Pages

စိုင်းစိုင်းခမ်းလှိုင် ဘယ်သူ့ အားကိုးနဲ့ မိုက်နေတာလဲ

စိုင်းစိုင်းခမ်းလှိုင်က ဇွန်လ ၂၃ ရက်နေ့ က Junction Square မှာ 'ဆယ့်နှစ်ကြိုး ကဝေ' ဒီဗီဒီ ဇာတ်ကားကို ပရိသတ်တွေနဲ့အတူ နေ့ခင်း ၃ နာရီခွဲ မှာကြည့်ဖြစ်ခဲ့ပါတယ်။ ဒီလိုပရိသတ်တွေနဲ့ အတူ ကြည့်ဖို့ စိတ်ကူးကိုအရင်ကတည်းကရှိခဲ့ပြီး ပရိသတ် နဲ့ အတူကြည့်မယ် ဆိုတာကို လည်း Facebook မှာ ကြေညာထားခဲ့တယ်လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုပါတယ်။
လာရောက်ကြည့်ရှု ကြတဲ့ပရိသတ်တွေ ကို ပေါက်ပေါက်နဲ့ အအေးများလည်း ကျွေးခဲ့သလို 'အာဒမ်ရယ် ဧဝရယ် ဒသရယ်' ဇာတ်ကားတုန်းက လည်း ပရိသတ်တွေကို ချောကလက်ကျွေး ခဲ့ဖူးတာ ကြောင့် ဒီစိတ်ကူးတွေနဲ့ ပတ်သက်ပြီး...
''ပရိသတ်နဲ့အတူတူ ရုပ်ရှင်ကြည့်မယ်၊ လာခဲ့ ကြပါလို့ ကျွန်တော် ဖိတ်ထား တယ်။ ပေါက်ပေါက်၊ အအေးတွေကျွေးဖို့ အိုင်ဒီယာရတော့ စီစဉ်ဖြစ်တာ။ 'အာဒမ်ရယ် ဧဝရယ် ဒသရယ်' ရုပ်ရှင်ဇာတ်ကား ရုံပြန်တင်တဲ့နေ့ကလည်း ပရိသတ်တွေကို ချော ကလက်ကျွေးတာက Valentine Day ဆိုတော့ လေ။ ကျွန်တော့်မှာ ချောကလက်ကျွေးစရာ၊ ပန်း စည်းပေးစရာမရှိတော့ အဲဒီနေ့မှာမှ ပရိသတ်တွေ နဲ့ဆုံတော့ ချောကလက် ကျွေးဖြစ်တာလေ။ ဒီပရိသတ်တွေက ကျွန်တော့် ဖေ့စ်ဘုတ်က နေ ဖိတ်ထားတာ။ အရင်တုန်းကတော့ မပြောဘဲနဲ့ သွားကြည့်တဲ့ အခါ ဘေးကေ န ဝေဖန်နေတာတွေကို နားထောင်ဖြစ်တယ်။ ကျွန်တော်ကပရိသတ်နဲ့ ဒီလိုရင်းရင်းနှီးနှီးပဲ နေပါတယ်'' လို့ပြောပါတယ်။
'ဆယ်နှစ်ကြိုးကဝေ' ဇာတ်ကားရုံတင်ပြသနေချိန် ကစပြီး ဇာတ်ကားအပေါ် ပရိသတ်တွေ ရဲ့ဝေဖန် သုံးသပ်ချက်တွေကိုရေးသားဖို့ စီစဉ်ထားတာ ကြောင့် အခုအချိန်ထိ ဝေဖန်ချက်တွေကို မေးကြည့် တော့... ''များသောအားဖြင့် က ကျွန်တော့်ပရိသတ် တွေလာကြည့်ကြတာများတော့ အကောင်းပြော ကြတာများတယ်။ ကြားထဲမှာမှ ထိထိရှရှဝေ ဖန် ပေးနေကြတဲ့သူတွေလည်းရှိတယ်။ ရုံအားလုံးတင် ပြီးမှပဲပြောပါမယ်။ အနုပညာအလုပ်လုပ်တယ် ဆိုတာ ရူးရူးမိုက်မိုက်လုပ်ရတာ။ တစ်ခါတလေကျ ရင် ကိုယ်ယုံကြည်ရာကို တစ်ဇွတ်ထိုးပဲလုပ်ရတဲ့ အခါတွေ ရှိတယ်။ ရူးမိုက်၊ ရူးသွပ်နေရတာ။ ဒါပေမဲ့ တစ်ခါတလေပဲဟုတ်တယ်။ အချိန်အကြာကြီး ရူးသွပ်ဖို့က ကိုယ်တစ်ယောက်တည်းမရဘူး။ ကိုယ့် ကို ထောက်ခံအားပေးတဲ့ ပရိသတ်ရှိမှရမှာ။ ကျွန် တော်က ပရိသတ်အားကိုးနဲ့ မိုက်နေတာ။ ကျွန် တော့်ကိုရူးသွပ်ခွင့်ရအောင် အားပေးတဲ့ပရိသတ် ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီ့ထက် မက ကြိုးစားပါဦးမယ်။ ပရိသတ်တွေယုံကြည်ပါ'' လို့လည်း ပြောပြခဲ့ပါတယ်။
 http://www.yoyarlay.com/entertainment/entertainment/art/27718-2012-07-03-07-35-43
မေမွန်မောင်

2 comments:

  1. ဒါဆိုအမဂျက်လဲ ကဗျာဖတ်သူတွေအားကိုးနဲ့မိုက်နေတယ်လို့
    ပြောလို့ရပါပြီ

    ReplyDelete
  2. ဟိဟိ..ဂျက်ပြောတာမှန် တယ် ကွ...
    သမီးတော်လည်းမိုက်အုံးမယ်...

    ReplyDelete