ရုပ်ရှင်လောကမှာ အာဏာ ဆိုတာ မရှိပါဘူး။ သြဇာ ဆိုတာလည်း စည်းလုံး ညီညွတ်မှုနဲ့ တည်ဆောက်ရတယ်။ စည်းလုံး ညီညွတ်မှု ဆိုတာက အရေး ကြုံမှ သက် လုံ ကောင်းနေ လို့လည်း မရပါဘူး။ နဂိုကတည်းက တစ်ဦးနဲ့ တစ်ဦး ထိတွေ့နေရမယ်။ အများရဲ့ အမြင် တွေကို ဖလှယ်ကြမယ်။ ဒါမှ ပိုမိုရင်း နှီးပွင့် လင်းမယ်။ မတူညီတဲ့ အမြင်တွေ ကမှ ရည်မှန်းချက် တစ်ခုကို ချမှတ်နိုင်မယ် ဆိုတဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း နဲ့ တွေ့ဆုံခိုက် ဗီဒီယို လောက ရဲ့ လက်ရှိ ဖြစ်ပျက် နေတဲ့ အခြေ အနေ၊ အခက်အခဲ တွေကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
မေး- ရက်ပေါင်း၁ ဝဝကျော် အတွင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အနေနဲ့ လုပ်ဆောင်မှု တွေကို လည်း ပြောပြပေးခဲ့ပါ ဦး။
ဖြေ- အခြေခံ အနေနဲ့ ကတော့ အလွှာပေါင်း စုံမှာ ပါဝင်တဲ့သူတွေ အားလုံး စည်းလုံး ညီညွတ်စွာ လုပ်ကြရတာပါပဲ။ ရုပ်ရှင်လောက အားလုံး ပါဝင်လာတဲ့ အတွက် တစ်ဦးနဲ့ တစ်ဦး ချစ်ခင်ရင်းနှီးမှု ရတယ်။ တကယ်ကို ဒုက္ခ ရောက်နေတဲ့ တိုင်းရင်းသား ပြည်သူတွေ ကိုလည်း ကူညီနိုင်မယ်။ ကုသိုလ်လည်း ရတယ်။ တခြားသော အရပ် အဖွဲ့အစည်း တွေကရော၊ ဌာနဆိုင်ရာ တွေကရော ဝန်ကြီးဌာနတွေ ကရော၊ နိုင်ငံတော် အကြီးအကဲတွေ ကပါ သြော်ရုပ်ရှင် သမားတွေက စည်းလုံးကြ ပါလား။ နိုင်ငံအရေး၊ အမျိုးသားရေး မှာလည်း မျက်ကွယ် မပြုပါလား။ တက်တက်ကြွကြွနဲ့ တာဝန်သိသိ ကြိုးစား ကြပါလား ဆိုတဲ့ ကောင်းမြတ်တဲ့ အမြင်တွေ ကို ဖော်ဆောင်နိုင်တယ်။ ရုပ်ရှင်လောက ရဲ့ ကောင်းမြတ်တဲ့ အကျိုးကျေးဇူးတွေ ရလာဖို့ ရည်ရွယ်ပြီး လုပ်ခြင်းဖြစ်ပါတယ်။ မေတ္တာ စေတနာနဲ့ ရုပ်ရှင်လောက ကို ကောင်းအောင် တည်ဆောက်ကြ ရဦးမှာပါ။ အဲဒီလို တည်ဆောက်ရင်း နဲ့ပဲ ရုပ်ရှင် လောကမှာ မှီတင်း နေထိုင်တဲ့ ဒီနိုင်ငံ ဒီတိုင်းရင်းသား တွေရဲ့ကောင်း ရာ ကောင်းကျိုး ကိုလည်း တစ်ပါ တည်း လုပ်သွားကြရမှာပါ။

မေး- ဗီဒီယိုလောက အဖတ်ဆယ်ဖို့ အတွက် ခိုးကူးခွေနဲ့ပတ်သက်ပြီး နှိမ်နင်း တာနဲ့ ပတ်သက် ပြီး ပြောပြပေးပါဦး။
ဖြေ- ခိုးကူးခွေ ဆိုတာနှစ်မျိုး ရှိပါတယ်။ တစ် မျိုးကတော့ လမ်းဘေးမှာ ရောင်းချနေတဲ့ အခွေတွေပေါ့။ ဆင်ဆာမဲ့ အခွေတွေ၊ ညစ် ညမ်းခွေတွေ၊ ဒီအခွေတွေကို စီမံ ချက်နဲ့ ဖမ်းဆီးနေတာ ရှိကြပါတယ်။ တရားဝင် လိုင်စင်ရ ယူထားတဲ့ ငှားရမ်းဆိုင်တွေ၊ ဖြန့်ဖြူး ရောင်း ချရေးတွေ၊ အနည်းစုသော တချို့တချို့သော သူတွေကလည်း တရားဝင် ဝယ်ယူခြင်း မရှိဘဲနဲ့ ပွားခွေတွေ၊ ကူးခွေတွေလည်း ငှားရမ်းနေကြတာ ရှိပါတယ်။ ခုချိန်က စပြီး ကူးခွေတွေ၊ ပွားခွေတွေ အသုံး မပြုကြ ဖို့၊ တရားဝင် အခွေ များကိုသာ အသုံးပြုဖို့ လုပ်ထားပါတယ်။ လိုအပ်လာလို့ ရှိရင် မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံး ဗဟိုအခြေခံ အလွှာ ကနေ ကွင်းဆင်းပြီးတော့ ဖမ်းဆီး ဖို့တွေ ပြု လုပ်သွား မှာဖြစ်ပါတယ်။

မေး- မြို့နယ်တိုင်းမှာ အခွေငှားဆိုင်တွေ တော် တော်လေးများ လာတယ်။ထုတ်လုပ်သူတွေအတွက် ကောဘယ်လိုများနစ်နာမှုတွေရှိလာလဲ။
ဖြေ- အခွေငှားဆိုင် များလာတဲ့ အတွက် အခွေ ငှားဆိုင် များကလည်း တွက်ခြေ မကိုက်မှုတွေ ရှိလာပါတယ်။ အရင်တုန်းက တစ်မြို့ နယ်ထဲမှာ အခွေ ငှားဆိုင် ငါး ဆိုင်လောက် ပဲ ရှိတယ် ဆိုရင် မြို့နယ် အတွင်းမှာ ရှိတဲ့ ကြည့်ရှုတဲ့ ပရိသတ် ဒီငါးဆိုင်ထဲက ဒိုင်ခံငှားတယ်။ တဖြည်းဖြည်း ဆိုင်တွေ များလာတဲ့ အတွက် ဝင် ငွေ လျော့ကျသွားပါတယ်။ ဒါငှား ရမ်းကြည့် ရှုတဲ့သူတွေက မျှသွားတယ်။ အရင်တုန်းက ချမှတ်ထားတဲ့ စည်းကမ်း၊ စည်းမျဉ်းတွေ ရှိပါတယ်။ နောက်ပိုင်းမှာတော့ လိုင်စင်တွေ ကို ပေါပေါသီသီ ချပေးပြီး ငှားရမ်းဆိုင်တွေ များပြားလာတာ ရှိလာတယ်။ ရှိလာတဲ့ အခါကျ တော့ ငှားရမ်းဆိုင်တွေ များလာပြီးတော့ ငှားတဲ့ ပရိသတ်တွေက နည်းတယ်။ နည်းပင်နည်း သော်လည်း သူတို့ လှည့်ပတ်နိုင် ဖို့အတွက် အခွေကတော့ ဝယ်ရတယ်။ ထွက်လာတဲ့ မင်းသားတွေ၊ ဇာတ်ကားတွေကလည်း များတဲ့ အခါ ကျတော့ ဒီဆိုင်မှာ လူမင်းတင်၊ ဟို ဘက်ဆိုင် ကလည်း နေတိုး တင်ရင် မဖြစ်ဘူး။ ကိုယ့်ဆိုင်မှာ လူမင်းရော၊ နေတိုးရော တင်နိုင် မှဖြစ်မှာ။ ဖြစ်တဲ့အခါကျမှ သူတို့တွေ က တရားဝင်ခွေ ၁ခွေ ဝယ်ပြီး တရားမဝင်က တော့ ဟိုဘက်နဲ့ လဲလှယ်ကြမယ် ဆိုတဲ့နည်း စနစ် မျိုးတွေကို အသုံးချလာတဲ့ အထိဖြစ်လာပါတယ်။

မေး- ရုပ်ရှင် အစည်းအရုံးက အရင်တုန်း ကဆိုရင် ဝန်ကြီး ဌာနက ကျောထောက် နောက်ခံပေးထား တယ်ပေါ့။ အခုဆိုရင် ကိုယ့်ကံကြမ္မာ ကိုယ် ဖန်တီးခွင့် ရလာပြီ လို့ ပြောရင် ရမလား။
ဖြေ- ကျွန်တော် တို့က ကိုယ့်ကြမ္မာ ဖန်တီးခွင့် ကိုလည်း ရရှိပြီ ဆိုပေမယ့်လည်း သွားတဲ့ အတိုင်းခရီးပေါက်အောင် အများကြီး လိုသေးတယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ခွင့်ရတယ်ဆို ပြီးတော့မှ အဖွဲ့အစည်း တစ်ခုကို ဘာမှ ဖေးမခြင်း မပြုတော့ဘဲ ပစ်ထားလိုက်မယ် ဆိုရင် ဒီအဖွဲ့အစည်းက စည်ပင်ကြီးထား ဖွံ့ဖြိုးလာဖို့ မရှိပါဘူး။ ဒီလောက ကို အမြင်ကြည် ကြည်လင်လင် အမြော်အမြင် ရှိရှိ ကြည့်မြင်ပြီးတော့ ဝိုင်းဝန်း ပြီးတော့မှ ပြန်ပျိုးထောင် ပေးမှ သာလျင် ဒီလောကက ပိုပြီးတော့ လျင် လျင်မြန်မြန် တိုးတက်လာမှာပါ။

ထွဋ်မြတ်
popular myanmar

1 comments:
ဖတ်သွားတယ် အကိုရေ...အင်တာဗျူးလေး....:-)
Post a Comment