Popular News Journal, 14June 2012 —- ဂျပန်သို့ အလည်သွားရင်း ကားဝယ်ယူနိုင်မည့် ခရီးစဉ်ကို မကြာမီ စတင်တော့မည်ဟု ပတ္တမြားမြေ ခရီးသွား လုပ်ငန်းမှ သိရသည်။
”ဒီခရီးစဉ်ကို စီစဉ်ဖြစ်တာက ခရီးသွားရင်းနဲ့ ကားအကြောင်းကို ကိုယ်တိုင်လည်း လေ့လာနိုင်ပြီး ဝယ်လို့ရအောင် စီစဉ်ပေးတာပါ” ဟု ပတ္တမြားမြေ ပြောခွင့်ရ ဦးအေးကျော်က ပြောသည်။
ဂျပန်နိုင်ငံရှိ ကားအရောင်း စင်တာများတွင် ကန်ဒေါ်လာ တစ် ထောင်မှစ၍ မိမိကြိုက်နှစ်သက်ရာ ကားများအား သင်္ဘောတင်ပို့ခ ကန် ဒေါ်လာ တစ်ထောင်ဖြင့် ရန်ကုန် ဆိပ်ကမ်းအရောက် ဝယ်ယူတင် သွင်းခွင့်ရရှိရန် စီစဉ်ထားကြောင်း ယင်းခရီးသွားလုပ်ငန်းမှ သိရသည်။
ဇူလိုင် ၁၇ မှ ၂၄ ရက်အထိ ဂျပန်နိုင်ငံသို့ ၈ ရက် ခရီးစဉ် လည် ပတ်ရာတွင် တိုကျို၊ နာဂိုရာ၊ ကိုဘေး၊ နာရာ၊ ကျိုတိုနှင့် အိုဆာ ကာမြို့များရှိ ကား အရောင်းစင်တာ များတွင် ဝင်ရောက်လေ့လာနိုင်မည် ဖြစ်ပြီး ခရီးစဉ် အတွက် အမေရိကန် ဒေါ်လာသုံးထောင်၊ ဗီဇာကြေးနှင့် ဝန်ဆောင်ခ ကို သီးသန့်ပေးဆောင်ရမည် ဖြစ်သည်။
မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်(MFTB) နှင့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့တွင် နိုင်ငံခြားငွေ ဘဏ်စာရင်း ဖွင့်လှစ် ထားသော နိုင်ငံသားများအား ၂ဝဝ၇ ခုနှစ် အထက် မော်တော်ယာဉ် (ခရီးသည်တင် ဘတ်စ်ကားများမှ အပ) တင်သွင်းခွင့် ပြုခဲ့ပြီးဖြစ်သည်။
ခိုင်နွယ်ဦး၊ ထွန်းထွန်းအောင်
Updates +++
4 years ago

1 comments:
အငိး..သွားတာပေါ့.
Post a Comment