<div style='background-color: none transparent;'></div>

Home » » ကလေး တွေ ကို မြေတိုက်ခန်း ထဲ မှ ဖမ်းဆီးထား တဲ့ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် တွေ ကို အရေးယူမည်

ကလေး တွေ ကို မြေတိုက်ခန်း ထဲ မှ ဖမ်းဆီးထား တဲ့ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် တွေ ကို အရေးယူမည်

 
 
ရုရှား နိုင်ငံ ရှိ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် က မြေတိုက် ခန်း တွင် နှစ် ပေါင်း များ စွာ
ပိတ်လှောင် ခံထား ရသည့် ကလေး များ ကို ရုရှား အာဏာ ပိုင်များ က ပြန်လည် ကယ် တင် နိုင်
ခဲ့ ပြီ ဖြစ်သည်။
မြေတိုက် ခန်း ထဲ တွင် ပိတ်လှောင် ခံထား ရစဉ်  ကလေးများ မှာ နေရောင် ကို လုံးဝ မြင်ရ ခြင်း မရှိဘဲ
ချမ်းအေးသည့် ရာသီ များ တွင် အပူပေး စက် များ ဖွင့် လှစ် ပေး ခဲ့ ခြင်း မရှိ ဟု CNN သတင်း
တွင် ဖော် ပြ ထား သည်။
ပိတ်လှောင် ခြင်းခံထား ရသူများ ကို ပြန်လည် ကယ် တင် ရာ တွင် ကလေးများ နှင့် အရွယ် ရောက်
ပြီး သူများ မှာ ကျန်းမာ ရေး ကောင်း မွန် သော်လည်း ၊ ညစ်ပတ် နံစော် လျှက် ရှိသည် ဟု ရုရှား
ကယ် ဆေး ရေး အဖွဲ့  များ က ဆိုသည်။ 
ကလေးများ ကို ဖမ်းဆီးထားသည့် တာတာစတန် ဒေသမှ မွတ်ဆလင် ဗလီ
ကလေးများ ကို ဖမ်းဆီးထားသည့် တာတာစတန် ဒေသမှ မွတ်ဆလင် ဗလီ

ဖမ်းဆီး ခံထားရသူများ တွင် ၂၇ ဦး မှာ ၁၈ နှစ် အောက် ကလေးများ ဖြစ် ပြီး  ၃၈ ဦးမှာ အရွယ်
ရောက် ပြီး သူများ ဖြစ်ကြ သည်။ ကယ် ဆယ် နိုင်ခဲ့ သည့် ကလေး များ တွင် အသက် ၁ နှစ်မှ
၁၈ နှစ် အရွယ် ထိ ပါ ၀င် ပြီး အချို့ မှာ ထို မြေအောက် ဘန်ကာ ထဲ တွင် ပင် မွေးဖွား ခဲ့ ခြင်း ဖြစ်
သည်။
ရုရှား နိုင်ငံ မှ အယ်(လ)ဂျာဇီးယား  သတင်း ထောက် မယ်လီဆာ ချန်း  ၏ သတင်း ပေး ပို့  မှု တစ်
ခုတွင် တမန်တော် နှင့် အဆက် အသွယ် ရှိသည် ဆို သည့် အသက် ၈၃ နှစ် အရွယ်  မွတ်ဆလင်
ဘာသာရေး ခေါင်းဆောင် ဖိုင်ဆရာ ခါမန်း ဆာတာရောဗ် က ထို မြေအောက် ဗလီ နန်းတော် ရှိ
သည့် နေရာ သည် အစ္စလာမ် လွတ်မြောက် နယ် မြေဖြစ် ၍ ရုရှား အစိုး ရ နှင့် မသက် ဆိုင် ဟု
ဆိုသည်။ ၎င်းသည် ရုရှား နိုင်ငံ ၏ ဥပဒေ များ ကို လည်း ဂရု မစိုက် ဟု ဆိုသည်။
သုံးထပ် အဆောက် အဦ ၏ မြေအောက် ရှစ်ထပ် မြောက် တွင် ဖမ်းဆီး ခံ ထား ရသူ များ အလယ်
အလတ် ကျသည့် တာတာစတန် ဒေသမှ မွတ် ဆလင် ဘာသာ ၀င် များ ဖြစ်သည်။ 
ဒါဇင် နှင့် ချီသည့် ကလေး များ ကို ဖမ်းဆီးထား သည့် ရုရှား လှို့ ဝှက် အစ္စလာမ် ဘာသာရေး
ဂိုဏ်းခေါင်း ဆောင် များ ကို ကလေး သူ ငယ် ဖိနှိပ် ညှင်းပန်း နှိပ် စက် မှု ဖြင့် အရေးယူ မည်
ဖြစ်သည်။ 
ကလေးများ အား ဖမ်းဆီးထား သည့် မြေတိုက်ခန်း
ကလေးများ အား ဖမ်းဆီးထား သည့် မြေတိုက်ခန်း
Russia, Sect,
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map