စက်မှုဇုန် ကားကုမ္ပဏီများ က ပြည်တွင်းထုတ် စက်မှုဇုန်ကား ထုတ်လုပ်မည်ဟုဆိုကာ ပြည်ပ နိုင်ငံများမှSuper Customကား များကို အကောက်ခွန်ဦးစီးဌာနမှ အရာရှိများနှင့် ပူးပေါင်း၍ တရား မ၀င်လိုင်စင်မဲ့ တင်သွင်းခဲ့ကြ ကြောင်း၊ ယင်းတင်သွင်းမှုများနှင့် ပတ်သက်ပြီး အစိုးရက စုံစမ်းစစ် ဆေးရေး ကော်မရှင်ဖွဲ့ကာ စစ် ဆေးခဲ့ပြီး တစ်နှစ်ခန့်အကြာတွင် ယင်းသို့ အကောက်ခွန် ဦးစီးဌာန မှ ၀န်ထမ်းများကို အလုပ်မှ ထုတ် ပယ်လိုက်ခြင်းဖြစ်ကြောင်း ရန်ကုန် အကောက်ခွန်ဦးစီးဌာန (ရုံးချုပ်မှ) တာဝန်ရှိသူများက ပြောသည်။
လာဘ်ပေးလာဘ်ယူမှုကြောင့် ညွှန်ကြားရေးမှူးရာထူးအဆင့်ရှိ သည့်ဦးထင်ပေါ်နှင့်ဦးမျိုးမြင့်သိန်း တို့ နှစ်ဦးပါဝင်ကာလက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ရဲထွဋ်၊ အကောက်ခွန်ဦးစီးမှူးများ၊ ဒုတိယ အကောက်ခွန်ဦးစီးမှူးများ အပါ အ၀င် စုစုပေါင်း ၂၄ ဦးထက် မနည်းသောအကောက်ခွန်ဝန်ထမ်း များအား ဇွန်လ ၁၃ ရက်နေ့က နိုင်ငံတော်သမ္မတရုံးအမိန့်ဖြင့် အလုပ်မှချက်ချင်းထုတ်ပယ်လိုက် ခြင်းဖြစ်သည်။
““၂၀၀၆ ခုနှစ်တုန်းက အကောက်ခွန်ဦးစီးဌာနက ညွှန် ချုပ်အပါအ၀င် အကောက်ခွန်ဝန် ထမ်း ၆၀၀ လောက် ဖမ်းဆီး အရေးယူခံရပြီးတဲ့နောက်ပိုင်း အခု ဖြစ်ရပ်က ဒုတိယအကြီးဆုံး အရေးယူခံရတဲ့ဖြစ်ရပ်ပါပဲ””ဟု ရန်ကုန်အကောက်ခွန်ဦးစီးဌာန (ရုံးချုပ်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အကောက်ခွန် ရှင်းလင်းရေး ကိုယ်စားလှယ်အသိုင်းအ၀န်းကမူ အကောက်ခွန်ဦးစီးဌာနမှ ထုတ် ပယ်ခံရသော ၀န်ထမ်းများသည် သိန်းထောင်သောင်းချီ၍ လာဘ် ပေးလာဘ်ယူမှုများကို ကျူးလွန်ခဲ့ ကြကြောင်း၊ ယင်းအမှုတွင် လုပ်ငန်းရှင်များ၊ အကောက်ခွန် ရှင်းလင်းရေးလုပ်ဆောင်သည့် အေးဂျင့်အများအပြား ပါဝင်ပတ် သက်နေကြောင်း၊ အစိုးရအနေဖြင့် သန့်ရှင်းသော အစိုးရ ယန္တရား ဖြစ်ရေးအတွက် အားလုံးကို တရား ဥပဒေအရ အရေးယူမှု ပြုလုပ်ရ မည်ဖြစ်ပြီး အကောက်ခွန် ဦးစီး ဌာနမှ ၀န်ထမ်းများကို အလုပ်မှ ထုတ်ပယ်ရုံဖြင့် လာဘ်ပေးလာဘ် ယူမှုများ ရပ်တံ့သွားလိမ့်မည် မဟုတ်ကြောင်း သုံးသပ်သည်။
““လာဘ်ပေးလာဘ်ယူ လုပ် တဲ့သူတွေကို အလုပ်ထုတ်ပစ်ရုံနဲ့ တော့ မဖြစ်ဘူး။ သူတို့လုပ်ခဲ့တဲ့ တိုင်းပြည်ဘဏ္ဍာအလွဲသုံးစားမှု တွေအတွက် တရားရုံးတင်ရမယ်။ ဘယ်လောက်ပမာဏ တိုင်းပြည် ဘဏ္ဍာကို အလွဲသုံးစားလုပ်ခဲ့သလဲ ဆိုတာ စစ်ဆေးဖော်ထုတ်ရမယ်။ နောက်လူတွေမလုပ်ရဲအောင် ထောင်ချရမယ်။ နောက်ပြီးတော့ လာဘ်ပေးလာဘ်ယူ လုပ်တယ် ဆိုတာ ပေးတဲ့လူရှိသလို၊ ယူတဲ့ လူလည်း ရှိတယ်။ အဲဒီတော့ ဒါကို တိုက်ဖျက်ဖို့ဆိုရင် ပေးတဲ့ သူကော၊ ယူတဲ့သူကော နှစ်ဦး စလုံးကို အရေးယူရမယ်။ လာဘ် ပေးတဲ့လုပ်ငန်းရှင်တွေ၊ အကောက် ခွန်အေးဂျင့်တွေအများကြီး အပြင်မှာ လွတ်နေတယ်””ဟု ရန်ကုန်အခြေ စိုက် အကောက်ခွန်အေးဂျင့်တစ် ဦးက ဆိုသည်။
လာဘ်ပေးလာဘ်ယူများစွာ ပြုလုပ်သည်ဟု သတင်းထွက်နေ သော အကောက်ခွန် ညွှန်ကြား ရေးမှူးဦးသိန်းဆွေမှာ အလုပ်ထုတ် အရေးယူခံရမှုများတွင် မပါဝင် သော်လည်း အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာန၏ ခေါ်ယူစစ်ဆေး မှုများ ခံနေရကြောင်း သိရသည်။
အကောက်ခွန်ဦးစီးဌာနမှ ၀န်ထမ်းတချို့ကမူ ယခုဖြစ်ပေါ် လာသော လာဘ်ပေးလာဘ်ယူမှု များသည် မီဒီယာများတွင် သတင်းများ ဆက်တိုက်ဖော်ပြခဲ့ ခြင်း၏ နောက်ဆက်တွဲဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနတွင် မီဒီ ယာများ၏ မေးမြန်းမှုများကို တာဝန်ရှိသူမှအပ မည်သူမျှ ဖြေ ကြားပြောဆိုခြင်း မပြုရန် ညွှန် ကြားထားကြောင်းလည်း သတင်း ရရှိသည်။
refer by:
hotnewsweekly

0 comments:
Post a Comment