကျပြန်တော့ ခေတ်ရေစီးကြောင်းမှာ ခေတ်နောက်မကျအောင်

စီးမျောလိုက်ပါတာပါ ဆိုပဲ ......ကဲ ဒီလိုဆိုရင် ခေတ်မီတယ်ဆိုတာကရော ဘာလဲ ??

ခေတ်မီတယ်ဆိုတာ ကိုယ်ရောက်နေတဲ့ မျက်မှောက်အခြေအနေမှာ လိုက်လျောညီထွေ

 နေတတ်ဖို့ကို ဆိုလိုတာပါ ။

ဥပမာ - ၀တ်စားဆင်ယင်မှုမှာခေတ်အလျောက်ပြောင်းလဲလာတယ်။ အဲ့ဒီလိုပြောင်းလဲလာတဲ့အခြေအနေပေါ်မှာမူတည်ပြီး ခေတ်နဲ့အညီ ကိုယ့်ယဉ်ကျေးမှုလဲမပျောက်အောင် နေတတ်ထိုင်တယ်တာကိုပြောချင်တာပါ။


ယဉ်ကျေးမှုမပျောက်ရဖူးဆိုလို့. ရတနာပုံခေတ်က အ၀တ်အစားမျိုး ၀တ်နေပြန်ရင်လဲ

မဟုတ်သေးပြန်ဖူး

** ခေတ်နဲ့အညီရိုးရာမပျောက်ဝတ်စားတတ်ရမယ် **


မြန်မာစကားမှာ ** ရိုးရိုးယဉ်ယဉ်** ဆိုတဲ့ စကားရှိပါတယ်။ ရိုးရိုး ဆိုတာ ရိုးရိုးအအ ကြီးကိုပြောတာမဟုတ်ပါဖူး ။ အေးချမ်းတည်ငြိမ်တယ်လို့ ဆိုလိုချင်တာပါ ။


ယဉ်ယဉ်ဆိုတာ ကြည့်ပျော်ရှုပျော်သိမ်သိမ်မွေ့မွေ့လေးက ကျက်သရေရှိလှပါတယ်။




ယဉ်တယ်ဆိုတာ လှတာထက်တောင် ပိုပြီးအနှစ်သာရရှိပါတယ် ။

ရိုးရာလည်းမပျက် ခေတ်အလျောက် ၀တ်စားဆင်ယင်တာကို ရိုးရိုးယဉ်ယဉ်ဝတ်စားတယ်

 ခေတ်မီတယ် လို့ ခေါ်ပါတယ် ။

မြန်မာအမျိုးသမီးများဟာမြန်မာပီပီသသ၀တ်စားဆင်ယင်ဖို့လိုပါတယ်။ဒါတင်

မကသေးပါဖူး.ပြောဆိုပြုမူမှုတွေဟာလည်း မြန်မာပီသစေချင်ပါတယ်။

ဝတ်စားဆင်ယင်မှုအပိုင်းမှာ ခေတ်မီတဲ့ပစ္စည်းတွေကို မြန်မာပီပီဝတ်ဆင်မယ်ဆိုရင် တကယ်မျိုးချစ်စိတ်ရှိကြောင်း ထင်ရှာမှာပါ ။


ယခု ကျင်းပနေ တဲ့  ပွဲတစ်ခုထဲကို မဆိုလိုပါ အခြားသော ရပ်ဝန်းများမှာလဲ ထိုနည်း

အတိုင်းပါပဲဗျာ ။ မြန်မာမင်းသ္မီး ၊ မင်းသားများကို လူငယ်မောင်မယ် များက
အားကျ ကြတယ်။
 အဲလိုပဲ သူတို့  က လဲ အားကျသည်ထက် အားကျအောင်လို့  ခေတ်ဆန်သည်ထက်ပို
ဆန်စွာ ၀တ်စားဆင်ယင်မှူများက မပေါ်ရင် ပေါ်အောင်လို့ ပင်ဖော်ပြထား
ကြလေတော့ည်။
 ဒါဟာ မိန်းကလေးတွေအတွက် အလွန် ကြီးမားတဲ့အန္တရာယ်ပါ ဒါကိုသူတို့ လဲ
သိပါလျှက်နဲ့  ဒိထက်ပိုပြီး မလုံမလဲဝတ်ဆင်နေတာဟာ အလွန်ပင်
 မြင်မကောင်းပေ။
 မြင်မကောင်းရင်မကြည့်နဲ့ လို့  ပြော ကြလိမ့်မည် ။ မကြည့်လဲ မြင်နေလို့  ပြောလိုက်
ရဖြင်းဖြစ်ပါတယ်ဗျာ ~~~~~~။ မြန်မာ့ယာဉ်ကျေးမှူ ကို အမျိုးသားရေး တစ်ရပ်အနေနဲ့ 
ဝိုင်းဝန်း ထိန်းသိမ်း နိုင်ကြပါစေလို့  ဆန္ဒပြုပါတယ်ဗျာ.......



 Written By  Win Htet Ko
ရွှေမြန်မာမီဒီယာ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map