<div style='background-color: none transparent;'></div>

Home » » မူလတန်းနှင့် အလယ်တန်းကျောင်းအုပ်များ၏ လစာတိုးမြှင့်သတ်မှတ်

မူလတန်းနှင့် အလယ်တန်းကျောင်းအုပ်များ၏ လစာတိုးမြှင့်သတ်မှတ်


အခြေခံပညာအဆင့်၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်များ၏ လစာနှုန်းထားများကို တိုး မြှင့်သတ်မှတ်လိုက်ကြောင်း အခြေခံပညာဦးစီးဌာနများမှ သိရသည်။

အလယ်တန်းကျောင်းအုပ်များ၏ လက်ရှိလစာ ကျပ် ၅၉၀၀၀-၁၀၀၀-၆၄၀၀၀ မှ ကျပ် ၁၀၀ ၀၀၀- ၂၀၀၀-၁၁၀၀၀၀ သို့ တိုးမြှင့်ပေးသွားမည်ဖြစ်ပြီး မူလတန်းကျောင်းအုပ်များ၏ လက်ရှိလစာကျပ် ၅၃၀၀၀-၁၀၀၀-၅၈၀၀၀ မှ ကျပ် ၅၉၀၀၀-၁၀၀၀-၆၄၀၀၀ သို့တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။


“ဒါအင်မတန်ကောင်းတဲ့ ပြောင်းလဲမှုပါ။ ပညာရေးဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်တွေ မြင့် တက်လာနိုင်ပါတယ်။ အရင်တုန်းက အခြေခံပညာမှ အရာရှိနဲ့အမှုထမ်းက ၁/၁၉၂ အချိုးရှိခဲ့တယ်။ အခုဆိုရင် တော့ ၁/၅၂ အချိုးခွင့်ပြုလိုက်ပါပြီ။ အလယ်တန်းကျောင်းအုပ်တွေ ပြန်တမ်းဝင်အရာရှိတွေ ဖြစ်သွားကြတာ ပေါ့”ဟု ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကဆိုသည်။

၂၀၁၁-၂၀၁၂ ပညာသင်နှစ် အခြေခံပညာဦးစီးဌာနများနှင့် ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနတို့တွင် ဖွဲ့စည်းပုံအရ အရာထမ်း ၂၇၆၂ ဦး၊ အမှုထမ်း ၃၅၆၀၄၀ ဦး၊ စုစုပေါင်း ၃၅၈၈၀၂ ဦးအနက် စီမံ ခန့်ခွဲရေး ၄၀၇၁၅ ဦး၊ သင်ကြားရေး ၂၈၃၄၀၆ ဦး၊ ပညာရေးကောလိပ် သင်ကြားရေးအင်အား ၁၃၇၁ ဦး၊ စီမံခန့် ခွဲရေးအင်အား ၆၇၄ ဦး၊ စုစုပေါင်း ၀န်ထမ်းအင်အား ၃၂၆၁၆၆ ဦးခန့်ထားနိုင်ခဲ့ကြောင်း အခြေခံပညာကဏ္ဍ နှစ် ရှည်စီမံကိန်း အကောင်အထည်ဖော်မှု အစီရင်ခံစာအရ သိရသည်။

အခြေခံပညာရေး လုပ်ငန်းများကို ထိရောက်ပီပြင်စွာ စီမံခန့်ခွဲနိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊မြို့နယ်၊ မြို့နယ်ခွဲအဆင့် ပညာရေးမှူးရုံးများ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

Source: The article first appeared on 7 DAY NEWS Journal - အတွဲ ၁၁၊ အမှတ် ၁၉
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map