<div style='background-color: none transparent;'></div>

Home » » ရာဇဝတ်မှုခင်း ဖြစ်ပွားခဲ့သည့် နေရာတစ်ခု၌အသက် ၄ နှစ်အရွယ် မိန်းကလေးတစ်ဦး အလောင်းများအောက်တွင် ၈ နာရီကြာပုန်းအောင်းနေခဲ့ရ

ရာဇဝတ်မှုခင်း ဖြစ်ပွားခဲ့သည့် နေရာတစ်ခု၌အသက် ၄ နှစ်အရွယ် မိန်းကလေးတစ်ဦး အလောင်းများအောက်တွင် ၈ နာရီကြာပုန်းအောင်းနေခဲ့ရ


ပြင်သစ်နိုင်ငံတွင် ရာဇဝတ်မှုခင်း ဖြစ်ပွားခဲ့သည့် နေရာတစ်ခု၌ အသက်(၄)နှစ်အရွယ် မိန်းကလေး တစ်ဦးသည် အလောင်း များအောက် (၈)နာရီကြာ ပုန်းအောင်းနေခဲ့ရကြောင်း သိရှိရသည်။ အဲ့ပ်စ်တောင်တန်းများ ဒေသတွင် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် မှုခင်းဆေးပညာရှင်များက အလောင်းများကို စစ်ဆေးရန် လာရောက်ချိန်ကျမှ မိန်းကလေးကို တွေ့ရှိရခြင်း ဖြစ်သည်။ အစောပိုင်းက မိန်းကလေးကို ရဲများက လိုက်လံ ရှာဖွေခဲ့သော်လည်း ပျောက်ဆုံးနေခဲ့သည်။ "အလောင်းတွေ အောက်မှာ ပိတ်မိပြီး ပျောက်နေတော့ သူ့ကို မတွေ့ခဲ့ဘူး။ သူက လည်း ကြောက်ပြီးတော့ လုံးဝ မလှုပ်ဘဲ ငြိမ်နေတယ်လေ"ဟု ဟန်တီဆာဗီအို ဒေသရှိ အစိုးရစုံထောက် တစ်ဦးဖြစ်သော အဲရစ် မီလော့ဒ်က ပြောကြားခဲ့သည်။ဗြိတိန်မှ မိသားစု တစ်ခုသည် အပန်းဖြေခရီး ထွက်လာစဉ် ပြင်သစ်နိုင်ငံ အရှေ့ပိုင်း ဒေသ၌ ပစ်ခတ်သတ်ဖြတ်မှုနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ ယခုသေဆုံးမှုတွင် မိသားစုအနက် ဖခင်ဖြစ်သူ အမျိုးသား၏ အမည်ကို သိရှိရသော်လည်း အခြားသေဆုံးသူ အမျိုးသမီး နှစ်ဦး၏ ဆက်နွယ်မှုကို စုံစမ်းနေဆဲ ဖြစ်သည်။ စတုတ္ထမြောက် သေဆုံးသူမှာ စက်ဘီးစီးသူ တစ်ဦးဖြစ်ပြီး ကားအပြင်ဘက်တွင် ပစ်သတ် ခံထားရသည်။ အခြား မိန်းကလေးငယ် တစ်ဦးမှာ ကားတစ်ဖက်ခြမ်းတွင် ပြင်းထန်သော ဒဏ်ရာများနှင့် လဲကျနေပြီး ဆေးရုံတွင် အရေးပေါ် ကုသမှု ခံယူနေရသည်။

အခင်းဖြစ်ရာ မော်တော်ကားကို ရဲများက ကာရံပိတ်ဆို့ထားပြီးနောက် မှုခင်းဆေးပညာရှင်များကိုသာ ဝင်ခွင့် ပြုခဲ့ပြီးမှ ကလေးမလေးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယခုပစ်ခတ်မှုသည် ချက်ဗလိုင်း ရွာလေးအနီးရှိ ကားသုံးစင်း ရပ်နားနိုင်သည့် ကားပါကင် တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ ထိုရွာလေးသည် ဗြိတိန်နှင့် အခြားသော ကမ္ဘာလှည့် ခရီးသည်များ လာရောက် အနားယူလေ့ရှိသည့် လှပသော ရွာလေးတစ်ခု ဖြစ်သည်။ လက်ရှိအချိန်တွင်မူ ပြင်သစ် ရဲတပ်ဖွဲ့သည် အခင်းဖြစ်သည့် အခြေအနေ အသေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်သည်။ အလောင်းများကို ဖြတ်သွားဖြတ်လာ စက်ဘီးစီးသူ တစ်ဦးက ဗုဒ္ဓဟူးနေ့တွင် တွေ့ရှိခဲ့ပြီးနောက် ရဲများထံ အကြောင်းကြားခဲ့ခြင်းဟု သိရှိရသည်။
from;planet
  
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map