ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လာရေးသည် နိုင်ငံတော်သမ္မတ၏ ဖိတ်ခေါ်ချက်ဖြစ်သည့်အတွက် ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် မလိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောကြားခဲ့သည်။
''နိုင်ငံတော်သမ္မတရဲ့ အထူးဖိတ်ခေါ်ချက်အရ ဆောင်ရွက်ပေးတာဖြစ်လို့ ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းဖို့ မလိုအပ်ပေမယ့်လည်း ပြည်ဝင်ခွင့်ဆိုင်ရာ သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းများနဲ့အညီမူများ ချမှတ်ပြီး စနစ်တကျ အကောင်အ ထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ခေတ္တပြန်လာလိုသူတွေအတွက် လူမှုရေး အလည်အပတ် ဗီဇာ၊ အပြီးအပိုင် ပြန်လာလိုသူတွေအတွက် သက်သေခံလက်မှတ် ထုတ်ပေးပါတယ်။
ဒုက္ခသည်များအဖြစ် ခံယူသူများဖြစ်ပါက ပြစ်မှုကင်းရှင်းသူဖြစ်ဖို့ (သို့မဟုတ်) ဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်ပြီး ထွက်ပြေးတိမ်းရှောင်နေသူများဖြစ်ရင် ထိုက်သင့်တဲ့ပြစ်ဒဏ်ကို ဥပဒေနဲ့အညီ ကျခံနိုင်သူဖြစ်ဖို့ လိုအပ်နေပါတယ်''ဟု ပြောကြားခဲ့သည်။''နိုင်ငံတော်သမ္မတရဲ့ အထူးဖိတ်ခေါ်ချက်အရ ဆောင်ရွက်ပေးတာဖြစ်လို့ ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းဖို့ မလိုအပ်ပေမယ့်လည်း ပြည်ဝင်ခွင့်ဆိုင်ရာ သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းများနဲ့အညီမူများ ချမှတ်ပြီး စနစ်တကျ အကောင်အ ထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ခေတ္တပြန်လာလိုသူတွေအတွက် လူမှုရေး အလည်အပတ် ဗီဇာ၊ အပြီးအပိုင် ပြန်လာလိုသူတွေအတွက် သက်သေခံလက်မှတ် ထုတ်ပေးပါတယ်။
ယခင် အစိုးရလက်ထက်တွင် နိုင်ငံရေး ဆန့်ကျင်လှုပ်ရှားသူများနှင့် မတရားအသင်း ကြေညာခြင်းခံထားရသူများ မြန်မာနိုင်ငံသို့ အပြီးပြန်လာလိုပါက ရောက်ရှိနေထိုင်သည့် နိုင်ငံရှိ မြန်မာသံရုံးမှတစ်ဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနကို လျှောက်ထားရမည်ဖြစ်ကာ ကိစ္စတစ်ခုချင်း အလိုက် စိစစ်ပြီး စဉ်းစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးသူများ၊ လက်ဝယ်မရှိသူများနှင့် တရားမ၀င်နည်းလမ်းဖြင့် ရောက်ရှိခဲ့တဲ့အတွက်ကြောင့် မြန်မာနိုင်ငံသားဟောင်းများအတွက် အထူးအစီအစဉ်နှင့် မြန်မာနိုင်ငံကူးလက်မှတ် ထုတ် ပေးရေးအဖွဲ့က စဉ်းစားပြီး သက်သေခံလက်မှတ် ထုတ်ပေးလျက်ရှိကာ မြန်မာနိုင်ငံသားဖြစ်မှသာ မြန်မာနိုင်ငံကို ပြန်လာရန်အတွက် အထူးကိစ္စအဖြစ် စဉ်းစားပေးမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစံထွန်း၏ ပြည်ပနိုင်ငံများရောက် မြန်မာနိုင်ငံသားများ ပြန်လာရေးအတွက် တိကျသည့်ပြဋ္ဌာန်းချက်တစ်ရပ်(သို့မဟုတ်) ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် ရှိ၊ မရှိ မေးခွန်းအား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
www.news-eleven.com


0 comments:
Post a Comment