<div style='background-color: none transparent;'></div>

Home » » သြစတြေးလျမှာ မင်္ဂလာပွဲကျင်းပဖို့အတွက် "စက်တင်ဘာ ၁၄ရက်နေ့မှာ သြစတေးလျကို ထွက်ခွာမယ့် သက်နိုင်အောင်ဇေယျ နဲ့ သဇင်"

သြစတြေးလျမှာ မင်္ဂလာပွဲကျင်းပဖို့အတွက် "စက်တင်ဘာ ၁၄ရက်နေ့မှာ သြစတေးလျကို ထွက်ခွာမယ့် သက်နိုင်အောင်ဇေယျ နဲ့ သဇင်"

 သြစတြေးလျကို မသွားခင် ရန်ကုန်မှာ အနုပညာမောင်နှမတွေ၊သူငယ်ချင်း တွေနဲ့စုပြီး ပျော်ရွှင်စေဖို့ ပွဲလေးတစ်ပွဲကျင်းပဦးမှာဖြစ်ကြောင်းလည်း သဇင် က ပြောပါတယ်။ စက်တင်ဘာလထဲမှာပဲ သြစတြေးလျမှာ မင်္ဂလာပွဲ ကျင်းပမှာ ဖြစ်တဲ့အတွက် ဘာတွေပြင်ဆင်ထားတယ်ဆိုတာကို သဇင်က..သြစတြေးလျမှာ မင်္ဂလာပွဲကျင်းပဖို့အတွက် စက်တင်ဘာ ၁၄ရက်နေ့မှာ ခင်ပွန်းဖြစ်သူ သက်နိုင်အောင်ဇေယျနဲ့ သြစတြေးလျကို ထွက်ခွာမယ့် သဇင်က ၆လ ကျော်ကြာ သွားရောက်နေထိုင်မှာ ဖြစ်ပါတယ်
''ဟိုမှာက ဘူဖေးပုံစံမျိုးလုပ်မယ်။ ယောက္ခမက သူကိုယ်တိုင်လုပ် မယ်ဆိုပြီး ပြောတယ်။ သူငယ်ချင်း၊မိတ်ဆွေတွေနဲ့ ပျော်ပျော်ပါးပါးဖြစ်အောင် ပေါ့ပေါ့ ပါးပါးလေးပဲ လုပ်ဖြစ်မယ်။ ဟိုမှာတော့ သဇင်က မင်္ဂလာပွဲမှာ Dress ပုံစံလေး ပဲ ဝတ်မယ်လို့ စဉ်းစားထားတယ်"လို့ ပြောပါတယ်။
အိမ်ထောင်ကျပြီးနောက်ပိုင်းပိုဝလာတဲ့အတွက် ဝိတ်ချဖို့အစီအစဉ် ရှိလားလို့ သဇင်ကို မေး တော့ ကလေးယူမှာဖြစ်တဲ့အတွက် ဝိတ်မချသေးကြောင်း ပြောပါတယ်။ အမျိုးသားက ကလေးအရမ်းယူချင်နေပြီလားလို့မေးတော့ ''သဇင့် ဘက်ကရောသဇင့်အမျိုးသားရဲ့ အမေတွေ ဘက်ကရော၊ သဇင့်အမျိုးသား ကိုယ် တိုင်ကရော ကလေးတအားလိုချင်ကြ တယ်။ သဇင်ကလည်း ဒီဘက်မှာ တစ်ဦးတည်း သောသမီး၊သူကလည်း ဟိုဘက်မှာသား အကြီးဆိုတော့ ကလေးချီချင်နေကြပြီ။ တွေ့တဲ့ သူငယ်ချင်းတွေကလည်း မေးကြ တယ်။ 'ကလေးမယူသေးဘူးလား'
တဲ့။ မဟုတ်ပါဘူး။ တန်းယူနေပြီ။ အချိန် တန်ရင် သူ့ဘာသာသူရလာ လိမ့်မယ်လို့ ပြောရတယ်''လို့ ကလေးလို ချင်နေကြပြီဖြစ်တဲ့အတွက် သားသမီးအမြန်ဆုံးယူမှာဖြစ်ကြောင်းကို သဇင်က ပြောပြပါတယ်။


ဝဿန်၊ဓာတ်ပုံ-ကိုနိုင်(ပေါ်ပြူလာ)
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map