<div style='background-color: none transparent;'></div>

Home » » ဟံသာဝတီလေဆိပ်အား ပထမအဆင့်အနေဖြင့် ခရီးသည် ၁၀ သန်း အသုံးပြုနိုင်မည့် ဒီဇိုင်းပုံစံအား အကောင်အထည်ဖော်သွားမည်

ဟံသာဝတီလေဆိပ်အား ပထမအဆင့်အနေဖြင့် ခရီးသည် ၁၀ သန်း အသုံးပြုနိုင်မည့် ဒီဇိုင်းပုံစံအား အကောင်အထည်ဖော်သွားမည်

w737
ဟံသာဝတီလေဆိပ် ပုံစံငယ်အား တွေ့ရစဉ်

ဟံသာဝတီလေဆိပ်အား ပထမအဆင့်အနေဖြင့် ခရီးသည် ၁၀သန်း အသုံးပြုနိုင်မည့် ဒီဇိုင်းပုံစံအား အကောင်အထည် ဖော်သွားမည်ဟု သိရသည်။ ထို့ပြင် ခရီးသည် ၀င်ရောက်မှုပေါ် မူတည်၍ ပြေးလမ်းနှင့် လေဆိပ်အဆောက်အုံများ ထပ်မံတိုးချဲ့ တည်ဆောက်သွားမည်ဟု သတင်းရရှိပါသည်။
လက်ရှိအချိန်၌ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခရီးသည် ၀င်ရောက်မှုနှုန်း ပုံမှန်တိုးတက်လျက်ရှိရာ လက်ရှိနှုန်းအတိုင်း ဆက်လက်တိုးတက်မည်ဆိုပါက ၂၀၁၂ ခုနှစ် အကုန်တွင် ခရီးသည် လက်ခံနိုင်သည့် ပမာဏအား ကျော် လွန်သွားမည်ဖြစ်သည်ဟု သိရ သည်။ ရန်ကုန်လေဆိပ်သည် လာ မည့်သုံးနှစ်အကြာတွင် ခရီး သည် ၀င်ထွက်မှုမှာ ၈သန်းအထိတိုး တက်လာချိန်တွင် ဟံသာဝတီလေ ဆိပ်အား စတင်အသုံးပြုနိုင်ရန် တည်ဆောက်သွားမည်ဖြစ်သည်။
ထို့ကြောင့် ဟံသာဝတီ လေဆိပ်အား ဒီဇိုင်းရေးဆွဲရာတွင် ပထမအဆင့် ခရီးသည် ၁၀သန်းအတွက် ပြေးလမ်းတစ်ခုနှင့် လေဆိပ်အဆောက်အအုံကို ပထမတစ်ခြမ်းတွင် ဆောက်လုပ်ရန် ရေးဆွဲခဲ့သည်။ ခရီးသည် ၀င်ထွက်သွားလာမှု ၁၅သန်းအထိ တိုးတက်များပြားလာခဲ့လျှင် ဒုတိယအဆင့်အနေဖြင့် ပြေးလမ်းတစ်ခုနှင့် လေဆိပ်အဆောက်အအုံကို နောက်ထပ်တစ်ခြမ်းတွင် ထပ်မံ ဆောက်လုပ်သွားမည် ဖြစ်သည်။ ထို့အပြင် နောက်ထပ် ၁၀နှစ် ကြာမြင့်ချိန်တွင် ခရီးသည်အနေအထားမှာ ၂၅သန်းအထိ တိုးတက်များပြား လာခဲ့ပါက ပြေးလမ်းနှင့် လေဆိပ်အဆောက်အအုံများ ထပ်မံတိုးချဲ့ ဆောက်လုပ်သွားရန် ဒီဇိုင်းများ ရေးဆွဲထားသည်ဟု သိရသည်။
"ဟံသာဝတီ လေဆိပ်စီမံကိန်းဟာ ရန်ကုန်-မန္တလေးလမ်းနဲ့ လည်းကောင်း၊ မြို့ရှောင် အမြန်လမ်းမကြီးနဲ့ လည်းကောင်း ဆက်စပ်နေတဲ့အတွက် ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကို လေကြောင်း ပို့ဆောင်ရေး လုပ်ငန်းမှ ထိရောက်သော အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်" ဟု ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦး ဥာဏ်ထွန်းအောင်က ဇွန်လ ၉ ရက်နေ့က ဟံသာဝတီ လေဆိပ်စီမံကိန်း အကောင်အထည် ဖော်မည့်နေရာသို့ ရောက်ရှိချိန်တွင် ပြောကြားခဲ့သည်။
ဟံသာဝတီ လေယာဉ်ကွင်းသည် ရန်ကုန်မြို့မှ မိုင် ၅၀ ကွာဝေးပြီး၊ ပဲခူးမြို့၏ အနောက်ဘက် ၂မိုင် အကွာတွင် တည်ရှိသည်။ အဆိုပါ ဟံသာဝတီ လေဆိပ် တည်ဆောက်မည့် နေရာသည် ဒုတိယကမ္ဘာစစ် အတွင်းက ဂျပန်စစ်လေယာဉ်များ ပျံသန်းဆင်းသက် အသုံးပြုရန် တည်ဆောက်ခဲ့သည့် လေယာဉ်ကွင်းဟောင်း နေရာတစ်ခုဖြစ်ပြီး မလေးရှားနိုင်ငံ အခြေစိုက်ကုမ္ပဏီ တစ်ခုမှ မြေမျက်နှာပြင်အား လုပ်ငန်းလုပ်ကိုင်နိုင်မှု အခြေအနေရှိမရှိ လေ့လာဆန်းစစ်မှု ပြုလုပ်ပြီး ရွေးချယ်အတည်ပြု ပေးခဲ့သည့် နေရာ တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
ယင်းနေရာတွင် ကိုရီးယားနိုင်ငံ Archon & Interregional Investment Limited မှ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းနှင့် လေဆိပ်တည်ဆောက်ရေး အတွက် ၁၉၉၄ ခုနှစ် မတ်လ ၂၁ရက်နေ့က လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပန္နက်တင် အခမ်းအနား ပြုလုပ်ခဲ့ပြီး၊ အကြောင်းအမျိုးမျိုးကြောင့် တည်ဆောက်ရေး လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ရကြောင်း သိရသည်။
Myanmar Express
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map