<div style='background-color: none transparent;'></div>

Home » » ဖြိုးငွေစိုးနဲ့ အတူ နှစ်ယောက်ပေါင်း လောင်းကျော် လာပြန်တဲ့ ဝိုင်းစုခိုင်သိန်း

ဖြိုးငွေစိုးနဲ့ အတူ နှစ်ယောက်ပေါင်း လောင်းကျော် လာပြန်တဲ့ ဝိုင်းစုခိုင်သိန်း


ဝိုင်းစုခိုင်သိန်းက ‘နှစ်ယောက်ပေါင်း လောင်းကျော်’ ဆိုတဲ့ ဇာတ်ကားကို ဖြိုးငွေစိုးနဲ့ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကား ရိုက်ကူးပြီးတာနဲ့ နယ်တွေမှာ သီချင်းသွား ဆိုမှာ ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းက ဇာတ်ကား ရိုက်ကူးမှုတွေကို ဇာတ်လမ်းအပေါ် မူတည်ပြီး ရိုက်ဖြစ်တယ်လို့ ပြောပါတယ်။
"ဝိုင်းစုကတော့ တတ်နိုင်သမျှ ကြိုးစားတယ်။ ကိုယ့်ဘက်က တတ်နိုင်သမျှ ကြိုးစားမှုနဲ့ ကံရယ်၊ စန်းရယ်ကလည်း ပါတယ်။ အချိန်လည်းညှိပြီး လုပ်ရတယ်။ အဓိက,ကတော့ ကိုယ့်ဆီအရင်လာတဲ့ အလုပ်ပေါ် မူတည်ပြီး ဦးစားပေး လုပ်တယ်။ ညှိလုပ်တယ်။ အလုပ်နှစ်ခု လုပ်တယ်ဆိုတော့ တတ်နိုင်သမျှ ညှိရတယ်။ ကိုယ့်မှာရှိတဲ့ အချိန်တွေအားလုံး ပေးပြီး လုပ်တော့ အဆင်ပြေပါတယ်” လို့ ဆိုပါတယ်။ အောင်မြင်မှုရဖို့ ကံရယ်၊ စန်းရယ်၊ ကြိုးစားမှုရယ်လည်း လိုတယ်လို့ ဆိုတာကြောင့် ကံကောင်းအောင် ဗေဒင်မေးပြီး လုပ်လေ့ရှိလား ဆိုတော့..
"ဗေဒင် မေးတာကတော့ ဆောင်ရန်၊ ရှောင်ရန် မေးတာမျိုးက အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒါကြီးကို တအားယုံကြည်ပြီး တထစ်ချ ဒါပဲဖြစ်မယ် ဆိုတာမျိုးတော့ ဝိုင်းစု လက်မခံဘူး။ ကိုယ့်မှာ အန္တရာယ် ကျရောက်နိုင်တယ် ဆိုရင် ဘယ်လိုနေမလဲ၊ ရှောင်မလဲလောက်ပဲ လုပ်တယ်။ အစွဲတော့ မရှိဘူး။
ဥပမာ - ဝိုင်းစု အခွေကို ဘယ်အချိန်မှာ ဘာလုပ်သင့်တယ် ဆိုတာ မျိုးလောက်တော့ ယုံကြည်ချင် ယုံကြည်မယ်။ ကျန်တာကတော့ ကိုယ်လုပ်မှ ကိုယ်ဖြစ်မယ်လို့ ထင်တယ်။ ကိုယ်လုပ်မှပဲ အရာရာတိုင်းက ဖြစ်မြောက်မှာလေ” လို့ ပြောပြပါတယ်။ ဝိုင်းစုခိုင်သိန်းရဲ့ ‘မျက်လှည့်’ ဗီစီဒီ ရိုက်ကူးမှုက တစ်ပုဒ်ပဲ ကျန်တော့တဲ့ အတွက် တစ်လ၊ နှစ်လအတွင်း ထွက်နိုင်အောင် ကြိုးစားနေပြီး ကားရိုက်နဲ့ မျှလုပ်နေတဲ့အတွက် လစ်ဟင်းမှု ရှိခဲ့ရင် ပရိသတ်ကြီး နားလည်ပေးပါလို့ ဆိုခဲ့ပါတယ်။
popular news
Share this article :

1 comments:

3rdthameetaw said...

နားလည်ပါတယ် ကောင်မလေးအောင်မြင်ပါစေလို့ ..
ပျော်ရွှင်ခွင့်လည်းရပါစေလို့ ...

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map