<div style='background-color: none transparent;'></div>

Home » » ပြည်ပ စွက်ဖက်မှုများကြောင့် အခက်ကြုံဟု မြန်မာမွတ်စလင်များအဖွဲ့ ထုတ်ပြန်

ပြည်ပ စွက်ဖက်မှုများကြောင့် အခက်ကြုံဟု မြန်မာမွတ်စလင်များအဖွဲ့ ထုတ်ပြန်

ရန်ကုန် ဇူလိုင် ၃၀

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပြဿနာများ အတွင်း ဝင်ရောက် စွက်ဖက်မှုများ ရှိလာသည့်အခါ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များ အတွက် ပိုမို ခက်ခဲသော အခြေအနေများကိုသာ ဖြစ်ပေါ်စေကြောင်း မြန်မာ မွတ်စလင်များအဖွဲ့က ဇူလိုင်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။

အီရန်နိုင်ငံ အနေနှင့် မြန်မာနိုင်ငံ ကိစ္စအပေါ် ကုလသမဂ္ဂတပ်များ စေလွှတ်ရန် တိုက်တွန်းမည့်အစား အခြေအနေ ပိုမိုဆိုးရွားနေသော ဆီးရီးယားကိစ္စကို အာရုံစိုက်သင့်ပါကြောင်း၊ ထိုနည်းတူ ဟစ်ဘိုလာ အဖွဲ့သည်လည်း အီရန်နိုင်ငံ၏ နောက်မှ သံယောင် မလိုက်သင့်ကြောင်း၊ ပါကစ္စတန် နိုင်ငံ အနေနှင့်လည်း မြန်မာနိုင်ငံအပေါ် ရန်လိုသော သဘောထားများ မထားသင့်ကြောင်း၊ တာလီဘန် အဖွဲ့ အနေနှင့်လည်း မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ မြန်မာနိုင်ငံ၏ အကျိုးစီးပွားများ၊ သံတမန်များ၊ အစိုးရအဖွဲ့ဝင်များကို ခြိမ်းခြောက်မှု လုပ်ခွင့်မရှိကြောင်း ယင်းအဖွဲ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ရန်မှာ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များ၏ တာဝန်လည်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်လာပါက အသက်ပေး ကာကွယ် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သက်တမ်း နုနယ်လှသေးသော မြန်မာ့ ဒီမိုကရေစီစနစ် တိုးတက်ရာ တိုးတက်ကြောင်း အတွက် လည်းကောင်း၊ ဖွံ့ဖြိုးမှု နိမ့်ကျနေသော နိုင်ငံတော် လျင်လျင်မြန်မြန် ဖွံ့ဖြိုး တိုးတက်လာစေရေး အတွက် လည်းကောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး အတွက် လည်းကောင်း အပြုသဘောနှင့် ဝိုင်းဝန်း အကူအညီ ပေးကြပါရန် မြန်မာမွတ်စလင်များအဖွဲက မေတ္တာရပ်ခံ ပန်ကြားလိုက်ပြီး အစ္စလာမ် သာသနာတော်၏ အဆုံးအမများနှင့် ကိုက်ညီမှု မရှိသော၊ နိုင်ငံတကာမှ လက်မခံနိုင်သော၊ ပြည်ထောင်စု မြန်မာနိုင်ငံသား လူမျိုးမရွေး ဘာသာမရွေး က လက်မခံနိုင်သော အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတင်းမှား ထုတ်ပြန်ခြင်း၊ သတင်းမှန်ကို ချဲ့ကား ဝါဒဖြန့်ခြင်း၊ နိုင်ငံတော်၊ နိုင်ငံတော်အလံနှင့် နိုင်ငံ့ခေါင်းဆောင်ကြီးများအား စော်ကားမော်ကား ပြုလုပ်ခြင်းများကို ရပ်တန့်ပေးပါရန်လည်း အထက်ပါ အဖွဲ့က ထည့်သွင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် သေဆုံးသူ ဦးရေမှာ ရခိုင်လူမျိုး ၃၁ ဦး ဘင်္ဂါလီလူမျိုး ၄၆ ဦး ဖြစ်ကာ စုစုပေါင်း ၇၇ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန် လိုက်ပြီး ဒုက္ခသည် အရေအတွက်မှာ ရခိုင် တိုင်းရင်းသားလူမျိုး ၂၄၂၁၅ ဦး၊ ဘင်္ဂါလီလူမျိုး ၂၈၀၁၂ ဦး တို့ ဖြစ်ပြီး စုစုပေါင်း ၅၂၂၂၇ ဦး ရှိခဲ့ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးက ယနေ့ညနေပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ 
the voice weekly
Share this article :

1 comments:

မိုးသူ(တောင်ကြီး) said...

ပြောတာပါပဲ ဟုတ်ကြောင်းမဟုတ်ကြောင်းလဲ မသိရ

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map