Pages

မန္တလေးမြို့ရှိ ဗုဒ္ဓဘာသာမိဘမဲ့ကလေးများကျောင်းသို့ ယနေ့(ဇူလိုင်၅ရက်) ညနေတွင် ရောက်ရှိလာသော ဂျက်ကီချန်း (သတင်း။ဓာတ်ပုံ)

 
မန္တလေးမြို့သို့ယနေ့(ဇူလိုင်၅ရက်) ညနေပိုင်းတွင် ရောက်ရှိလာသော ကမ္ဘာကျော်အက်ရှင်မင်းသား ဂျက်ကီချန်းသည် မူလစီစဉ်ထားသော နေရာများသို့သွားရန် ပရိသတ် များပြားလွန်းသဖြင့် သွားရောက်ရန် အခက်တွေ့နေကြောင်း သတင်းရရှိသည်။
 ယင်းကို ကြည့်ရှု့လိုသော ဒေသခံပရိသတ်များမှာ သွားသည့်နေ ရာတိုင်းတွင် အထူးများပြားနေသည့်အတွက် ယနေ့ညနေပိုင်းတွင်သွားရောက်ရန်စီစဉ် ထားသော မန္တလေးတောင်သို့တက်ရန်နှင့်မြို့ဝန်းကျင်ရှု့ခင်းများ လှည့်လည်ကြည့်ရှု့ရန်အခက်တွေ့နေကြောင်း သတင်းရရှိသည်။ ဂျက်ကီချန်းသည် မန္တလေးမြို့ မှ ရန်ကုန်မြို့သို့ ဇူလိုင် ၇ရက်တွင် ကိုယ်ပိုင်လေယာဉ်ဖြင့်လာရောက်မည်ဖြစ်သည်။
7days journal

1 comment:

  1. လူချစ်လူခင်ပေါပြီး စိတ်ရင်းကောင်းတဲ့မင်းသားဖြစ်လို့ပါနော်

    ReplyDelete