မိန်းကလေးသုံးဦးအား တရုတ်နိုင်ငံ ရွှေလီမြို့တွင် အငှားမယားအလုပ်ရရှိရန် စည်းရုံးပြောဆို နေသူအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ်ဇွန်လ ၃၀ ရက် ဇူလိုင်လ ၂ ရက်၊ဇူလိုင်လ ၇ ရက်နေ့နှင့် ဇူလိုင်လ ၁၁ ရက်နေ့များတွင် မအေးအေးမာ(၂၄ နှစ်) စိန်ရတနာလမ်း အင်းစိန်မြို့နယ်နေသူနှင့် ယခင်က အင်းစိန်ဖော့ကန် ဈေးတွင် ဈေးအတူရောင်းဖူးသဖြင့် ခင်မင်ရင်းနှီးသူ မကြည်ဇာဦး(ခ)မခင်လေး(၃၁ နှစ်) စိန်ပန်းမြိုင်လမ်း ရွှေ ပြည်သာနယ်နေသေူမှ မအေးအေးမာ အပါအ၀င် မသန္တာဝင်း(၂၆ နှစ်) ပန်းရောင်း၊စိန်ရတနာလမ်း အင်းစိန်မြို့ နယ်နေသူနှင့် မပန်းအိ(၂၄ နှစ်) စိန်ရတနာလမ်း အင်းစိန်မြို့နယ်နေသူတို့၏ နေအိမ်သို့ အသီးသီးသွားရောက် ခဲ့ကြောင်း သိရှိရပါသည်။
ယင်းသို့ သွားရောက်ပြီးနောက် အဆိုပါ မိန်းကလေးသုံးဦးအား တရုတ်နိုင်ငံ ရွှေလီမြို့တွင် အငှားမယားအလုပ်ရရှိရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လစာနှင့်မုန့်ဖိုးအနေဖြင့် ကျပ်သုံးသိန်ရရှိမည်ဖြစ် ကြောင်း၊ခြောက်လပြည့်လျှင် နေအိမ်သို့ပြန်နိုင်ကြောင်းစသည်ဖြင့် အကြိမ်ကြိမ်စည်းရုံးပြောဆိုခဲ့ကြောင်း သိရှိရ သည်။ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ်ဇွန်လ ၃၀ ရက် ဇူလိုင်လ ၂ ရက်၊ဇူလိုင်လ ၇ ရက်နေ့နှင့် ဇူလိုင်လ ၁၁ ရက်နေ့များတွင် မအေးအေးမာ(၂၄ နှစ်) စိန်ရတနာလမ်း အင်းစိန်မြို့နယ်နေသူနှင့် ယခင်က အင်းစိန်ဖော့ကန် ဈေးတွင် ဈေးအတူရောင်းဖူးသဖြင့် ခင်မင်ရင်းနှီးသူ မကြည်ဇာဦး(ခ)မခင်လေး(၃၁ နှစ်) စိန်ပန်းမြိုင်လမ်း ရွှေ ပြည်သာနယ်နေသေူမှ မအေးအေးမာ အပါအ၀င် မသန္တာဝင်း(၂၆ နှစ်) ပန်းရောင်း၊စိန်ရတနာလမ်း အင်းစိန်မြို့ နယ်နေသူနှင့် မပန်းအိ(၂၄ နှစ်) စိန်ရတနာလမ်း အင်းစိန်မြို့နယ်နေသူတို့၏ နေအိမ်သို့ အသီးသီးသွားရောက် ခဲ့ကြောင်း သိရှိရပါသည်။
ထို့ပြင် ဇူလိုင်လ ၁၃ ရက်နေ့နံနက် ၉ နာရီအချိန်တွင် တရုတ်နိုင်ငံရွှေလီမြို့သို့ မသွားရောက်မီ အလှပြုပြင်နိုင်ရန် အင်းစိန်မြို့နယ်ဖော့ကန်ရပ်ကွက် မင်္ဂလာလမ်းမှ New Style သို့ မအေးအေးမာနှင့် အတူ မသန္တာ၀င်း၊ မပန်းအိတို့အား ခေါ်ဆောင်အလှပြုပြင်ပေးကာ လူကုန်ကူးမှုကျူးလွန်ရန် သွေးဆောင်ခြင်း ပြင်ဆင် အားထုတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မကြည်ဇာဦးအပေါ် အရေးယူပေးရန် မအေးအေးမာမှ တရားလိုပြုတိုင်တန်းမှုအား အင်းစိန် ရဲစခန်း(ပ)၉၇၄/၁၂၊ လူကုန်ကူးပုဒ်မ-၂၄/၃၂ ဖြင့်အမှုဖွင့်ပြီး အမှုစစ်မှတရားခံအား စစ်ဆေးလျက်ရှိကြောင်း သိရ သည်။
Weekly Eleven News Journal


0 comments:
Post a Comment