<div style='background-color: none transparent;'></div>

Home » » ဂီတ အစည်းအရုံးကို NGO ဖြစ်စေချင် တာပါဆိုတဲ့ ဖြူဖြူကျော်သိန်းရဲ့ရင်ဖွင့်သံလေးများ

ဂီတ အစည်းအရုံးကို NGO ဖြစ်စေချင် တာပါဆိုတဲ့ ဖြူဖြူကျော်သိန်းရဲ့ရင်ဖွင့်သံလေးများ


ဖြူဖြူတို့တွေ ဇူလိုင် ၁ ရက်နေ့ ညနေ ၄ နာရီ ပြည်သူ့ဆက်ဆံရေး နဲ့ လွှတ်တော်ကော်မတီ ရုံးခန်းမှာ ဆွေးနွေးပြော ဆိုခဲ့ကြတယ်။ ဖြူဖြူ တို့ ၇ ရက်နေ့ Home မှာတွေ့တုန်း က ကို အနဂ္ဂ၊ ချမ်းအေးဝင်း၊ ကျွိုခိုင်တို့ လွတ်လွတ်လပ်လပ်ပွင့်ပွင့် လင်းလင်း ဖြူဖြူတို့ ကြုံခဲ့ ခံစားရ သမျှ ရည်မှန်းချက်၊ ရပ်တည်ချက် အားလုံးကို ဘွင်းဘွင်းကြီး ပြောခဲ့ ပါတယ်။
ဖြူဖြူတို့ပြောသမျှ အ ကြောင်းအရာအားလုံးကိုလည်း သူ တို့ ဂရုတစိုက်နားထောင်ပေးပါ တယ်။ ဆောင်ရွက်ပေးပါတယ်။ ဖြူ ဖြူတို့ကို ပြည့်သူဆက်ဆံရေး ကော် မတီက ဖြူဖြူတို့ တင်ပြချက်တွေထဲ က သူတို့ အမြန်ဆုံးနဲ့ အကောင်း ဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ပေး မယ်လို့ပြောတယ်။
ဖြူဖြူတို့က လည်း ဂီတအစည်းအရုံးကို မြန်မာ နိုင်ငံမှာ တစ်ခုတည်းသော ဂီတ အစည်းအရုံးအနေနဲ့ ရှိစေချင်တာ ပါ။ အဲဒီဂီတ အစည်းအရုံးကိုလည်း ရုပ်ရှင် အစည်းအရုံးလိုပဲ NGO ဖြစ်စေချင်တာပါ။ ဂီတမောင်နှမ တွေရဲ့ တကယ့်ရပိုင်ခွင့်တွေနဲ့ ရ သင့်ရထိုက်တဲ့ အခွင့်အရေးတွေ အားလုံး လွတ်လွတ်လပ်လပ်ပွင့် လင်းမြင်သာစွာနဲ့ ရချင်တာပါ။ နောက်တစ်ခုက အားလုံးလည်း ခံ စားနေကြရမယ်လို့ ထင်တဲ့ ခိုးကူး ပြဿနာပါ။ ပြောရင် ခိုးကူး စကား လုံး နှစ်လုံးတည်းရှိပေမယ့် ပတ်မွှေ နေတာတော့ တော်တော်များနေပြီ။ ဒီကိစ္စအတွက်လည်း ဖြူဖြူတို့ ပွင့် ပွင့်လင်းလင်းဆောင်ရွက်သွားချင် ပါတယ်။
အဓိကကတော့ ပွင့်လင်း မြင်သာပြီး လွတ်လပ်မျှတချင် တယ်။ ကိုယ့်ရဲ့အသံ ဖြူဖြူတို့ ဘာပြောနေတယ်၊ ဘာတွေလိုချင် ပါတယ်ဆိုတာကို သိတဲ့ သူတွေနဲ့ လက်တွဲပြီး အလုပ်လုပ်ချင်တယ်။ အဲဒီအတိုင်းဖြစ်ဖို့ကို ဘာတွေပဲ အခက်အခဲအတားအဆီးတွေရှိနေ ပါစေ ဖြူဖြူတို့ ကြိုးစားသွားကြ မှာပါ။ ဖြူဖြူတို့ ဆယ်ယောက်ဆိုတာ သည် ဂီတညီအစ်ကို မောင်နှမ အားလုံးကို ကိုယ်စားပြုတယ် တစ်သွေးတည်း တစ်သားတည်း လို့ ပြောချင်ပါတယ်။ ဘာပဲ ပြောပြော ဖြူဖြူတို့ပြောလာတဲ့ အသံလေး တွေကို အသိအမှတ်ပြုလာပြီး လုပ် ခွင့်ရလာပြီ၊ အတိုင်းအတာ တစ်ခု ထိ ရောက်လာပြီဆိုတာ ဖြူဖြူတို့ ဝမ်းသာရမယ့်ကိစ္စပါ။ ဖြူဖြူ တို့ နောက်ထပ် ဆက်သွားရမယ့် လမ်း တွေအများကြီး ကျန်ပါသေး တယ်။ ပိုပြီး ခက်ခဲတဲ့ အရာတွေ ရှိပါဦး မယ်။ အဲဒီအခါကျမှ အားလုံးက စည်စည်းလုံးလုံးနဲ့ အတူချင်ပါ တယ်လို့ ဖြူဖြူပြောချင်ပါတယ်။
8days news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map