<div style='background-color: none transparent;'></div>

Home » » ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လူတွေ့စစ်ဆေးခဲ့တဲ့ဗိုလ်ချုပ်ရုပ်ရှင်ကားအတွက် ဆန်ကာတင် သရုပ်ဆောင်ရွေးချယ်မှု

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လူတွေ့စစ်ဆေးခဲ့တဲ့ဗိုလ်ချုပ်ရုပ်ရှင်ကားအတွက် ဆန်ကာတင် သရုပ်ဆောင်ရွေးချယ်မှု

ဗိုလ်ချုပ်အောင်ဆန်း အထုပ္ပတ္တိရုပ်ရှင်ဇာတ်ကား၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့နေရာတွင် သရုပ်ဆောင်ရန်အတွက် ဆန်ကာတင်ရွေးချယ်ထားသော သရုပ်ဆောင်(၁၁)ဦးကို ဇူလိုင်လ ၂၀ ရက် နံနက်(၁၀)နာရီက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လူတွေ့စစ်ဆေးခဲ့ပြီး အဆိုပါ(၁၁)ဦး၏ သရုပ်ဆောင်ကွက်များကို အကဲဖြတ်ကြည့်ရှုခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနေရာ၌ သရုပ်ဆောင်ရန် အမျိုးသားခုနစ်ဦးသည် ဗိုလ်ချုပ်မိန့်ခွန်းပြောသည့် ဇာတ်ဝင်ခန်းကို သရုပ်ဆောင်ပြခဲ့ပြီး ဒေါ်ခင်ကြည်နေရာတွင် သရုပ်ဆောင်မည့် အမျိုးသမီးသရုပ်ဆောင်(၄)ဦးမှာ ဗိုလ်ချုပ်အိမ်သို့ လာရောက်လည်ပတ်သည့် ဇာတ်ဝင်ခန်းတို့ကို သရုပ်ဆောင်ပြခဲ့ကြကာ ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ(၁၁)ဦးထဲမှ အပြီးသတ်(၂)ဦးစီကို ပြန်လည်ရွေးချယ်သွားမည်ဖြစ်သည်။

ရွေးချယ်ခံရသူ(၄)ဦးကို ဇူလိုင်လမကုန်မီ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ ထုတ်ပြန်သွားမည်ဖြစ်ပြီး အရွေးမခံရသူများကိုလည်း သင့်တော်သည့်ဇာတ်ရုပ်များတွင် ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ကိုဇော်သက်ထွေးက ပြောသည်။
ဓာတ်ပုံ-ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီ
ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်ခင်ကြည်တို့နေရာတွင် သရုပ်ဆောင်ရန်အတွက် ဆန်ကာတင်ရွေးချယ်ထားသော သရုပ်ဆောင်၁၁ဦး။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map