<div style='background-color: none transparent;'></div>

Home » » မန်ယူ နောက်တန်း ကစားသမား ရီယိုဖာဒီနန်ကသူ့ရဲ့ တွစ်တာ စာမျက်နှာမှာ “choc ice” လို့ ရေးသား ဝေဖန် ပြောဆိုမှုလုပ်ခဲ့လို့ FA ကတရားစွဲဆို

မန်ယူ နောက်တန်း ကစားသမား ရီယိုဖာဒီနန်ကသူ့ရဲ့ တွစ်တာ စာမျက်နှာမှာ “choc ice” လို့ ရေးသား ဝေဖန် ပြောဆိုမှုလုပ်ခဲ့လို့ FA ကတရားစွဲဆို


မန်ယူ နောက်တန်းကစားသမား ရီယိုဖာဒီနန်

ချယ်လ်ဆီးကစားသမား ဂျွန်တယ်ရီကို အမှု စစ်ဆေးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မန်ယူနောက်တန်းကစားသမား ရီယိုဖာဒီနန်က သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ “choc ice” လို့ ရေးသား ဝေဖန် ပြောဆိုမှုလုပ်ခဲ့လို့ အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်(FA) က ရီယိုဖာဒီနန်ကို တရားစွဲဆိုခဲ့ပါတယ်။

ဂျွန်တယ်ရီနဲ့ အမှု ဖြစ်ခဲ့တဲ့သူဟာ ရီယိုဖာဒီနန်နဲ့ ညီအစ်ကို တော်စပ်သူ အန်တွန်ဖာဒီနန်ကို ဂျွန်တယ်ရီက လူမျိုးရေးခွဲခြား ဆက်ဆံမှုရှိခဲ့တယ်ဆိုတာကြောင့် FA ရဲ့ အမှုစစ်ဆေးခြင်းကို ခံခဲ့ရခြင်း ဖြစ်ပါတယ်။

အဲဒီ အမှုစစ်ဆေးခြင်းနှင့် ပတ်သက်၍ ရီယိုဖာဒီနန်က ဂျွန်တယ်ရီ ဘက်ကနေ မျက်မြင် သက်သေ အကာအကွယ်ပေး လိုက်ပေးခဲ့တဲ့ ချယ်လ်ဆီး နောက်တန်းကစားသမား အက်ရှ်လေးကိုးလ်အား ရီယိုဖာဒီနန်က သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ဝေဖန်မှုတွေ လုပ်ခဲ့တာကြောင့် ယခုလို FA ရဲ့ တရားစွဲဆိုမှုကို ခံရတာပါ။

ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလကလည်း ချယ်လ်ဆီး နောက်တန်းကစားသမား ဖြစ်တဲ့ ဂျွန်တယ်ရီနဲ့ ရီယိုဖာဒီနန်တို့ စာကားများခဲ့ကြတယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

အခု လက်ရှိတော့ ဂျွန်တယ်ရီ အမှုရင်ဆိုင်နေရတဲ့ အပေါ်မှာ ရီယိုဖာဒီနန်က ဝေဖန်မှုများပြုလုပ်ခဲ့ခြင်းကြောင့် FA ကနေ မန်ယူ နောက်တန်းကစားသမား ရီယိုဖာဒီနန်အား တရားစွဲဆိုလိုက်တာကို The Sun အွန်လိုင်းစာမျက်နှာမှာ ဖော်ပြထားပါ တယ်
 http://blog.irrawaddy.org/2012/08/fa.html
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map