<div style='background-color: none transparent;'></div>

Home » » ယနေ့ အဆိုပြုမယ့် ဒုသမ္မတတယောက်ကကာကွယ်ေ ရး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းခန့်မှန်းထား

ယနေ့ အဆိုပြုမယ့် ဒုသမ္မတတယောက်ကကာကွယ်ေ ရး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းခန့်မှန်းထား


ယနေ့ အဆိုပြုမယ့် ဒုသမ္မတတယောက်ကကာကွယ်ေ ရး  ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဖြစ်လိမ့်မယ် တဲ့။ ဒုသမ္မတ အဖြစ် ကနေ အနားယူသွားတဲ့ သီဟသူ ရဦးတင်အော င်မြင့်ဦးနေရာ အစားထိုး ဖို့ ဖြစ်ပါတယ်။ရန်ကုန် တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေက ဒုသမ္မ တဖြစ်လာ မယ်လို့ သေချာသေ လာက် ရှိခဲ့ပြီးမှသူ့မိသား စုဝင်ထဲကတ ဦးဟာ ပြည်ပနိုင်ငံ သားခံယူမှုနဲ့ ဆက်စ ပ်နေ တယ် ဆိုတဲ့ သတင်းထွ က် ခဲ့ ပါ တယ်။ ဒီအချ က်ဟာ အခြေ ခံဥ ပဒေပါ ပြဋ္ဌာန်းချက်နဲ့ ကိုက် ညီ မှု မရှိတာကြောင့် ဦးမြင့်ဆွေ ကို ဒုသမ္မတ တာဝန်ပေးရေး ပျက်ခဲ့ရတာပါ။

အခု ရေပန်းစားနေပြန်တဲ့သူကတော့ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းပါ။


အချိန်အတန်ကြာမှ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း သတင်းကြီးလာပုံထောက်တော့ သူဟာ အခြေခံဥပဒေပါ ဒုသမ္မတစည်းကမ်းချက်များနဲ့ ကိုက်ညီမယ်လို့ ယူဆရပါတယ်။

သတင်းတွေမှာ သူ့အကြောင်း အများကြီး မရှိပါဘူး။

ဧရာဝတီမှာ ဖော်ပြခဲ့သမျှကလည်း သူ့ရဲ့ တရားဝင်ခရီးစဉ်များအကြောင်းပဲ ဖြစ်ပါတယ်။
လေ့လာလိုသူများအတွက် လင့်တွေကို စုစည်းပေးလိုက်ပါတယ်။


ကာချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းတို့ကို တချိန်က တွေ့ရတဲ့ပုံပါ

ဒု သမ္မတ ဘယ်သူဖြစ်မလဲ ဆိုတဲ့ သတင်းမှာ အခုလို တွေ့ရပါတယ်။
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက ရာထူးအတွက် တပ်မတော်သားအရာရှိကိုသာလျှင် ပေးအပ်မယ်လို့ သိရှိထားတာကြောင့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဖြစ်နိုင်ခြေများတယ်လို့ ဧရာဝတီကို ပြောပါတယ်။ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဟာ အငြိမ်းစားယူဖို့နီးကပ်နေပြီး တပ်မတော်ရဲ့ အစဉ်အလာအရလည်း ဒု သမ္မတ ဖြစ်ထိုက်တဲ့ အတွေ့အကြုံများရှိ နေကြောင်း ဦးအောင်သောင်း က ဆိုပါတယ်။

၂၀၁၀ ဖေဖော်ဝါရီ - အိန္ဒိယခရီး

၂၀၁၁ နိုဝင်ဘာ - ကာချုပ် မင်းအောင်လှိုင်ရဲ့ တရုတ်ပြည်ခရီးစဉ်မှာ ပါဝင်


၂၀၁၁ ဒီဇင်ဘာ - ဘင်္ဂလားဒေ့ရှ်ခရီး

၂၀၁၂ မတ် - တရုတ်ပြည်သို့ တပတ်ကြာ သွားရောက်

၂၀၁၂ ဇွန် - ပါကစ္စတန်ခရီး
From -ဧရာဝတီ သတင်းဌာန
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map