<div style='background-color: none transparent;'></div>

Home » » ပြည်ပအလုပ်အကိုင်အခွင့်အလမ်း၌ ထိုင်းနိုင်ငံအား တရားဝင်ရွေးချယ်လာနိုင်သောကြောင့် မလေးရှားသို့ သွား ရောက်လုပ်ကိုင်လိုသူဦးရေ ကျဆင်းလာ

ပြည်ပအလုပ်အကိုင်အခွင့်အလမ်း၌ ထိုင်းနိုင်ငံအား တရားဝင်ရွေးချယ်လာနိုင်သောကြောင့် မလေးရှားသို့ သွား ရောက်လုပ်ကိုင်လိုသူဦးရေ ကျဆင်းလာ


ပြည်ပအလုပ်အကိုင် အခွင့်အလမ်း၌ ထိုင်းနိုင်ငံအားတရားဝင် ရွေးချယ်လာနိုင်သောကြောင့် မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်လိုသူ ဦးရေကျဆင်းလာကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေ ဂျင်စီများထံမှ စုံစမ်းသိရှိရသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မလေးရှား၊ စင်္ကာပူနှင့်ထိုင်းနိုင်ငံများသို့ အလုပ်သွား ရောက်လုပ်ကိုင်မှုအများဆုံးဖြစ်ပြီး ယခင်က ထိုင်းနိုင်ငံသို့ တရားမ၀င်လမ်းကြောင်းများမှသာ သွားရောက်လုပ် ကိုင်ကြသော်လည်း ၂၀၁၁ ခုနှစ်အောက်တိုဘာလမှစတင်ကာ အလုပ်သမားယာယီမှတ်ပုံတင် ကတ်များတိုးချဲ့ ထုတ်ပေးခြင်း၊ ထိုင်းနိုင်ငံသို့သွားရောက်လုပ်ကိုင်ရန် တရားဝင်ခွင့်ပြုလိုက်ခြင်းများကြောင့် ထိုင်းနိုင်ငံသို့သွား ရောက်ရန် ပိုမိုစိတ်ဝင်စားလာကြကြောင်း သိရှိရသည်။


“ထိုင်းကိုသွားလုပ်ဖို့ အေဂျင်စီတွေတရားဝင် မသတ်မှတ်ရသေးပေမယ့် အေဂျင်စီတချု့က ဌာနကို တရားဝင်ခွင့်တောင်းပြီး ပို့ပေးနေတာမျိုးရှိတယ်။ နောက်ထိုင်းနဲ့ မလေးရှားသွားမယ့် ကုန်ကျစရိတ်ချင်း ယှဉ်ရင်လည်း ထိုင်းက ပိုသက်သာတော့ ထိုင်းကိုပိုစိတ်ဝင်စားလာကြတယ်”ဟု တိမ်ပန်းချီပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှမန်နေဂျင်းဒါရိုက်တာ ကိုအောင်ကျော်မြင့်က ပြောပြခဲ့သည်။

“မလေးရှားက ဒီနောက်ပိုင်း ပိုစိစစ်လာတာလည်းပါတယ်။ အရင်က calling တစ်ခုတည်းနဲ့ သွားလို့ရတယ်။ အခုက နိုင်ငံခြားရေးဝန်ကြီးရုံးကလည်း အဆင့်ဆင့်စိစစ်ပြီး တဆိပ်တုံးသွားထုရတာ သုံးပတ် လောက်ပိုသွားတယ်။ စည်းစနစ်ပိုကျတယ်။ အချိန်ပိုကြာသွားတယ်။ အစောဆုံးနှစ်လကြာမှသွားလို့ရမယ်။ သွားမယ့်လူက မစောင့်ချင်တော့ဘူး။ ထိုင်းကသွားမယ်ဆိုတာနဲ့ ချက်ချင်းသွားလို့ရတော့ ထိုင်းကိုပဲပိုသွားချင် ကြတယ်”ဟု နှင်းဦးဝေ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှတာဝန်ရှိသူက ပြောပြခဲ့သည်။

 Weekly Eleven News Journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map