<div style='background-color: none transparent;'></div>

Home » » ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ထုတ်မြန်မာ့အလင်း မျက်နှာဖုံး သတင်းဓာတ်ပုံတွင် ဖော်ပြ

ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ထုတ်မြန်မာ့အလင်း မျက်နှာဖုံး သတင်းဓာတ်ပုံတွင် ဖော်ပြ


နေပြည်တော်တွင် လွှတ်တော် တက်ရောက်နေသည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ မျက်နှာဖုံးတွင် ဖော်ပြလာပါတယ်။
ယမန်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်တက်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို လွှတ်တော် သတင်းဓာတ်ပုံအဖြစ် မျက်နှာဖုံးဖော်ပြချက်လည်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ်တုန်းက ကမ္ဘာ့ မီဒီယာတွေက မြိုင်မြိုင်ဆိုင်ဆိုင်ဖော်ပြနေချိန်မှာ
နိုင်ငံပိုင် မြန်မာသတင်းစာတွေက ဖော်ပြဖို့အရေး ပြန်ကြားရေး ၀န်ကြီးဌာန အရာရှိကြီး တဦးက သာမန် ပုဂ္ဂလိက ခရီးစဉ်ဖြစ်လို့ မဖော်ပြကြောင်းဆိုပြီး မကြာခင် အစိုးရ အရာရှိများဆွေးနွေးပွဲ သတင်းဖော်ပြရာမှာ
တော့ ဒေါ်အောင်ဆန်းစုကြည် အမည်ကို သတင်းထဲတွင် ဖော်ပြခဲ့ပါသေးတယ်။
အခုတော့ ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော် သတင်း
နဲ့ တွဲဖက်ပြီးမျက်နှာဖုံးမှာ ဖော်ပြလာတာဟာ ထူးခြားမှု တခုလည်းဖြစ်ပါတယ်။
အခုရက်ပိုင်း လွှတ်တော် တက်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ဘာကော်မတီ၊ ညာ ကော်မတီ များရဲ့ ဥက္ကဌ လုပ်ဆောင်ပေးဖို့ ကမ်းလှမ်းချက်တွေလည်း တဖွဲဖွဲ လာရောက်နေတယ်လို့ နီးစပ်သူများ အဆို အရ သိရပါတယ်။
ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ကော်မတီ ဥက္ကဌ ရာထူးတွေ အပ်နှင်းနေကြတာကိုတော့ သဲသဲ ကွဲကွဲ မသိနိုင်ပါ ဘူး။
အိမ့်သံစဉ်
ဧရာဝတီ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map