<div style='background-color: none transparent;'></div>

Home » » ပုသိမ်မြို့မှာ ကျောင်းကြိုပို့ယာဉ်တိမ်းမှောက် ၊ ကျောင်းသား(၁၇)ဦး ဆေးရုံတင်ရ

ပုသိမ်မြို့မှာ ကျောင်းကြိုပို့ယာဉ်တိမ်းမှောက် ၊ ကျောင်းသား(၁၇)ဦး ဆေးရုံတင်ရ


ယခုလ၁၁ရက်နေ့ညနေ၄နာရီခန့်ကပုသိမ်မြို့မဟာဗန္ဓုလလမ်းတိုင်းမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ရုံးရှေ့တွင်   ကျောင်းသားကျောင်းသူ(၂၅)ဦး တင်ဆောင်လာသော ၈င/၁၈၂၃ လိုက်ထရပ်အဖြူ တိမ်းမှောက်မှုကြောင့် ကျောင်းသား/သူ ၁၇ဦး ဆေးရုံတင်ထားရကြောင်းသိရှိရသည်။



အဆိုပါကားသည်ပုသိမ်မြို့ထဲမှ ကင်မလင်းကျွန်း ရပ်ကွက်ဘက်သို့ အရှိန်ပြင်းစွာမောင်းနှင်လာစဉ် လမ်းလယ်အုတ်ရိုးနှင့် ဓါတ်တိုင်ကို ၀င်ရောက်တိုက်ခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေများက ဆိုသည်။




“ကားကပထမ ကျွန်တော့်ဆိုင်ကယ် ဘေးကနေတောင် ဟွန်းမပေးဘဲ အတင်းကျော်တက်သွားတာ နှစ်စီးအပြိုင် မောင်းနေတာ၊ မျက်စိရှေ့မှာပဲ အရှိန်မထိန်းနိုင်လို့ လမ်းလယ်က ဓါတ်တိုင်ကို ၀င်တိုက်မိတာ” ဟု ဆိုင်ကယ် ကယ်ရီသမား ကျော်ထိုက်က ပြောသည်။



တိမ်းမှောက်ခဲ့သော ကားမှာ ပုသိမ်မြို့ရှိ အဝေးပြေးကားဂိတ် စခန်းအနီးရှိ ရပ်ကွက်များမှ မြို့ထဲရှိ ကျောင်းများ တွင် တက်ရောက်နေသော ကျောင်းသာ/သူ များကို ယဉ်စီးခယူ၍ အသွားအပြန် ပို့ဆောင်ပေး နေသောကား ဖြစ်ကြောင်း ကားဂိတ်မှတဆင့် သိရသည်။



“အဲ့ဒီလို ပို့ပေးနေတဲ့ ကား၃/၄ စီးရှိတယ်၊ သားလည်းအဲ့ဒီနေ့ကမှ ကံဆိုးပြီး အဲ့ဒီကားပေါ်ပါသွားတာ” ဟု မူးဝေဒဏ်ရာ ရရှိခဲ့သူ (၅)တန်းကျောင်သား ငြိမ်းချမ်းကိုကို ကပြောပြသည်။



ကားပေါ်တွင် လိုက်ပါခဲ့သော ကျောင်းသားကျောင်းသူများမှာ ပုသိမ်မြို့လယ်ရှိ အ.ထ.က(၃)နှင့်အ.လ.က(၁) ကျောင်း တို့တွင် တက်ရောက်ပညာ သင်ကြားနေသော ကျောင်းသား/သူ များဖြစ်ကြသည် ဟု ယဉ်ထိန်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



 “တခြားကားတွေကို လိုက်ကျော်ပြီး တအားမောင်းလာတာ၊ ဂေါက်ကွင်း နားရောက်တော့ ချမ်းမြေ့အေး ကြို ပို့ကား ကိုကျော်ရင်း အရှိန်မထိန်းနိုင်ပဲ ၀င်တိုက်လို့ ကားမှောက် သွားတာ”ဟု ကားပေါ်တွင် ပါလာခဲ့ပြီး တိမ်းမှောက်ချိန်တွင် ဦးခေါင်းဖူးရောင် ဒဏ်ရာရရှိခဲကသူ (၈)တန်းကျောင်းသား အောင်ရဲမင်းထွန်း က ပြောပြသည်။



ကားတိမ်းမှောက်မှုကြောင့် အလယ်တန်း ကျောင်းသူ ၅ဦးမှာ ဦးခေါင်းနှင့် ခြေထောက်များ တွင်ပြင်းထန်သောဒဏ်ရာ ရရှိပြီး ၁၂ဦးမှာ ဦးခေါင်း နှင့်နဖူး တို့တွင် ဖူးရောင်ဒဏ်ရာ များရရှိခဲ့ သောကြောင့် ယာဉ်မောင်း ဖြစ်သူအား ပုသိမ် အမှတ်(၂) ရဲစခန်း မှ (ပ)၁၁၃/၁၂ ပုဒ်မ ၃၃၇/၃၃၈ တို့ဖြင့်အမှုဖွင့်ထားကြောင်း သိရှိရ သည်။
 Shwe Myitmakha Media Group
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map