<div style='background-color: none transparent;'></div>

Home » » သမီးဖြစ်သူရဲ့ အမူအကျင့်တွေအကြောင်း ပြောပြတဲ့ အိန္ဒြာကျော်ဇင်

သမီးဖြစ်သူရဲ့ အမူအကျင့်တွေအကြောင်း ပြောပြတဲ့ အိန္ဒြာကျော်ဇင်


အိန္ဒြာကျော်ဇင်က လူမင်း၊မြင့်မြတ်၊ အောင်ရဲလင်းတို့နဲ့ ဗီဒီယို၆ကား ရိုက်ကူးဖို့  ပြင်ဦးလွင်ကို ရောက်ရှိ နေပါတယ်။ ပြင်ဦးလွင်မှာ ရိုက်မယ့်ကားတွေ ကတော့ ဇာတ်ကား ဆန်းဆန်းတွေချည်းပဲလို့ ပြောတဲ့ အိန္ဒြာကျော်ဇင်က ဟိုးအရင်ကတော့ သရဲ ကားကို ပါးပါးလေးလောက်ပဲရိုက်ဖြစ်ခဲ့ တယ်လို့ပြောပြီးပြင်ဦးလွင်မတက်မီ နေတိုး နဲ့ ရိုက်ခဲ့တဲ့ သရဲကားမှာတော့ ပီပီပြင်ပြင်ကို လုပ်ခဲ့ရတယ်လို့ ပြောပါတယ်။
ဟိုးအရင် ပြင်ဦးလွင်ရိုက်ကွင်းအပြီး နားရတာထက် အခုအခါမှာပိုပျော် ဖို့ကောင်းတယ် လို့ပြောတဲ့အိန္ဒြာကျော်ဇင်က အခုအခါမှာတော့ သမီးဖြစ်သူပါလာတဲ့အတွက် ပိုပျော်တာလို့ ပြောပြီးသမီးဖြစ်သူ ရန်ကုန်မှာကျန်ခဲ့ ရင်တော့ နောက်ဆံ တင်းနေမှာလို့ ဆိုပါတယ်။ ဇာတ်ကားရိုက်ကူး နေတဲ့အချိန်မှာသာ ဇာတ်လမ်းကို စိတ်နှစ်ထားပြီးနားတာနဲ့ သမီးကိုပဲတစ်ချိန်လုံး သတိရပြီး ရိုက်ကွင်းကနေ ခဏခဏဖုန်းဆက်ဖြစ် တယ်လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။ သမီးဖြစ်သူနဲ့ပတ်သက်ပြီး ”သူက တအားသိတယ်။ မျက်လုံးတွေ၊ ဘာတွေကအစပေါ့။ ပြီးတော့ အမှတ်သိပ်ကြီးတယ်။ စိတ်ကောက်တတ်တယ်။ သူ့ကိုမခေါ်တဲ့ ပုံစံလုပ်လိုက်ရင် သူကမှတ်ထားပြီးနောက် တစ်ခါခေါ်ရင်မလိုက်ဘဲ စိတ်ကောက်တတ်တယ်”လို့ ပြောပါတယ်။ ကလေး စိတ်ကောက်တတ်တဲ့ အကျင့်ကိုအဖေနဲ့ အမေဘယ်သူဆီက ရထားတာလဲလို့ မေးတော့” (ရယ်လျက်) အဲဒီအကျင့်က အစ်မတော့မဟုတ်ဘူး။ ကိုပြေတီဦးလည်း မကောက်တတ်ပါဘူး။ မိန်းကလေးမို့ သူ့ဟာသူရလာတာထင်တယ်။ အစ်မက တနင်္ဂနွေသမီးဆိုပေမယ့် စိတ်မကောက်တတ်ဘူး။ သမီးလေးက သောကြာဖြစ်ပြီး စိတ်ကောက်တာ။ ငယ်သေးလို့ ဖြစ်မှာပါ။ ကြီးလာရင် ဘယ်လိုပုံစံပြောင်းမလဲ မသိသေးဘူး”လို့ ပြောပါတယ်။ မန္တလေးမှာ ဇာတ်ကားသွားရိုက်တဲ့အခါ အိန္ဒြာကျော်ဇင်က သမီးဖြစ်သူကို ခေါ်သွားတာကြောင့် ဖခင်ပြေတီဦးက ပြင်ဦးလွင် မှာကားရိုက်ရင်းလွမ်းပြီး ကျန်ရစ်ခဲ့တယ်လို့  ပြေတီဦးက သမီးဖြစ်သူကို တအားချစ်ကြောင်း ဆိုပါတယ်။ ပြေတီဦး ပြင်ဦးလွင်မှာ တင်းနစ်ရိုက်တဲ့ အခါအမြဲ မလိုက်ဖြစ်ခဲ့ဘဲတစ်ခါတလေ ညနေဘက်ကစားရင်တော့ သမီးဖြစ်သူနဲ့ လိုက်သွားဖြစ်တယ်လို့ အိန္ဒြာကျော်ဇင်က ပြောပြခဲ့ပါတယ်။
နေကွန်းထင်
popular news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map