<div style='background-color: none transparent;'></div>

Home » » သြဂုတ်လ ၉ ရက်နေ့ထုတ် ရန်ကုန်တိုင်းသတင်းဂျာနယ်မှာကျောက်တန်းရေလယ်ဘုရားရေလွှမ်းသတင်းအားငြင်းပယ်ပါသည်

သြဂုတ်လ ၉ ရက်နေ့ထုတ် ရန်ကုန်တိုင်းသတင်းဂျာနယ်မှာကျောက်တန်းရေလယ်ဘုရားရေလွှမ်းသတင်းအားငြင်းပယ်ပါသည်


သြဂုတ်လ ၉ ရက်နေ့ထုတ် ရန်ကုန်တိုင်းသတင်းဂျာနယ်မှာ သတင်းထောက် “ဖူးပွင့်သော်”က ““ကျောက်တန်းရေလယ်ဘုရား ၀ါဆိုလပြည့်နေ့၌ ရင်ပြင်ပေါ် အထိ မကြုံစဖူးရေလွှမ်း””ဆိုပြီး ကိုယ်တိုင် ကြုံတွေ့ခြင်းမဟုတ်ဘဲ သတင်းကြားနဲ့ ရေးလိုက်တဲ့ သတင်းကို ဖတ်လိုက်ရတဲ့အခါ နယ်ခံသတင်းထောက်တစ်ယောက် အနေနဲ့ အံ့သြတုန်လှုပ်ခဲ့ရသလို ရပ်ဝေးမိတ်ဆွေများရဲ့ စုံစမ်းမေး မြန်းသည်ကို ဖြေပေးနေရတဲ့ ပင် ပန်းမှုဒုက္ခကိုလည်း ခံစားရပါ တယ်။
သတင်းမှာပါသလို ဘုရား ပေါ်ရောက်နေကြတဲ့လူတွေအား လုံးကြောက်ပြီး ကမ္ဘာပျက်မတတ် ဘဲ ရေတွေတက်လာတာ အရမ်း မြန်တယ်။ လူကြီးအရပ်တောင် ဒူးလောက်မြုပ်တယ်ဆိုတာတွေက တော့ လွန်လွန်း(ပိုလွန်း)ပါတယ်။


မြို့ဘက်ရေလယ်ဘုရားလမ်း ပေါ် ရေကျော်လို့ ရေထဲလျှောက် သွားနေတဲ့အချိန်မှာ စေတီတော် ရင်ပြင်မှာ ရေကျော်ခြင်းမရှိတာ ဒေသခံပြည်သူတွေအသိ ဖြစ်ပါ တယ်။ မည်သည့်ကာလတွင်မှ မဖြစ်ခဲ့ဖူး၊ မမြင်တွေ့ခဲ့ဘူးပါ။
ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်း ရေလယ်စေတီ တော်တည်ရှိရာ မှော်ဝန်းမြစ်ဟာ ပင်လယ်နဲ့နီးတဲ့အတွက် ရေတက် ရေကျရှိပေမယ့် ဒီရေတက်သလို မပြင်းထန် မမြန်ပါ။ အခုသတင်း က ဆူနာမီလာသလို ရေးထား တာဖြစ်နေပါတယ်။ နာဂစ်မုန် တိုင်းကာလ ရေကြီးစဉ်ကလည်း စေတီရင်ပြင်ကို ရေမလွှမ်းခဲ့ပါ။ မြတ်ဗုဒ္ဓတန်ခိုးတော်ကြောင့် စေတီတော်အောက်မှာ အပျက် အစီးမရှိ၊ အုန်းပင်များပင် ပကတိ အတိုင်းရှိနေတာ ဘုရားဖူးများ မြင်တွေ့နေကြပါတယ်။
ဤကဲ့သို့ တန်ခိုးတော်အနန္တ နှင့် ပြည့်စုံတော်မူသော စေတီ တော်သို့ လာရောက်ဖူးမြော်ကြ မည့်သူများ ထိတ်လန့်စေရန် မမှန် သတင်းရေးသားခြင်းများကို ရှောင်ရှားသင့်ပါသည်။
သတင်းတွင် ရေးသားသကဲ့ သို့ ဘုရားဖူးများ အန္တရာယ်မဖြစ် ပေါ်စေရန် ထပ်မံစေလွှတ်ခြင်း မရှိ ဆိုသည်မှာလည်း မမှန်ပါ။ ဘုရားဖူးပြီး ပြန်လိုသူများ များ ပြားသည့်အတွက် စက်သမ္ဗန်များ အားလုံး သွားရောက်ကြိုဆိုခြင်း ဖြစ်ပြီး ကျန်ဘုရားဖူးများကိုလည်း ညနေ ၅ နာရီအထိ ပို့ဆောင်ပေး ကြောင်း တာဝန်ကျ ရေယာဉ် တာဝန်ရှိသူများအား အသိပင် ဖြစ်ပါသည်။
ရန်ကုန်တိုင်းဂျာနယ်က သတင်းထောက်ဖူးပွင့်သော်၏ မမှန်သတင်း တင်ပြခြင်းကြောင့် ဒေသခံပြည်သူများ စိတ်မချမ်း မြေ့ ၀မ်းနည်းမှုဖြစ်ကြရသလို ပြည်ပမှလာရောက်ကြသူများအနေ ဖြင့် ရှေးဟောင်းသမိုင်းဝင် ကျိုက် မှော်ဝန်းရေလယ်စေတီအပေါ် သက်ဝင်ယုံကြည်မှု လျော့ပါး သွားမည်ဆိုပါမူ…။

 စိုးဝင်း(ကျောက်တန်း)
hot news journal
Share this article :

1 comments:

Unknown said...

ဖူးပွင့်သော် က ဘုရား ရဲ့ဆံတော်တွေ ဘယ်နယ်ခုရှိလည်း ဆိုတာရော သိလို့လား....!

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map