<div style='background-color: none transparent;'></div>

Home » » မလေးရှားရှိ မြန်မာအလုပ်သမားများကို နေ့ချင်းပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေး

မလေးရှားရှိ မြန်မာအလုပ်သမားများကို နေ့ချင်းပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေး


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် နေ့စဉ်နိုင်ငံကူးလက်မှတ် လာရောက် လျှောက်ထားသူ မြန်မာလုပ်သာများ ပျမ်းမျှ ၃၀၀ ခန့်ရှိပြီး နေ့ချင်းပြီးထုတ်ပေးနိုင်ရန် ရှိသည့် ၀န်ထမ်းအင်အား နှင့် ကြိုးစားဆောင်ရွက်နေကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်က ပြောကြား သည်။
မလေးရှားနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်ရေးစီမံချက်အရ မြန်မာနိုင်ငံသားဖြစ် ကြောင်းကို နိုင်ငံသားစိစစ်ရေးကတ်ကဲ့သို့ အထောက်အထားမျိုး ပြသနိုင်သူများကို စိစစ်၍ ရန်ကုန်တွင် ထုတ် ပေးသော နိုင်ငံကူးလက်မှတ်ကဲ့သို့ နိုင်ငံကူးလက်မှတ် MRP နေ့ချင်းပြီးထုတ်ပေးနေကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။


ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံသည် နယ်နိမ်တ်ချင်း ထိစပ်တည်ရှိသဖြင့် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ ပြောင်းလုပ်သားများကို ယာယီနိုင်ငံကူးလက်မှတ်ကိုသာ ထုတ်ပေးခြင်းဖြစ်ကြောင်း၊ မလေးရှားနိုင်ငံတွင် လေယာဉ်ဖြင့် ၀င်ရောက်လာသူများပြီး အများစုမှာ နိုင်ငံကးလက်မှတ်သက်တမ်း ကုန်ဆုံးသွားကာ သက်တမ်း လွန်နေထိုင်သူများဖြစ်ကြောင်း၊ မလေးရှားနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများတွင် အင်ဒိုနီးရှားနိုင်ငံသား တစ်သန်း ကျော်ရှိပြီး အများဆုံးဖြစ်ကြောင်း၊ ဒုတိယအများဆုံးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်ပြီး ငါးသိန်းကျော်ရှိ ကြောင်း၊ တတိယအများဆုံးမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး တရားဝင်နေထိုင်သူ ၁၄၄ ၄၈၅ ဦးနှင့် တရားမ၀င် နေထိုင်သူ ၁၁၃ ၄၈၅ ဦးဖြစ်ကြောင်း ကောင်စစ်ဝန်ဦးကျော်ဇေယျက ရှင်းပြသည်။

မလေးရှားတွင် တစ်ရက်လျှင် စားစရိတ် ကျပ်ငါးထောင်ခန့် ကုန်ကျပြီးတစ်လလျှင် ကျပ်ငါး သိန်းခန့်ဝင်ငွေရှိကြောင်း၊ သံရုံးတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးနေသဖြင့် ရန်ကုန်သို့ပြန်ရန် မလိုတော့ဘဲ ပိုမို လွယ်ကူမြန်ဆန်ကြောင်း ကွာလာလမ်ပူမြို့ တရုတ်တန်းတွင် ပိုက်ဆံအိတ်၊ ခါးပတ်၊ သားရေထည်များ ရောင်း ချသူ အသက် ၂၅ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးက ပြောကြားသည်။

  The Voice Weekly Journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map