ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာ ယာမြို့နယ်၊ (၁)ရပ်ကွက်၊ ဗိုလ်တိုက်ချွန်း လမ်း၊
အမှတ်-၃၄၆တွင် ၂-၇-၂၀၁၂ ရက် ညနေ ၆ နာရီခွဲအချိန်ခန့်က နှစ်နှစ်သား အရွယ်ကလေးငယ်ကို ပထွေးဖြစ်သူက ရက်စက်စွာသတ်ခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ် ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သက်ဆိုင်ရာမှ ၄-၇-၂၀၁၂ ရက်က သတင်းရရှိသည်။
ယင်းဖြစ်စဉ်မှ မမြင့်မြင့် စိုး(၂၄နှစ်) သည် အထက်ဖော်ပြပါ နေ အိမ်၏ အောက်ထပ်တွင် ပန်းကန်ဆေးနေ စဉ် သားဖြစ်သူ မောင်ရဲရင့်အောင် (၂နှစ်၊ ၇လ) မှာ နေအိမ်ပေါ်၌ ငိုနေခဲ့ခြင်းကြောင့် ပထွေးဖြစ်သူ ထွန်းထွန်းဝင်း (၂၉ နှစ်)က " ဂြိုဟ်မွှေတဲ့ကလေး"ဟု ပြောကာ ကလေးကို တံမြက်စည်းဖြင့် ရိုက်နှက်ခြင်း၊
မçချီ၍ ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ကာ ခြေ ထောက်ဖြင့် ဦးခေါင်းအားဆောင့်နင်းခြင်း တို့အပြင် ဝင်ရောက်ဟန့်တားသူ ဇနီးဖြစ် သူ မမြင့်မြင့်စိုးကိုလည်း တံမြက်စည်းဖြင့် ရိုက်နှက်ခဲ့ကြောင်းသိရသည်။ယင်းသို့ ပထွေးဖြစ်သူ၏ ရိုက်နှက် ပစ်ပေါက်ခံခဲ့ရ သော မောင်ရဲရင့်အောင်တွင် ကျောကုန်း ဖူးရောင်၊ ဦးခေါင်းဖူးရောင် ဒဏ်ရာများ ရရှိခဲ့သည့်အပြင် မမြင့်မြင့်စိုးတွင် ဘယ် ဘက်ပေါင်၊ ဘယ်ဘက်လက်ဖျံနှင့် ကျော ကုန်းဖူးရောင်ဒဏ်ရာများရရှိခဲ့ခြင်းကြောင့် အင်းစိန်ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေစဉ် သားဖြစ်သူ ရဲရင့် အောင်မှာ ၄င်းနေ့၌ပင် သေဆုံးသွား သဖြင့် ထွန်းထွန်းဝင်းအပေါ် အရေးယူ ပေးပါရန် မမြင့်မြင့်စိုးက တရားလိုပြု လုပ်တိုင်တန်းခဲ့ကြောင်းသိရ သည်။ ၄င်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူ ထွန်းထွန်းဝင်းအပေါ် လှိုင် သာယာ ရဲစခန်းက (ပ)၉၁၆/၁၂၊ ပုဒ်မ- ၃၀၂/၃၂၅ ဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိ ကြောင်းသိရသည်။
yoyalay news


1 comments:
မလွယ်ပါလား လောကကြီးကလည်း...
ဒေါသကြီးရင် အသိစိတ်တွေပျောက်သွားတော့တာပဲ....
Post a Comment