<div style='background-color: none transparent;'></div>

Home » » သူရဦးရွှေမန်း၏ သမီးအဖြစ် ဟန်ဆောင်သူ အမျိုးသမီးငယ် တစ်ဦးအားဖမ်းဆီးစစ်ဆေးနေ

သူရဦးရွှေမန်း၏ သမီးအဖြစ် ဟန်ဆောင်သူ အမျိုးသမီးငယ် တစ်ဦးအားဖမ်းဆီးစစ်ဆေးနေ


ကြံကြံဖန်ဖန် သတင်းတော့ မဟုတ်ပါ။ အခုအချိန်မှာ ထူးဆန်းတာတွေလည်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေ ပါတယ်။ အခု ပြည်သူ့လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်းရဲ့ သမီး အတု အကြောင်းပါ။

အခုတော့ သမီး အတုမှန်းသိလို့ ကမာရွတ်ရဲစခန်းက ဖမ်းဆီးစစ်ဆေးလိုက်နေတဲ့အကြောင်း ပြည်တွင်း Messenger News Journal ရဲ့ ဇူလိုင်လ ၁၁ ရက်နေ့ သတင်းတခုမှာ ပါလာပါတယ်။

ရန်ကုန် ဇူလိုင်လ ၁၁၊၂ဝ၁၂
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ သမီးဖြစ်သူ ဒေါက်တာရွှေမန်းကိုကိုအဖြစ် ဟန် ဆောင်ထားသူ အမျိုးသမီးငယ်တစ် ဦးအား ကမာရွတ်ရဲစခန်းက ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၃ ရက်နေ့ က သက်ဆိုင်ရာမှ ပူးပေါင်းရဲတပ်ဖွဲ့ ဝင်များနှင့် သက်သေများသည် ကမာရွတ်ရဲစခန်း(ပ)၂၆၁၊/၁၂၊ပုဒ်မ ၄၂ဝ/၁၁၄ ဖြင့် ဖွင့်လှစ်ထားသော အမှုနှင့်ပတ်သက်၍ မမြင့်သူဇာခိုင် (ခ) အငယ်လေး (ခ)ရွှေမန်းကိုကို (၂၄)နှစ်၊ တိုက်(ဂျီ) ၊အခန်း(၂)၊ ရွှေပုန်းညှက်ရိပ်မွန်အိမ်ရာ၊ (၄) ရပ်ကွက် ၊ ကမာရွတ်မြို့နယ်နေသူ၏ နေအိမ်အား ဝင်ရောက်ဖမ်းဆီးခဲ့ သည်။
အဆိုပါ နေအိမ်၊ အိပ်ခန်း ဗီရိုအတွင်းမှ မရွှေမန်းကိုကို အမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ် ၁၂/လမန(နိုင်)ဝ၈ဝဝ၆၈ ပါကတ် (၁)ခု နှင့် နေအိမ်ရှေ့တွင် ရပ်ထားသော ၄ဃ/၁၃၆၅ မစ်ဆူ ဘီရှီပါဂျဲရိုး အဖြူရောင်ယာဉ်တို့အား တွေ့ရှိခဲ့ပြီး ယာဉ်အတွင်းရှာဖွေရာတွင် မြင့်သူဇာခိုင်အမည်ပါ လိုင်စင်မဲ့ မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ်အတု (၁) စောင်ကို တွေ့ရှိခဲ့သည်။
အဆိုပါ မှတ်ပုံတင်မှာ အတုဖြစ်ပြီး မော်တော်ယာဉ်မှာလည်း လိုင်စင်မဲ့ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ပြီး ယင်းတို့သည် သူရဦးရွှေမန်း၏ သမီးဒေါက်တာရွှေမန်းကိုကိုအဖြစ် ဟန်ဆောင်ကာ လိမ်လည်မှုကျူးလွန်ရန် စေခိုင်းသူ ရဲအောင် (ခ) ရဲဇော် အောင်(၃၆)နှစ်၊ မ-၈၃၊ သရက် တောတောင်(၃)လမ်း၊ သရက်တော တောင်ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့ နယ်နေသူမှ ပေးထားခြင်းဖြစ်ကြောင်း သိရ သည်။
ထို့ကြောင့် မရွှေမန်းကိုကိုအား ကမာရွတ်ရဲစခန်းက (ပ)၂၇၃/၁၂ သွင်းကုန်ထုတ်ကုန်အက်ဥပဒေပုဒ်မ ၅(၁)/၅(၃)ဖြင့် လည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ပြုလုပ်ထားသဖြင့် (ပ) ၂၇၁/၁၂၊ ပုဒ်မ ၄၂ဝ/၄၆၈ဖြင့်လည်းကောင်း ဇူလိုင်လ ၆ ရက်နေ့တွင် အမူဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
 Messenger News Journal
Share this article :

1 comments:

3rdthameetaw said...

အိုး ...မိုင်ဂေါ့ထ်...ထူးထူးဆန်းဆန်းပါလားနော်..

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map