<div style='background-color: none transparent;'></div>

Home » » ဆန္ဒပြတယ်ဆိုတာ ကိုယ်တစ်ယောက်ထဲ အတွက်ဆိုရင် အဆင်မပြေနိုင်ဘူး ဆိုတဲ့ ချမ်းချမ်း

ဆန္ဒပြတယ်ဆိုတာ ကိုယ်တစ်ယောက်ထဲ အတွက်ဆိုရင် အဆင်မပြေနိုင်ဘူး ဆိုတဲ့ ချမ်းချမ်း

အဆိုတော် ချမ်းချမ်းကို စောစောစီးစီး ထူးထူးခြားခြား တွေ့ရတာက MCC ခန်းမရှိုးမှာပါ။ မိတ်ကပ်ဆရာနဲ့ အတူ ရောက်လာပြီး ပြင်ဆင်ချိန်မှာ အခြား အဆိုတော်များ တစ်ယောက်မှ ရောက်မလာသေးပါဘူး။
ဘာဖြစ်လို့ အစောကြီး လာတာလဲမေးတော့ “စောစောဆိုပြီး ပြန်ချင်တယ်။ မနက်ဖြန် မနက်စောစောကြီး ဖလိုက်နဲ့ ခရီးသွားရမှာမို့ပါ” လို့ပဲပြောပါတယ်။ သို့သော် ချမ်းချမ်းနောက်မှ ရောက်လာတဲ့သူတွေ တစ်ယောက်ပြီး တစ်ယောက် ဆိုပြီးမှ ရတနာမိုင်နောက်က ဆိုရတာ တွေ့ရပါတယ်။ “ပညာရေး ရံပုံငွေတစ်ပွဲ ဆိုဖြစ်တယ်။ အခု ရခိုင်ရံပုံငွေပွဲပေါ့။ ဒါပေမယ့် တိုက်ရိုက်လွှင့်တဲ့ ရိုက်ကူးရေးအတွက်တော့ နည်းပညာကြေး ယူပါတယ်။ ဒါကတော့ သူရော၊ ကိုယ်ရော အကျိုးစီးပွားအတွက် လုပ်ကြတာပဲလေ။

အလှူအတွက်တော့ ကုသိုလ်ရေး ဆိုပေးတာပါ” ပြောတဲ့ ချမ်းချမ်းက တေးရေးမေသော်ရဲ့ တစ်ခေတ်က ABBA သီချင်းများကို ပြန်ဆိုဖို့လည်း စီစဉ်နေပါတယ်။ အမျိုးသမီးအဆိုတော် ၃ ယောက် ဆိုကြမှာဖြစ်ပြီး ချမ်းချမ်းတစ်ယောက်တည်း ၃ ပုဒ်နဲ့ Group Songs တစ်ပုဒ်ပါဝင်တယ်လို့ သိရပါတယ်။ အလုပ်များသူမို့ မန်နေဂျာ မထားဘူးလား မေးတော့ “ထားပါတယ်။ သူက ညီမထက် နည်းနည်းငယ်တယ်။ အခု စာမေးပွဲ ဖြေနေလို့ပါ” လို့ ပြောပါတယ်။
ချမ်းချမ်းက မိတ်ကပ်ဆရာခေါ်ရတာ အဆင်ပြေတဲ့ ရန်ကုန်ပွဲများမှာသာ မိတ်ကပ်ဆရာနဲ့ လိမ်းပြီး နယ်ပွဲများမှာတော့ ကိုယ်တိုင် လိမ်းခြယ်ပါတယ်လို့ ဆိုပါတယ်။ အဆိုတော်များရဲ့ သီချင်း စာသားများကိုလည်း စိစစ်ရေး မတင်ရတော့တာမို့ အပြောင်းအလဲ ဘယ်လိုရှိလာနိုင်မလဲ မေးတဲ့အပေါ် “ညီမပြောချင်တာက သီချင်းစာသားတွေ လွတ်လပ်ခွင့် ရပြီဆိုတော့ ညစ်ညမ်းတာတွေ မရေးစေချင်ဘူး။ ခုတော့ လွတ်လပ်ခွင့်ရပြီဆိုရင် ဖော်မယ်၊ လှော်မယ်ဆိုတဲ့သူက ပိုများနေတယ်။ ဒီမိုကရေစီဆိုတာ ဘာကိုပြောတာလဲဆိုတာ သိသင့်တယ်။
လွတ်လပ်ခွင့် ရှိရမယ် ဆိုပေမယ့် မကောင်းတဲ့ဘက်မှာ ပိုများနေတာ စည်းကမ်း အခြေမခိုင်လို့ ဖြစ်မယ်လို့ ယူဆပါတယ်။ အခြေခံ စည်းကမ်းတွေ မချဘဲရပြီ၊ လွတ်လပ်ပြီဆိုပြီး လမ်းဘေးမှာ ထမင်းထိုင်စားလို့ မရဘူး။ ဒီကြားထဲ ဆန္ဒပြတယ်ဆိုတာ လွတ်လပ်ခွင့် မဟုတ်ပါဘူး။
ကိုယ်တောင်းဆိုတဲ့ အရာဟာ အများအတွက်လား၊ ကိုယ့်အတွက်ရော မှန်သလား၊ မှားသလားဆိုတာ ကြည့်ရမယ်။ အများအတွက် မဟုတ်ဘဲ ကိုယ့်တစ်ယောက်ထဲ အတွက်ဆိုရင် အဆင်မပြေနိုင်ဘူး။ ဒါကြောင့် ညီမအမြင်အရတော့ အခြေခံ စည်းကမ်းကောင်းတွေ အရင်လိုမယ်ထင်တယ်။ ပြီးမှ လွတ်လပ်ခွင့် တောင်းပါလို့ ပြောချင်ပါတယ်” ဆိုပါတယ်။
yoyarlay
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map