<div style='background-color: none transparent;'></div>

Home » » လမ်းဖြတ်ကူးသူတစ်ဦး ကွန်တိန်နာကားနှင့် တိုက်မိပြီး ပေ ၁၀၀ ၀န်းကျင် အကွာအဝေးအထိ တရွတ်တိုက်ပါသွားကာ ပေါင်တစ်ဖက်ပြတ် သေဆုံး

လမ်းဖြတ်ကူးသူတစ်ဦး ကွန်တိန်နာကားနှင့် တိုက်မိပြီး ပေ ၁၀၀ ၀န်းကျင် အကွာအဝေးအထိ တရွတ်တိုက်ပါသွားကာ ပေါင်တစ်ဖက်ပြတ် သေဆုံး


ရန်ကုန်မြို့ လမ်းမတော် မြို့နယ် ကမ်းနားလမ်းမပေါ်တွင် လမ်းဖြတ်ကူးသူတစ်ဦး ကွန်တိန်နာကားနှင့် တိုက်မိပြီး တိုက်မိသည့်နေရာမှ  ပေ ၁၀၀ ၀န်းကျင် အကွာအဝေးအထိ တရွတ်တိုက် ပါသွားကာ ပေါင်တစ်ဖက်ပြတ် သေဆုံးသည့်ဖြစ်စဉ် တစ်ခု ဇူလိုင်လ ၁၇ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားပုံမှာ ဇူလိုင်လ ၁၇ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ် အချိန်ခန့်တွင်လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦးမှာ ကမ်းနားလမ်း အတိုင်း မော်တင်ဘက်မှ ပန်းဆိုးတန်းဘက်သို့ မောင်းနှင်လာသော ကွန်တိန်နာ ကားတစ်စီးနှင့် အတိုက်ခံရပြီး ဘုန်းကြီးလမ်းမှ ၁၅ လမ်းထိပ်အထိ ကွန်တိန်နာကား၏ ဘယ်ဘက် အရှေ့ဘီးနှင့် တရွတ် တိုက်ပါသွားပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်တွင် နေထိုင်သူ အသက် ၃၀ နှစ်အရွယ် နေလင်းဦးဆိုသူ ဖြစ်ကြောင်း၊ သေဆုံးသူ၏ ပြတ်သွားသော ပေါင်တစ်ဖက်ကို ၁၃ လမ်းထိပ်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်းနှင့် အလောင်းကို အငှားယာဉ်တစ်စီးဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ကွန်တိန်ကား ယာဉ်မောင်းအား လမ်းမတော်မြို့နယ် ရဲစခန်း၌ ဖမ်းဆီးထားပြီး အမှုဖွင့်စစ်ဆေးလျှက် ရှိကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးထံ မှ သိရသည်။
အခင်းဖြစ်ပွားပုံကို မြင်တွေ့ လိုက်ရသူ တစ်ဦးကလည်း “ကားနဲ့ တရွတ်တိုက်ပါသွားတုန်း ငယ်သံပါအောင် အော်တဲ့အသံကို နှစ်ခါတောင် ကြားလိုက်ရတယ်”ဟုပြောပါသည်။
 news-eleven
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map