<div style='background-color: none transparent;'></div>

Home » » "ပညာပေးဇာတ်ကားတွေ ရိုက်ကူးတာနဲ့ ပတ်သက်ပြီး အာကာမြင့်အောင် ရဲ့ ဖွင့်ဟချက်"

"ပညာပေးဇာတ်ကားတွေ ရိုက်ကူးတာနဲ့ ပတ်သက်ပြီး အာကာမြင့်အောင် ရဲ့ ဖွင့်ဟချက်"

ရုပ်ရှင် အစည်းအရုံး က ဖွင့်တဲ့ သင်တန်း ကို တက်ရောက် ခဲ့ပြီး အနု ပညာလောက ထဲ ကိုဝင်ရောက် လာခဲ့သူ သရုပ်ဆောင် အာကာမြင့်အောင် က ဒါရိုက်တာမဟာ(M.Sc) ရိုက်ကူးခဲ့တဲ့ 'မြေမြ
ိုခံရသော မရင်ရွှေ' ဇာတ် ကား နဲ့ ပရိသတ် အားပေးမှုကို ရရှိထား သူဖြစ်ပါတယ်။ အချစ်၊ ဟာသ ဇာတ် လမ်း အရိုက်များ တဲ့အချိန်မှာ ဖြစ်ရပ်မှန် ဇာတ်လမ်း ကိုသာ အရိုက် များနေ တဲ့ အာကာမြင့်အောင် ကို " အာကာ ရုပ်ရှင် အစည်းအရုံး ကဖွင့်တဲ့ ၁/၉၈ သင်တန်း ဆင်းထားပါတယ်။ အာကာ အရင်တုန်းက ဆိုရင်တော့ ကိုယ့် ကာရိုက်တာ ကို ပရိသတ်တွေ မုန်းမှာ တအားကြောက်ခဲ့ ပါတယ်။ အခုတော့ ပရိသတ်တွေ ကလည်း တိုးတက် လာပါပြီ။ ဇာတ်လမ်းကို ဘယ်လိုကြည့် ပြီး ဘယ်အပိုင်း မှာ အတုယူ သင့်လဲဆိုတာ ကို ပေါ့။ ပရိသတ်တွေ မုန်းမယ်လို့ ပထမက တော့ ထင်သေးတယ်။ အာကာ လုပ်တဲ့ ကာရိုက်တာတွေက မုန်းစ ရာကောင်းတာ လေ။ ဒါပေမဲ့ ကိုယ်ပေးလိုက်တဲ့ အချက်အလက် တစ် ခုေ ကြာင့် ပရိသတ်တွေ ဗဟုသုတ ရပါစေ ဆိုပြီးလုပ်တယ်။ ကိုယ့် အနု ပညာ နဲ့ ပေါင်းစပ်ပြီးပေးလိုကတဲ့ အရာတစ်ခု သူတို့ ရင်ထဲရောက် သွားရင် ပဲ ကျေ နပ်ပါပြီ ဆိုပြီး လုပ်တာပါ။ မရင်ရွှေ ဇာတ်ကား မှာဆိုရင် ပရိသတ်တွေ အာကာ့ ကို တော်တော်လေး လက်ခံ လာကြလို့ ဝမ်းသာတယ်။ အဲဒီကားရိုက် တုန်းက ဆိုရင် တအား ပင်ပန်းတာ။ မိုးတွင်း လည်းဖြစ်တယ်လေ။ မိဘ ကို စော်ကား တဲ့ အခန်းတွေ ပါတယ် ဆိုတော့ ပွဲအရင် တင်တယ်။ ကိုယ့် ထက် အသက်ရော၊ ဝါရော အဆပေါင်းများစွာကြီးတဲ့ လူကြီးတွေကို ကြိုတင် ကန်တော့ တယ်။ တောင်းပန်ထားတယ်။ ပြီးမှ ရိုက်တာပါ။ အဲဒီကားဆိုရင် အာကာ မှတ်မှတ်ရရ မြေမြိုတဲ့ အခန်း ရိုက်မယ့်နေ့မှာ မိုးလုံးဝ မရွာ ဘူး နေ သာတယ်။ အဲဒီ အခန်းလည်း ရိုက်ရော ရွာလိုက်တဲ့မိုးတွေ အံ့သြ စရာေ ကာင်း တယ်။ ရေတွေ လည်း တက်လာလိုက်တာ တအားကို ပါပဲ။ အာကာ့ ဇာတ် ကားကို ကြည့်ပြီး မိဘတွေက သားသမီး ကို ဆိုဆုံးမရင် " မ ရင်ရွှေ လိုမြေမြို မယ်နော်" ၊ဒီဟာလေးထည့်ပြောတော့ ဝမ်းသာ ပီတိဖြစ် ခဲ့ရပါ တယ်" လို့ ပြောပါတယ်။ ပညာပေး ဇာတ်လမ်း အပေါ် အာ ကာမြင့်အောင် ရဲ့ အမြင်ကိုမေး ကြည်တဲ့ အခါမှာ..
" အာကာက အချစ်၊ ဟာသထက် ပညာပေး ဇာတ်လမ်းနဲ့ ပိုပြီးလိုက် ဖက်တယ်လေ။ ပြီးတော့ ပရိသတ် ကို အသစ် အဆန်း ပေး ချင်တာ လည်း ပါတယ်။ ' သားသမီး ကိုစားသော ပြိတ္တာမ' ဆိုရင် ဒီနေ့ ခေတ်ပေါ့။ အမျိုး သမီးတွေ သားသမီး မလိုချင် လို့ရတဲ့ ကိုယ်ဝန် ကိုဖျက်ချတာ။ ဒါ အန္တရာယ် သိပ်ကြီးတာ။ သန္ဓေ တားဆေးသုံးတာ။ ဒါတွေကို မလုပ်သင့်ဘူး ဆိုတာ ကို ပြချင် လို့ပါ။ အမျိုးသမီးတွေ အတွက် ပညာပေး ဇာတ်လမ်းပါ။ ပရိသ တ်တွေ အားပေးမှ အနုပညာ ရှင်တွေ က နေရာတစ်နေရာ ရကြတာပါ။ အာကာဆို ပရိသတ်တွေ အတွက် အမြဲ မေတ္တာပို့ ဖြစ်တယ်။ အာကာ့ ကားေ တွ ဆို အမြဲပြန် ကြည့်ပြီး ကိုယ့် ကိုယ် ကိုယ် အားမလို အားမ ရဖြစ် ရ တယ်။ နောက် ဇာတ်ကား တစ်ကားကို မှတ်မှတ်ရရပေါ့။ အာကာက ဝက် သား မစားဘူး။ ဒါပေမဲ့ အဲဒီ ကားမှာ ဝက်သားကို စားရတာ။ ဒါတော့ လုံးဝ မမေ့နိုင်တဲ့ အမှတ်တရပါ။ အချစ်ဟာသ ကားမှာ လာငှားတာတွေရှိ ပေမယ့် အာကာ က လက်မခံ ဘူး။ဘာလို့လဲ ဆိုတော့ အာကာက ကာရိုက်တာ ကို ပိုပြီး ဦးစားပေးတတ်လို့ပါ။ အခု ရိုက်မယ့် ဇာတ်ကားတွေရှိသေးတယ်။ ပရိ သတ်တွေ အားပေးပါဦး၊ ပရိသတ် အားပေးမှု ရမှရှေ့ဆက် ဖို့ ခွန်အား ရှိ တယ်" လို့ ပြောပါ တယ်။

ထူးထူး
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map