လူတစ်ဦးတစ်ယောက်ချင်းဆီမှာ ဘဝ တစ်ကွေ့ကြုံတွေ့ရသမျှထဲက တစ်သက် တာ မမေ့နိုင်စရာအဖြစ်အပျက်လေးတွေ ရှိစမြဲပါ။ တချို့က ရယ်မောပြုံးရွှင်ဖွယ် အဖြစ် အပျက်လေးများရှိခဲ့သလို တချို့တွေမှာလည်း အလွမ်းအမော လေးတွေ ပြည့်နှက်နေသည့် အဖြစ် အပျက်လေးများရှိနေခဲ့ကြမှာ အမှန်ပင်။ ထို့အပြင် စိတ်နှလုံး သား ထဲထိစိမ့်ဝင်ထိရှခဲ့သော ဒဏ်ရာဒဏ်ချက် များအဖြစ် ခါးသီးစက်ဆုပ်ဖွယ်အဖြစ်အပျက်လေးတွေ ကြုံတွေ့ခဲ့ရသူ များအဖို့မှာမူ အတိတ်က အရိပ် တစ္ဆေ ခြောက်လှန့်ခံ ရသလို ဖြစ်နေကြမည်ဖြစ်သည်။ ထိုအခြင်းအရာများ ကပင်လူတစ်ဦးတစ် ယောက် ကို အောင်မြင်မှုပန်းတိုင် ဆီ အရောက်လှမ်းချီနိုင် စေသလို ဘဝအနာတစ်ခု က လောက အမှောင် တွေကို တက်မထောက် တက် လှမ်းစေတတ်သေးသည်။ သို့အတွက်ကြောင့် အနု ပညာရှင်တို့၏ ဘဝ တစ်သက်တာ မမေ့နိုင်စရာ အဖြစ် အပျက်လေး များအကြောင်းကို စုစည်းတင်ဆက် လိုက်ပါသည်။
“ဘဝမှာ တကယ့် အမှတ်တရနေ့ကတော့ ပထမဆုံး အကယ်ဒမီရတဲ့ နေ့ပါပဲ . . .ရဲအောင်”
“ဘဝမှာ ဒီအသက်အရွယ်အထိ အမှတ်တရတွေကတော့ စိတ်ညစ်စရာ၊ ပျော်စရာ၊ ဝမ်းနည်းစရာတွေ အများကြီးမှ အများကြီးပဲ။ မှတ်မှတ်ရရ မျက်ရည်လည် ဝမ်းသာခဲ့ ရတဲ့ နေ့တစ်နေ့ရှိတယ်။ ခုထိ အဲဒီနေ့ကို ပြန်စဉ်းစားတိုင်း ပြန်မြင်ယောင်လာတယ်။ ဘဝမှာ တကယ့်အမှတ်တရနေ့ကတော့ ပထမဆုံး အကယ်ဒမီရတဲ့နေ့ပါပဲ။ ဘယ်လောက် ပျော်လဲဆိုတာ ပြောတောင်မပြောပြတတ် ဘူး။ ဘဝမှာအဲဒီနေ့က ပထမဆုံးအမှတ် တရနေ့၊မမေ့နိုင်ဆုံး အမှတ်တရနေ့ပါပဲ”
“လောလော ဆယ်မှာ ကျွန်တော် မမေ့နိုင်ဆုံး လက်ရှိ ဖြစ် ထားတဲ့ အရာ က တော့ ကျွန်တော့် အဖေရယ်၊ ကျွန်တော့် အမေရယ်၊ ကျွန် တော့်ညီမ တွေရယ် သွား တွေ့ တုန်းကအချိန် ကာလလေးပေါ့။ အမှတ်တရအဖြစ် ဆုံးကတော့ ပြင်သစ်ရဲ့ မြို့  တော်ဖြစ်တဲ့ ပဲရစ်မြို့ပဲ။ ကျွန်တော်တို့ အခုတော်တော်များများသိထားတာ ကတော့ ပဲရစ် ကတအားမိုက်တယ်။ ပဲရစ် က တအားလှတယ်။ ချစ်သူနဲ့သွားလို့ တအားကောင်းမယ့်နေရာမျိုး။ရုပ်ရှင်ဇာတ်ကား ထဲပါရင်လည်း ရိုမန်းတစ်ဖြစ်နေတဲ့ နေရာမျိုး၊ Candle Lightတွေက သူ တို့ထွင်ထားတာလေ။ ကျွန်တော်ကလည်း ပဲရစ်မြို့ကိုရောက်ဖို့ အများကြီးမျှော်လင့် ထားတယ်။ ပဲရစ်မြို့ကို ရထားနဲ့ ပထမဆုံး စရောက်တဲ့ အချိန်မှာ ရထားပေါ်ကဆင်း ဆင်းချင်းရတဲ့အနံ့က ရန်ကုန်မြို့ကဘူတာ ကြီးအတိုင်းပဲဖြစ်သွားပါတယ်။ ဘာနံ့ ဖြစ်မလဲဆိုတာ ပရိသတ်ကြီး ကိုယ့်ဘာသာ ကိုယ်စဉ်းစား ကြည့် လိုက်ပါတော့။ အခုဆို ရင်အဖေပြောတဲ့ပဲရစ်နံ့ကိုသတိရတယ်”
“ဘဝမှာ အမှတ်တရတွေပြောရရင် တော့ ကုန်မှာမဟုတ်ဘူး။ ရင်ထဲမှာ စွဲစွဲမြဲမြဲ လုံးဝအမှတ်ရတာကတော့ သရုပ်ဆောင် လောကပေါ် စရောက်တဲ့ နေ့ပါပဲ။ မှတ်မှတ်ရရ အဲဒီနေ့မနက်ပိုင်းမှာ ကန်တော့ပွဲပေးတယ်။ နေ့လယ်ရောက်မှ ထမင်းစားရတယ်။ စားပြီးတာနဲ့ ဇာတ် ကားရိုက်တယ်။ အဲဒီမှာ စတော့တာပဲ။ ကင်မရာမင်းန်တွေ၊ စက် အဖွဲ့တွေ ပြီးတော့ ဒါရိုက်တာ။ အဲဒီအထဲမှာ ပရိသတ်တွေ လည်းပါတယ်။ စောင့်ကြည့်တဲ့ မျက်လုံး တွေကအများကြီး။ အဲဒီဒဏ်ကို ကျော် ဖြတ် ဖို့ တော်တော်လေးကြိုး စားခဲ့ရတယ်။ ဇာတ်ကားစရိုက်တာနဲ့ စကားတစ်ခွန်း မှမပြောရဘူး။ ဘာအိုက်တင်မှလည်း မလုပ်ရဘူး။ ဟိုဘက်ပြေး၊ ဒီဘက်ပြေးပေါ့။ ဘာကြောင့် လုံးဝအမှတ်ရ တာ လဲဆိုတော့ သန်လျင်မှာရိုက်တာလေ။ အိုက်တင်မလုပ် ရ၊ စကားမပြောရဘဲ ဟိုပြေး၊ ဒီပြေး ပထမ ဆုံးရိုက်ကွင်းမို့ ခုထိမှတ်မိရတာပေါ့။ ဘဝ မှာလုံးဝမမေ့နိုင်တဲ့ အမှတ် တရတစ်ခုပါ”
“ဘဝမှာ မမေ့နိုင်ဆုံးဖြစ်ရပ်က ကျွန် တော်ဇာတ်သဘင် ၂နှစ်အပိတ်ခံရတာပါ။ ဒီလိုအပိတ်ခံရတာ စိတ်မကောင်းဘူး။ ကျွန်တော့်ဘက်ကအမှားတွေရှိတယ်လို့ ခံယူ ပါတယ်။ ကျွန်တော်တို့ ဇာတ်သဘင် မှာက ၂နှစ်နား သွားပြီဆိုရင် ပျောက်သွား တာ များတယ်။ ဒါပေမဲ့ ပရိသတ်တွေက ကျွန်တော်ဇာတ်သဘင် ပြန်ကတဲ့အချိန်မှာ မမေ့ ဘဲနဲ့ အရင်က အားပေးတာထက်ပိုပြီး ခြိမ့်ခြိမ့်သဲသဲအားပေးတဲ့အတွက် ဝမ်းသာမိ တယ်။ စိတ်မကောင်းစရာက ကျွန်တော့် အတွက် ပိုပြီးအောင်မြင်စရာဖြစ်လာတဲ့ အ တွက် ဒါကမမေ့နိုင်စရာပါပဲ။ ကျွန်တော် က ဇာတ်ကတာကို တအားဝါသနာပါတယ်။ ပိတ်လိုက်တော့ မကရဘူး၊ ပရိသတ် တွေနဲ့လည်း မတွေ့ရတော့ဘူးဆိုတော့ စိတ် မကောင်းဖြစ်ရတယ်။ ကျွန်တော် မွေးလာကတည်းက ခုချိန်အထိ မှတ် မှတ်ရရ ဖြစ်နေရတာက စိတ်မကောင်း အဖြစ်ဆုံးရော၊ သတိတရရှိနေတာရော ပါပဲ။ ကျန်တာ က အသေးအဖွဲလေးတွေရောအများကြီးရှိတယ်။ ကျွန်တော်အသက် ကြီးတဲ့အချိန်အထိ အမှတ်တရပြော ဖြစ်နေမှာက ဇာတ်သဘင်မှာ ၂နှစ် ပိတ်ခံ ရတာပါပဲ”
“ကျွန်တော့်ဘဝမှာ အမှတ် တရတွေကတော့ အများကြီးပဲရှိခဲ့ဖူးတယ်။ ဘဝမှာ အမှတ်တရအဖြစ်ဆုံးကတော့ ကျွန်တော် ၁ဝ တန်းအောင်စာရင်း ထွက် တဲ့ညကိုတော့ အမှတ်တရဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ရင်တွေတအားခုန်ပြီး တော့ အိပ်လို့လည်းမရဘူး။ စားလို့လည်း မရဘူး။ နောက်ပြီးတော့ ဘယ်သူနဲ့မှလည်း စကားပြော လို့မရဘူး။ အနုပညာလော ကထဲကို ရောက်တော့ ကျွန်တော့်ရဲ့ ‘မီးအိမ်ရှင်’ အခွေကို စိန်ဂေဟာမှာ ပရို မိုးရှင်းလုပ်တုန်းကလည်း ကျွန်တော် မထင်မှတ်ထားဘဲနဲ့ ပရိသတ် အများကြီး လာပြီးအားပေးတာကို တွေ့လိုက်ရတော့ တအားပဲပျော်ပြီး ဝမ်းသာခဲ့ရတာလည်း အမှတ်တရ ဖြစ်ခဲ့ရတယ်”
မူကြိုလား၊ သူငယ်တန်းလားတော့ မ မှတ်မိတော့ဘူး။ ကျွန်မတို့ပညာရေး တက္ကသိုလ်လေ့ကျင့်ရေးကျောင်းမှာ တန်ဆောင် တိုင်ပျော်ပွဲရွှင်ပွဲတွေဖြစ်ဖြစ်၊ သီတင်းကျွတ် ပွဲတွေဖြစ်ဖြစ်၊ဖျော်ဖြေပွဲတွေလုပ်တဲ့ အခါ ကျရင် ကျွန်မကို အဆိုတော် နွဲ့ယဉ်ဝင်းရဲ့သမီးဆိုတာကို တစ်ကျောင်းလုံးက သိနေတော့ အမြဲတမ်းထည့်ပြီးသားပဲ။ အဲဒီတုန်း က ကျွန်မ က ရမှာကနှစ်ခုပေါ့။ တစ်ခုက ဒစ္စကိုသီချင်းနဲ့ နောက်တစ်ခုက မြန်မာဆန်ဆန်သီချင်း လေးပေါ့။နှစ်ခုစလုံးကို ကျွန်မက တိုက်လည်း တိုက်ပြီးသွားပြီ၊အားလုံး အဆင်သင့်ဖြစ်နေပြီ။ပွဲနေ့ရောက်တော့ ပထမသီချင်းကို ကျွန်မ တို့က စုံတွဲလေးတွေနဲ့တက်ရတယ်။ မှတ်မိ သေးတယ်။ လိမ္မော်ရောင်ဝမ်းဆက်နဲ့ပေါ့။ ဆံပင်ကလည်း ပန်းတွေ ထိုးပြီးပေါ့။ အတွဲ တွေဘာတွေနဲ့ တက်ကပြီးတော့ ပြန်ဆင်း၊ ပြန်ဆင်းဆိုပြီးတော့ ကိုယ်တွေဆင်းလာတယ်။ အားလုံးနောက် တစ်ပုဒ်အတွက်အဆင်သင့် လုပ်၊ အင်္ကျီတွေလဲဆိုတဲ့အချိန်မှာ ကျွန်မရဲ့ အင်္ကျီကို ရှာလို့မတွေ့ဘူး။ အိမ်မှာပဲ ကျန်ခဲ့ တာလား၊ ဒါမှမဟုတ် ကိုယ်ကစင်ပေါ် သွားကနေတုန်း ပျောက်သွားတာလားဆိုပြီး ကျွန်မက ကိုယ့်အင်္ကျီ ကိုယ်ရှာပြီး ချွေးတွေ ဘာတွေတောင် ထွက်တယ်။ငါ မကရတော့ပါဘူးဆိုတဲ့အသိဝင်လာတဲ့အခါမှာ ဝမ်းနည်း လာတာပေါ့။ အဲဒီသီချင်းလေး လည်း ခေါ် ရော သူငယ်ချင်းတွေက ကိုယ့်ရှေ့မှာစင်ပေါ် တက်သွားကြတော့ ကိုယ်က စင်အောက်မှာ ငိုင်ငိုင်လေးကျန်ခဲ့တာပေါ့။ အဲဒီတုန်းကဖြစ်ခဲ့ တဲ့ ခံစား ချက်က အခုအချိန်ထိ ရှိနေတုန်းပဲ။ ကိုယ်လည်းတအား ကချင်တယ်။ ကိုယ်လည်း တအားရတဲ့သီချင်းလေးလေ။ အခုအချိန် အထိ ဒီအင်္ကျီလေးကို ငါဘယ်မှာထားခဲ့တာ လဲဆို တာ ပြန်စဉ်းစားနေတုန်းပဲ။ ဘယ်လိုမှ စဉ်းစားလို့မရဘူး။ အဲဒါကတော့ ကျွန်မ အတွက် မမေ့နိုင်တဲ့အဖြစ်အပျက်လေးပါပဲ။
” ညီမ တို့ငါးတန်းနှစ်က အခန်းထဲမှာ စာသင်ရင်းနဲ့ ထူးချွန်ဖြေဖို့အကြောင်း ဆရာမ ကပြောတယ်။အဲဒီလိုပြောတော့ ညီမနဲ့ ညီမ သူငယ်ချင်းက ဝင်ပြိုင်ကြမလားဆိုပြီး တစ်ယောက်နဲ့တစ်ယောက်မျက်စပစ်ပြီး ရယ်လိုက် တာ။အဲဒါကိုဆရာမကတွေ့သွားပြီးတော့ ခုံ ပေါ်မှာမတ်တတ်ရပ်ခိုင်းတာ။အဲဒီတုန်းက ညီမတို့ကကျောင်းမှာ စာတော်တော့ အဲဒီလို မတ်တတ်ရပ်ရတာကိုတော် တော်ရှက်တယ်။ခု ချိန်ထိစဉ်းစားမိပြီးတော့ ရှက်နေတုန်းပဲ။ အနုပညာလောကထဲဝင်တဲ့ အခါမှာတော့ အင်တာနေ ရှင်နယ်ဟိုတယ်မှာလုပ်တဲ့ ရှိုးပွဲမှာ ညီမခုန်လိုက်တာစင်ပေါ်မှာ ဖိနပ်ကျွတ် ကျသွားတယ်။အဲဒါနဲ့ရုပ်တည်နဲ့ ပရိသတ်ကို ရယ်ပြပြီးဖိနပ်ကိုကောက်စီး ပြီး ပြန်ဆိုလိုက် တာ၊အဲဒါလည်းအမှတ်တရပဲ”
ပေါ်ပြူလာအဖွဲ့


0 comments:
Post a Comment