”ဘယ်အလုပ်မဆို အခက်အခဲ ရှိတာကြောင့် အခက်အခဲ ဆိုပြီး ကိုယ့်အတွက် မထား ဘူး။ အတွေ့အကြုံ အသစ်ရမှလည်း ရှေ့ကိုခြေတစ်လှမ်း တိုးချင်စိတ်ဖြစ်လာမှာ။ ဒါကြောင့် မိုးဟေအတွက် အခက်အခဲတစ်ခုဖြစ်တိုင်း ခွန်အားတစ်ခု ဖြစ်စေချင်တယ်။ အခုထိတော့ အောင်မြင်ပြီလို့ မသတ်မှတ် ပါဘူး။ ကြိုးစားနေဆဲပါ။ အောင်မြင် မှုဆိုတာ ထက် ကိုယ်လုပ်တဲ့ အလုပ်လေးက အပျော်ရွှင်ဆုံးနဲ့ အကောင်း ဆုံးဖြစ်အောင် လုပ်တယ်။ ပြီးတော့ အခက်အခဲဆိုတာ လူတိုင်းမှာရှိတယ်။ လက်ဝှေ့ထိုးသလိုပေါ့။
တစ်ယောက်ကို ထိုးလိုက်လို့ ၁ဝကြိမ်ထိုးရင် ၁ကြိမ်ကိုယ့်ဘက်က ထနိုင်အောင် ကြိုးစားရတယ်။ တစ်ခါလဲသွားရင် လဲသွားတဲ့ အတွက် ပြန်ထနိုင်ဖို့ အတွက်ကို အရှိန်ယူရ တယ်။ အခက်အခဲ တွေကြောင့် လဲ ကျသွားရင်ပြန်ထနိုင်ဖို့ကို နောက် တစ်ကြိမ် ဆိုတာ ကိုယ့်အတွက် ရှိသေးတယ်။ ဘယ်တော့မှအခက်အခဲ ကြုံတိုင်း လဲကျမသွားဘူး။ အခက်အခဲကြုံတိုင်း စိတ်ဓာတ်ကျမသွားဘူး။ အခက်အခဲဆိုတာ ဘာကြောင့်ဖြစ်တာလဲဆိုတာ ကိုယ့်ဘာသာ ကိုယ် အေးအေးဆေးဆေး ပြန် စဉ်းစားပြီး အားမွေး တာပေါ့နော်” လို့ပြောပါတယ်။ အောင်မြင်တဲ့ မင်းသမီး တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် မသတ်မှတ် ပါဘူး လို့ပြောတဲ့ မိုးဟေကို ကိုကိုယ်ရရှိထားတဲ့ နေရာတစ်နေရာကို တည်မြဲအောင် ဘယ်လို ထိန်းသိမ်းလဲ လို့မေးတော့ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို အကောင်းဆုံး ဖြစ်အောင်လုပ်တယ်။ စလုပ်တဲ့ အချိန်ကတည်းက ဒီစိတ်ပဲထားတယ်။
အခုအချိန်ထိလည်း ကိုယ့်ရဲ့ လိုအပ်ချက်ဘာရှိလဲ၊ အဲဒီ လိုအပ်ချက်ကို ဖြည့်ဆည်းပြီးကြိုးစားတယ်။ အဲဒီစိတ်လေးနဲ့ပဲ သွားတယ် ဆိုတဲ့ မိုးဟေကိုက ဇွန်၂၆ရက်နေ့ မွေးနေ့ရှင် တစ်ယောက် လည်း ဖြစ်ပါ တယ်။ မွေးနေ့မှာတော့ လှိုင်သာယာက သစ်တံခါး ဆရာတော်ကျောင်းနဲ့ သန်လျင်က သူကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းမှာ အလှူလုပ်ဖြစ်ခဲ့ပြီး ရခိုင်ပြည်နယ်ကိုလည်း လှူဒါန်းပေးဦးမှာဖြစ် ကြောင်း သိရပါတယ်။
ဝဿန်yoyarlay


0 comments:
Post a Comment